What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 28 November 2021 20:14

အစ္စရေးက နိုင်ငံအားလုံးကို ပြည်ဝင်ခွင့် တားမြစ်ပိတ်ပင်

နောက်ဆုံးပေါ် Omicron Covid-19 ကူးစက်ခံထားရသူ ပြည်တွင်းသို့ ထပ်မံရောက်ရှိမှာကို ပူပန်တဲ့အတွက်ကြောင့်

အစ္စရေးက နိုင်ငံအားလုံးမှ ခရီးသည်များ အားလုံးကို ပြည်ဝင်ခွင့် တားမြစ်ပိတ်ပင်ထားလိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံခြားသားများ အားလုံးကို ပြည်ဝင်ခွင့် ပိတ်ပင်ကြောင်း နိုဝင်ဘာလ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ကူးစက်မှု ပြင်းထန်လွန်းတဲ့ Omicron ရောက်လာခဲရင် တားဆီးကာကွယ်ထိန်းချုပ်ဖို့အတွက်လည်း အသင့်ပြင်ဆင်နေပါတယ်။ ဖုန်းမှတစ်ဆင့် နောက်ယောက်ခံ လိုက်တဲ့ နည်းပညာကို အသုံးပြုမှာ ဖြစ်ကြောင်းလည်း အသိပေးကြေညာထားပါတယ်။
ပြည်ထဲရေးဝန်ကြီး Ayelet Shaked က N12 News သတင်းမီဒီယာကို ‌ေြဖကြားခဲ့တာမှာ "ကျွန်တော်တို့ လုပ်ကိုင်တဲ့ တွေးဆပုံက အဲဒီ ဗီဇမျိုးကွဲက နိုင်ငံအားလုံးနီးပါးမှာ ရောက်နှင့်နေပြီးသား ဖြစ်နေပြီ။ ကာကွယ်ဆေးက ထိရောက်တယ် ဆိုပေမဲ့ ဘယ်အတိုင်းအတာအထိ ထိရောက်သလဲဆိုတာ ကျွန်တော်တို့ မသိကြရသေးဘူဘူး" လို့ ရှင်းပြပါတယ်။ အဲဒီလို ယူဆချက်အပေါ် အခြေခံပြီး ကိုဗစ် Omicron ကို ကာကွယ် တားဆီး ထိန်းချုပ်ဖို့ စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အစ္စရေးမှာ Omicron ကူးစက်ခံ အတည်ပြုလူနာ ၁ ဦး ရှိနေပြီး သံသယလူနာ ၇ ဦး ရှိနေပါတယ်။
အတည်ပြုလူနာက ကာကွယ်ဆေးအပြည့် ထိုးပြီးသား ဟုတ်မဟုတ်ကို ကျန်းမာရေး ဝန်ကြ္းဌာနက ပြောကြားခြင်း မရှိပါဘူး။ သံသယ လုနာ ၇ ဦးမှာ ၃ ဦးက ကာကွယ်ဆေးအပြည့်ထိုးပြီးသူများ ဖြစ်ပါတယ်။

 

 

Read times
Rate this item
(0 votes)