What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 September 2020 11:20

အမေရိကန် CDC ဌာနက ကာကွယ်ဆေး ဖြန့်ဖြူးရေးနေရာများ နိုဝင်ဘာ ၁ ရက်တွင် အသင့်ဖြစ်နေရန် ပြည်နယ်အစိုးရများအား ပြောကြား

အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန(CDC) က အလားအလာကောင်းသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖြန့်ဖြူးရေးအတွက် လာမည့် နိုဝင်ဘာ ၁ ရက်တွင် အသင့်ဖြစ်နေရန် ပြည်နယ်အစိုးရများအား ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာက စက်တင်ဘာ ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

 

ပြည်နယ်အုပ်ချုပ်ရေးမှူးများ နှင့် ကျန်းမာရေးဌာနသို့ ပေးပို့သည့် စာတစ်စောင်တွင် အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး Robert Redfield က McKesson ပူးပေါင်းဆောင်ရွက်မှု နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများအနေဖြင့် ဆေးဝါးဖြန့်ဖြူးရေးနေရာများ တည်ဆောက်ရေး ခွင့်ပြုမိန့်အတွက်

 

မကြာခင် တောင်းခံမှုပြုလုပ်သွားမည်ဖြစ်ကြောင်းကို The Hill သတင်းဌာနကဖော်ခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် တည်ဆောက်ရေး နှင့် ဆေးဝါးဖြန့်ဖြူးရေးနေရာဖွင့်လှစ်ရာတွင် နှောက်နှေးကြန့်ကြာမှုဖြစ်ပေါ်စေနိုင်မည့် စည်းကမ်းသတ်မှတ်ချက်အတိုင်းမဟုတ်ဘဲ လိုအပ်ချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ထည့်သွင်းစဉ်းစားပေးရန် Redfieldက တောင်းဆိုခဲ့ကြောင်း သိရသည်။


“ ပုံမှန်အချိန်မှာ မဖြစ်မနေလိုအပ်တဲ့ ဒီခွင့်ပြုမိန့်တွေဟာ အခုလတ်တလော ချက်ချင်း ပြည်သူ့ကျန်းမာရေးအစီအစဉ် အောင်မြင်မှုရဖို့ဆိုရင် အလွန်အရေးကြီးတဲ့ အတားအဆီးတစ်ခုဖြစ်နေပါတယ်” ဟု ညွှန်ကြားရေးမှူး Redfield ၏ ပေးစာကို The Hill သတင်းဌာနက ဖော်ပြခဲ့သည်။


“ဒီဆေးဝါးဖြန့်ဖြူးရေး အဆောက်အဦ နေရာထိုင်ခင်းအတွက် ခွင့်ပြုချက်တွေကို လျင်လျင်မြန်မြန်ဖြစ်အောင် ကူညီပေးဖို့ ခင်ဗျားတို့ကို CDC အနေနဲ့ ချက်ချင်းမေတ္တာရပ်ခံပါတယ် ၊ လိုအပ်မယ်ဆိုရင်ပေါ့လေ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်မှာ ဆေးဝါးဖြန့်ဖြူးမှု အပြည့်အဝလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ဆိုရင် အဲဒီလိုအပ်တဲ့စည်းကမ်းသတ်မှတ်ချက်တွေဟာ အဟန့်အတားဖြစ်နေမယ်ဆိုတဲ့အကြောင်းကို ခင်ဗျားတို့ ထည့်သွင်းစဉ်းစားရမှာပါ” ဟု စာထဲတွင် ဖော်ပြထားသည်။


အမေရိကန်နိုင်ငံတွင် COVID-19 ကာကွယ်ဆေး အမျိုးမျိုးကို လူသားဖြင့် စမ်းသပ်ခြင်း အဆင့်-၃ စမ်းသပ်မှု (phase 3 clinical trials) ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


Financial Times သတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အမေရိကန်နိုင်ငံ အစားအစာနှင့်ဆေးဝါး စီမံခန့်ခွဲရေးဌာန ကော်မရှင်နာမင်းကြီး Stephen Hahn က အဆင့်-၃ စမ်းသပ်မှု မပြီးခင်မှာပင် အရေးပေါ် အသုံးပြုခြင်း-ခွင့်ပြုမိန့်တစ်ရပ်နှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ချက်ချင်းအသုံးပြုသွားရန် ဆန္ဒရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

Xinhua

Read times
Rate this item
(0 votes)