What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 April 2020 10:40

ရုရှားရောက် မြန်မာတပ်မတော်သင်တန်းသားအရာရှိ ၃ ဦး COVID-19 ကူးစက်ခံရ

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ မြန်မာ့တပ်မတော်မှ သင်တန်းသား ၃ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

 

ရုရှားနိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ မြန်မာ့တပ်မတော်က ပညာတော်သင် သင်တန်းသား အရာရှိတွေအနက် မော်စကိုမြို့ရှိ Russian University of Transport တက္ကသိုလ်မှ သင်တန်းသား ၂ ဦးနဲ့ Moscow Power Engineering Institute တက္ကသိုလ်မှ သင်တန်းသား ၁ ဦးတို့မှာ ဧပြီ ၂၇ ရက်နေ့က COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။

 

လက်ရှိအခြေအနေအရ ရောဂါပိုးကူးစက်ခံထားရတဲ့ မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိ ၃ ဦးရဲ့ ကျန်းမာရေးအခြေအနေမှာ ထူးခြားတဲ့ ဖျားနာဝေဒနာ ခံစားရမှုမျိုးမရှိဘဲ ကောင်းမွန်နေပြီး ရုရှားကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အရ အဆောင်မှာ သီးခြားနေထိုင် ဆေးကုသမှုခံယူနေတယ်လို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။

 

မြန်မာ စစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ အဆိုပါ ကျောင်းသားတွေနဲ့ ဆက်သွယ်မှုရယူကာ လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံမှာ COVID-19 ရောဂါပြန့်ပွားမှုကြောင့် MIIT တက္ကသိုလ်မှာ တက်ရောက်နေတဲ့ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိတွေအပါအဝင် ကျောင်းသားအားလုံးဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၉ ရက်ကတည်းက သက်ဆိုင်ရာအဆောင်တွေကနေ အဝေးရောက်သင်ကြားမှုစနစ်နဲ့ ပညာသင်ယူနေကြတယ်လို့လည်း သိရပါတယ်။

 

မြန်မာနိုင်ငံအတွင်းမှာတော့ တပ်မတော်သားတွေအထဲက COVID-19 ကူးစက်ခံရသူ တဦးမှ မရှိသေးဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားပါတယ်။

 

DVB Burmese

Read times
Rate this item
(0 votes)