What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 04 October 2020 16:37

Next Step က ဘာလဲဆိုရင် Contain at Home ပါ

တကယ်လို့ နောက်တစ်ဆင့်ဆိုရင် တချို့လူတွေကို နိုင်ငံတကာမှာလုပ်သလို အိမ်မှာထားဖို့

Contain at Home ပါလို့  ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက နိုင်ငံပိုင်မီဒီယာ မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် အသိပေးပြောပြခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-

[ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]
အားလုံးမင်္ဂလာပါ။ ၂ - ၁၀ - ၂၀၂၀ ရက်နေ့ ရန်ကုန်ရဲ့ ကိုဗစ်အခြေအနေက အားလုံးသိတဲ့အတိုင်း ဒီနေ့ ၈၈၆ ဦးဆိုတော့ အရေအတွက် တော်တော်လေး များပါတယ်။ အရင်နေ့တွေက ထွက်နေတဲ့ ၇၀၀ ကျော်ကနေ ယခု ၈၀၀ ကျော်လာပြီး ၉၀၀ နီးပါးဖြစ်သွားတဲ့ သဘောရှိပါတယ်။
ဒါက ကျွန်တော် ထင်ပါတယ်။ မနေ့က Testing Power တက်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စစ်ဆေးတာတွေ ပိုပြီးများလာတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အနေအထားက ကုသမှုစင်တာတွေကို၊ ကိုဗစ်-၁၉ ကုသရေးဌာနတွေကို ပြောင်းရွှေ့ကုသနိုင်ရေးအတွက် ပိုမိုပြီး လိုအပ်လာတာ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ကျွန်တော်တို့ ထိန်းနိုင်ပါသေးတယ်။
ကျွန်တော် မနေ့ကပြောသလိုပဲ အောင်မြင့်မိုရ်၊ ရိုးမအသစ် ဒါတွေအတွက် ဆောင်ရွက်နိုင်သလို၊ ပညာရေးကောလိပ်၊ နောက်ယဉ်ကျေးမှု တက္ကသိုလ် ဒါတွေမှာလည်း တိုးချဲ့ပြီး ဆောင်ရွက်လာနိုင်တဲ့အတွက် လက်ရှိအနေအထားက ထိန်းသိမ်းထားနိုင်မယ့် အနေအထားမှာ ရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီးပြောရရင် တကယ်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့၊ နိုင်ငံတော်နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်ထားချက်တွေက တကယ့်ကို တော်တော်လေးကို အစွမ်းကုန် လုပ်ထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့လို နိုင်ငံမျိုးမှာ လူနာတိုင်းကို အခန်းနဲ့ထားတယ်။ အဲယားကွန်းနဲ့ ထားတယ်။ လူနာ လေးယောက်ကို တစ်ခန်း၊ အဲယားကွန်းနဲ့ ထားတယ်။ ရေပူ / ရေအေးစက်တွေ၊ နောက်အဝတ်လျှော်စက်တွေ ဒီလိုမျိုးနဲ့ ခုနကလို ကျန်းမာရေးစောင့်ရှောက်မှုအတွက် အောက်ဆီဂျင်တိုင်းတဲ့ စက်တွေ၊ Pressure တိုင်းတဲ့စက်တွေ၊ ဒါမျိုးတွေကို လူ လေးယောက် ငါးယောက်ကို တစ်ခု ထားပေးတာ ဒီလိုမျိုး Facilities နဲ့ ဒီလိုမျိုးထားတယ်၊ ကျန်းမာရေးစောင့်ရှောက် သူတွေ ထားထားပေးတယ်ဆိုတာ တကယ်တော့ တော်တော်ကို