What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 27 September 2020 21:27

ယခုနေ့ ၂၇ စက်တင်ဘာလ ၂၀၂၀ မန္တလေး ကိုဗစ် အခြေအနေ

COVID 19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် ၂၅-၉-၂၀၂၀ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီး (၄) ခုအတွင်းရှိ မြို့နယ် အချို့ကို Stay at Home (မိမိအိမ်တွင် နေထိုင်ရန်) ကြေညာခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှ မြို့နယ် (၃) မြို့နယ် Stay at Home တွင် အကျုံးဝင်သွားခဲ့ပါတယ်။
(၁) မဟာအောင်မြေ မြို့နယ်
(၂) ချမ်းအေးသာစံ မြို့နယ်
(၃) အမရပူရ မြို့နယ်တို့ ဖြစ်ပါတယ်။
သို့ဖြစ်၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူလူထုအား COVID 19 ရောဂါနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့ရဲ့ ဆောင်ရွက် ထားရှိမှုများကို တင်ပြပေးလိုပါတယ်။
မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ဖေဖေါ်ဝါရီမှ စက်တင်ဘာ ၂၆ အထိ ပြည်ပနိုင်ငံများတွင် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ပြန်လည် ရောက်ရှိမှုမှာ (၃၄၁၃၄) ဦး ရှိပါတယ်။ ထို့အပြင် ရန်ကုန်တိုင်းမှ လာသူများ၊ ရခိုင်ပြည်နယ်မှ လာသူများလည်း ရှိပါတယ်။ ထိုသူများအားလုံးကို Quarantine ထားရှိခြင်း၊ နှာခေါင်း၊ အာခေါင် တို့ဖတ်ယူ၍ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ထားပါတယ်။ ယခုလောလောဆယ် မန္တလေးတိုင်း ဒေသကြီးတွင် Quarantine ဝင်နေသူပေါင်း (၂၆၀၁) ဦး ရှိပါတယ်။ အိမ်တွင် Quarantine ထားရှိ စောင့်ကြည့်နေသူ (၂၂၀၈) ဦး ရှိပါတယ်။
ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက် (၁၀) နာရီအထိ မန္တလေးတိုင်းသေကြီးတွင် ပိုးတွေ့ရှိသူ စုစုပေါင်း (၂၄၀) ဦး၊ ၂၇ ရက်နေံ ပိုးတွေ့ရှိသူ (၁၃) ဦး၊ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားသူ (၁၂၃) ဦး၊ သေဆုံးသူ (၁) ဦး၊ လက်ရှိ ဆေးရုံတွင် ကုသမှုခံယူနေသူ (၁၂၉) ဦး ရှိပါတယ်။ ထို့ကြောင့် စက်တင်ဘာ ၂၇ ရက်နေ့တွင် ပိုးတွေ့ရှိသူ စုစုပေါင်း (၂၅၃) ဦး ရှိပါတယ်။
မြင်းခြံ
ပိုးတွေ့ရှိသူ (၆၁) ဦး
၂၇ ရက်နေ့ ပိုးတွေ့ရှိသူ (၁) ဦး
စုစုပေါင်း ပိုးတွေ့ရှိသူ (၆၂) ဦး
ပျောက်ကင်း (၅၂) ဦး
မဟာအောင်မြေ
၂၆ ရက်နေ့ ပိုးတွေ့ရှိသူ (၃၀) ဦး
၂၇ ရက်နေ့ ပိုးတွေ့ရှိသူ (၄) ဦး
ပျောက်ကင်း (၇) ဦး
သေဆုံး (၁) ဦး
ကုသဆဲ (၂၆) ဦး
ချမ်းအေးသာစံ
၂၆ ရက်နေ့ အထိ ပိုးတွေ့ရှိ (၃၀) ဦး
ပျောက်ကင်း (၁၅) ဦး
ကုသဆဲ (၁၅) ဦး
အမရပူရ
၂၆ ရက်နေ့ ပိုးတွေ့ရှိသူ (၂၇) ဦး
ပျောက်ကင်း (၂၂) ဦး
ကုသဆဲ (၅) ဦး
ပုသိမ်ကြီး
၂၆ ရက်နေ့ ပိုးတွေ့ရှိသူ (၁၆) ဦး
၂၇ ရက်နေ့ ပိုးတွေ့ရှိသူ (၁) ဦး
ပျောက်ကင်း (၃) ဦး
ကုသဆဲ (၁၄) ဦး
ချမ်းမြသာစည်
ပိုးတွေ့ (၁၂) ဦး
ပျောက်ကင်း (၆) ဦး
ကုသဆဲ (၆) ဦး
မန္တလေးတိုင်းဒေသကြီးတွင် (၂၈) မြို့နယ် ရှိသည့် အနက် (၁၈) မြို့နယ်တွင်သာ ပိုးတွေ့ရှိရပါတယ်။ ထို့ကြောင့် မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် ပိုးတွေ့ရှိသူ အများဆုံး ဖြစ်သော မဟာအောင်မြေ (၂၆) ဦး (ဒါကလည်း ဟိုတယ်မန္တလေး တစ်ခုတည်းက (၂၃) ဦး တွေ့ရှိရသဖြင့် မြို့နယ် တစ်ခုလုံး ပျံ့နှံ့နေသည်ဟု မပြောနိုင်ပါ)၊ ဒုတိယအများဆုံးမှာ ချမ်းအေးသာစံ (၁၅) ဦး၊ တတိယအများဆုံးမှာ ပုသိမ်ကြီး (၁၄) ဦး၊ အမရပူရ (၅) ဦး၊ မြင်းခြံ (၇) ဦးသာ ရှိသဖြင့် မိမိတို့ အနေဖြင့် ဂရုတစိုက် COVID-19 ကာကွယ်ရန် လမ်းညွှန်ချက်နှင့် အညီ နေထိုင်မည် ဆိုလျှင် COVID-19 ရောဂါကို မန္တလေးတိုင်း ဒေသကြီး အနေဖြင့် ကာကွယ် ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါတယ်။
အရေးကြီးသည်မှာ Stay at Home နေထိုင်သော မြို့နယ်များရှိ ပြည်သူလူထု အနေဖြင့် ညွှန်ကြားချက်နှင့် အညီ နေထိုင်ကြပါရန်၊ မည်သို့ မည်ပုံ နေထိုင်ရမည်ကို ယနေ့ ၂၇ ရက်နေ့တွင် ပြုလုပ်သော မန္တလေးတိုင်းဒေသကြီး COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ပါလိမ့်မယ်။
သို့ဖြစ်ပါ၍ ပြည်သူလူထု အနေဖြင့် စိုးရိမ်ကြောင့်ကြမှု ကြီးကြီးမားမား မထားဘဲ၊ စည်းကမ်းတကျ လိုက်နာကြရန် မေတ္တာ ရပ်ခံအပ်ပါတယ်။
ပြည်သူလူထုအားလုံး COVID-19 ရောဂါမှ ကင်းဝေးနိုင်ကြပါစေ။
COVID-19 ဖြစ်ပွားနေသူ များလည်း အမြန် ပျောက်ကင်းပါစေကြောင်း ဆုတောင်းအပ်ပါတယ်။

 
Read times
Rate this item
(0 votes)