What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 October 2020 08:07

မော်လမြိုင်မြို့တွင် ဆယ်မြို့နယ် CBFQတစ်ခုတည်းသာစုစည်းထားရှိမည်

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင်ဖွင့်လှစ်ထားရှိသည့် CBFQ စခန်းများအနက်

ဆယ်မြို့နယ်ဆောင် CBFQ စခန်းတစ်ခုတည်းသာ ထားရှိတော့မည်ဖြစ်ကြောင်းသိရသည်။

COVID - 19 ကြိုတင်ကာကွယ် ထိမ်းချုပ်ရေးအတွက် First Wave ကာလတွင် ဆယ်မြို့နယ်ဆောင်CBFQ စခန်းကိုဖွင့်လှစ်ထားရှိခဲ့သည်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်သည့် ပြည်တော်ပြန်များ အင်းအားမြင့်တက်လာချိန်တွင် CBFQ စခန်းအချို့တိုးချဲ့ဖွင့်လှစ်ထားရှိဆောင်ရွက်ခဲ့ရသည်။
လက်ရှိ 2nd Wave ကာလတွင်မူ ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာကြသည့် ပြည်တော်ပြန်အင်အားလျော့ကျလာခြင်းနှင့်ပိုးတွေ့လူနာမှာ Contact Person Case များသာရှိလာပြီးသတ်မှတ်ချက်များနှက့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဆယ်မြို့နယ်ဆောင် CBFQ တစ်ခုတည်းသာထားရှိကာ ကျန် CBFQ စခန်းများ ပိတ်သိမ်းနိုင်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရဖွဲ့ရုံးမှ သိရှိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးဦးစိုးမြင့်( ရဲမင်းစိုး )က
ပြည်တော်ပြန်အဝင်လျော့နည်းလာတာရယ်၊လက်ရှိကြုံတွေနေတဲ့ Contact Person တွေကို ဖိဖိ စီးစီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်တာကြောင့် ဆယ်မြို့နယ်ဆောင် CBFQတစ်ခုထည်းကိုသာထားရှိသွာမည်ကြောင်း။TTC Qစခန်းက Swabယူ ဓာတ်ခွဲစစ်ဆေးချက်အရ ကျား ၆၂ဦး၊မ၄၀ဦး၊စုစုပေ့င်း ၁၀၂ဦးက Negative အဖြေထွက်ရှိတာကြောင့် ဒီကနေ့မှာ သက်ဆိုင်ရာမြို့နယ်တွေက လာရောက်ခေါ်ဆောင်သွားကြပါပြီ။GTC Qလည်းဒီကနေ့ ပိတ်သိမ်းပါပြီ။
ဒီကနေ့မှာပဲ မော်လမြိုင်ဆေးရုံကြီးမှာကုသမှုခံယူနေကြတဲ့ Positiveလူနားများထဲက ရောဂါပိုးကင်းစင်သူ အယောက် ၄၀ ကို ဆေးရုံတင်းခွင့်ပြုပြီး မိမိတို့နေအိမ်မှာ ၇ ရက် Qဝင်ကြရပါမယ်။
ဝန်ကြီးချုပ်ရဲ့လုပ်ငန်းလမ်းညွှန်ချက်အရ မုပ္ပလင် ကြိုတင်ကာကွယ်တားဆီးရေးဂိတ်ကနေ တင်းတင်း
ကြပ်ကြပ်စိစစ်ဆောင်ရွက်ပါမယ်။
စစ်တောင်းတံတား(မုပ္ပလင်)ည( ၁၁ )နာရီမှာပိတ်ပြီးမနက်( ၄ )နာရီမှာပြန်ဖွင့်ပါမယ်။ကုန်စည်စီးဆင်းမှု့မပြတ်တောက်စေရေးအတွက်စားကုန်၊သုံးကုန်ပစ္စည်းများတင်ဆောင်လာတဲ့ကုန်တင်ယာဥ်များသာစီစစ်ခွင့်ပြုပါမယ်။
Rescueယာဥ်များကယ်ရီမဆွဲပါနဲ့စီစစ်တွေ့ရှိပါက လူကိုအရေးယူပြီးကားကိုသိမ်းပါမယ်။ဟိုအကြောင်းပြဒီအကြောင်းပြလူစီးယာဥ်များနောက်ကြောင်းပြန်လှည့်ရန်၊မလှည့်ကကျိုက်ထိုCBFQစခန်းတွင်( ၁၄ )ရက်Qဝင်ရောက်ပြီးမှသာ သွားခွင့်ပြုပါမယ်။ဝေါဘက်က တက္ကစီဆွဲနေတဲ့ ကယ်ရီသမားများကိုစီစစ်အရေးယူပါမယ်။
ကရင်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီးဘက်သို့မဖြစ်မနေသွားရမည့်တပ်မတော်သား၊ရဲ၊ဝန်ထမ်းများ
သက်ဆိုင်ရာအစိုးရအဖွဲ့နှင့်တိုင်စစ်ဌာနချုပ်၏ထောက်ခံချက်ဖြင့်ပါရှိမှသာဝင်ခွင့်ပြုမည်။
ကာကွယ်တားဆီးကာလ ရက်သတ္တ( ၁ )ပတ်တိတိကြတ်မတ်ဆောင်ရွက်ပါမယ်ဟု အသေးစိတ်ရှင်းလင်း အသိပေးပြောကြားသည်။

Read times
Rate this item
(0 votes)