What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 13 October 2020 20:27

မလေးရှားနိုင်ငံ၏ တတိယမြောက်ကူးစက်မှုလှိုင်းမှာ ဆက်လက်မြင့်တက်လျက်ရှိသည်

အာဆီယံဒေသတွင်းမှာ အောက်တိုဘာလ ၁၃ ရက် ည ၇ နာရီအထိ ထုတ်ပြန်ချက်များအရ တစ်ရက်တာတွင်

ကိုဗစ်ကူးစက်မှု ၇,၉၀၀ ကျော်ကို ဖော်ပြခဲ့ရာ စုစုပေါင်း ကူးစက်မှုပေါင်း ၇၉၄၀၀၀ ကို ယနေ့ ကျော်သွားပြီ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ယနေ့ဖြစ်ရပ်သစ်များအတွက် နေ့စဉ်အမြင့်ဆုံးနှုန်းကို ဖော်ပြခဲ့သည်။ ကျန်းမာရေး ၀န်ကြီးဌာနသည် COVID-19 ဖြစ်ပွားမှုအသစ် ၃,၉၀၆ ခုကို အင်္ဂါနေ့တွင် ကြေညာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း ၃၄၀,၆၂၂ အထိ ရောက်ရှိခဲ့သည်။ ၀န်ကြီးဌာန၏ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကြောင့် လူပေါင်း ၉၂ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးမှု ၁၂,၀၂၇ အထိ ရှိခဲ့ရာ အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်သည်။

ဒုတိယနေရာတွင် ဖိလစ်ပိုင်နိုင်ငံ ဆက်ရှိနေသည်။ COVID-19 လူနာများစာရင်းတွင် အသစ်ထပ်မံတွေ့ရှိသောကူးစက်မှုပေါင်း ၁,၉၉၀ ကို ထည့်သွင်းပြီးနောက် COVID-19 စုစုပေါင်းဖြစ်ပွားမှုများသည် ၃၄၄,၇၁၃ ရှိကြောင်းအစီရင်ခံခဲ့သည်။

တတိယနေရာ၌ဆက်ရှိနေဆဲဖြစ်သော မြန်မာနိုင်ငံသည် COVID-19 ဒုတိယကူးစက်မှုလှိုင်းတွင် ဖြစ်ပွားမှုအသစ် ၁,၃၄၄ ခုကို ယမန်နေ့ညက အစီရင်ခံခဲ့သည်။ အသစ်အတည်ပြုလိုက်သော ကူးစက်မှုများဖြင့် စုစုပေါင်းအမှုပေါင်း ၂၉,၃၁၄ အထိ တိုးမြှင့်ခဲ့သည်။ တနင်္လာနေ့က နိုင်ငံတွင် COVID-19 ထပ်မံသေဆုံးမှုပေါင်း (၁၈) ခု ဖြစ်ပွားခဲ့ပြီးစုစုပေါင်းသေဆုံးသူ ၆၆၄ ဦး အထိ ရှိသည်။

မလေးရှားနိုင်ငံ၏ တတိယမြောက်ကူးစက်မှုလှိုင်းမှာ ဆက်လက်မြင့်တက်လျက်ရှိသည်။ ယနေ့အသစ်ကူးစက်မှုများတွင် ၆၅၈ ခုသည် ပြည်တွင်း ကူးစက်မှု ဖြစ်ပြီး ၂ ခုမှ ပြည်ပမှ ရောက်လာသူများ ဖြစ်သည်။

စင်ကာပူသည် ကူးစက်ခံထားရသော COVID-19 ရောဂါရှင် အသစ် ၄ ဦး ရှိ‌ကြောင်းကို ယနေ့ထုတ်ပြန်ခဲ့သည်။ အသက် (၆၄) နှစ်အရွယ်အမျိုးသားတစ်ဦးသည် စင်ကာပူနိုင်ငံ၏ ၂၈ဦးမြောက် COVID-19 သေဆုံးမှုဖြစ်သည်ဟု မနေ့ကထုတ်ပြန်ခဲ့သည်။ ထိုသူသည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်သူဖြစ်ပြီး ၃ လနီးပါးအတွင်း ပထမဆုံး COVID-19 သေဆုံးမှုဖြစ်သည်။

ထိုင်းနိုင်ငံအစိုးရသည် COVID-19 ဖြစ်ပွားမှုအသစ် ၂ ခု ဖြစ်ပွားခဲ့ရာ ဆွီဒင်နှင့် အမေရိကန်မှ ပြန်ရောက်လာသော ထိုင်းနိုင်ငံသားများ ဖြစ်ပြီး စုစုပေါင်း ကူးစက်မှုများ ၃,၆၄၃ ခု ရှိသွားပြီ ဖြစ်သည်။

အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မည်သည့်ကိစ္စရပ်အသစ်ကိုမျှ ယနေ့အစီရင်ခံခြင်းမရှိပါ။

သေဆုံးမှုအသစ် ၁၅၅ ခု ရှိခဲ့ရာ အင်ဒိုနီးရှား (၉၂)၊ ဖိလစ်ပိုင် (၄၀)၊ မြန်မာ (၁၈)၊ မလေးရှား (၄) နှင့်စင်ကာပူ (၁) တို့ဖြစ်ပြီး အရှေ့တောင်အာရှတွင်စုစုပေါင်းသေဆုံးမှု ၁၉,၃၅၁ ခု ရှိခဲ့သည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအားလုံးတွင် စုစုပေါင်းပြန်ကောင်းသွားသူဦးရေ စုစုပေါင်း ၆၄၀,၀၀၀ ကျော်ရှိသည်။

Read times
Rate this item
(0 votes)