အစွမ်းကုန် ကြိုးစားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒါကို ပြည်သူလူထုအနေနဲ့ နားလည်ဖို့လိုပါတယ်။ နိုင်ငံတော်ကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ နိုင်ငံတော်က သူ့အနေအထားနဲ့ ဒါမျိုးကို အစွမ်းကုန် ဆောင်ရွက်ပေးထားတာ ယခုလိုမျိုး လူ ၇၀၀၀ ကျော် / ၈၀၀၀ ကို ပြုစုစောင့်ရှောက်ဖို့အတွက် စီစဉ်ပေးထားတာ အထူးပဲကျေးဇူးတင်ဖို့ ကောင်းပါတယ်။
တကယ်လို့ Next Step က ဘာလဲဆိုရင် Containment မှာ ယခုဟာက Institution တွေမှာ၊ ကိုဗစ်စင်တာတွေမှာ ထားတာပေါ့နော်။ တကယ်လို့ နောက်တစ်ဆင့်ဆိုရင် တချို့လူတွေကို နိုင်ငံတကာမှာလုပ်သလို အိမ်မှာထားဖို့ Contain at Home ပါ။ အဲဒီအခါကျရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လုံခြုံရေးနဲ့ သေချာပေါင်းစပ်ပြီး အဲဒီလိုမျိုး နေနိုင်တဲ့သူတွေကို အဲဒီလိုမျိုးထားပြီး အခက်အခဲရှိတဲ့သူတွေကို ကိုဗစ်စင်တာတွေမှာ ထားပြီးကုသဖို့ ဖြစ်ပါတယ်။ ဒါက နိုင်ငံတော်အနေနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ စင်ထရယ်ကိုဗစ်ကော်မတီအနေနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါကလည်း ယခုအချိန်မှာစတင်ပြီး ဆွေးနွေးနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ အနေအထားပေါ့နော်။
ဆက်ပြီးတက်လာရင် ဘယ်လိုလုပ်မှာလဲ၊ ဒါကိုတန်းသွားရင် ဘယ်လိုလုပ်မှာလဲ၊ ထိန်းထားနိုင်ရင် ဘယ်လိုလုပ်မှာလဲဆိုတာကို အခုအချိန်မှာ စတင်ပြီး ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ဒီဆေးရုံကြီးတွေရဲ့ အနေအထားကိုလည်း ဒီလိုပြောင်းလဲတဲ့အခါမှာ ဖြစ်လာမယ့် ယခုလည်း တိုးတက်များပြားလာနေတဲ့ ပြင်းထန်ရောဂါလက္ခဏာရှိတဲ့သူတွေ ဒါမှမဟုတ် အတော်အသင့်ရောဂါ လက္ခဏာရှိတဲ့သူတွေကို ကုသနိုင်ဖို့အတွက်၊ အထူးသဖြင့် ဒီအောက်ဆီဂျင်ပေါ့နော်။ အောက်ဆီဂျင်ကို ပြည့်ပြည့်ဝဝ ရရှိအောင်ပေးနိုင်ဖို့အတွက်လည်း ယခုအချိန်မှာ စီမံကိန်း၊ စီမံချက်တွေနဲ့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီကိစ္စကို အဓိကအရေးပေါ်လုပ်ငန်းအနေနဲ့ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေဟာ လက်ရှိလောလောဆယ် ကိုဗစ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်း လဲမှုတွေ ကြိုးစားနေတဲ့၊ ဒီတိုက်ပွဲမှာ တိုက်ခိုက်နေတဲ့ နည်းဗျူဟာတွေ၊ စနစ်တွေ ဖြစ်ပါတယ်။
မနေ့က ရန်ကုန်ဆေးရုံကြီးနဲ့ ပတ်သက်ရင် တကယ်တော့ ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေ အရမ်းများလာတယ်။ ကျဉ်းကျပ်လာတယ်။ တကယ်တော့ တော်တော်လေးကို ဒါလူနာတွေအတွက်လည်း အခြေအနေအရ နေရထိုင်ရ ခက်တဲ့အနေအထား ဖြစ်ပါတယ်။ ဒါတွေကိုလည်း မနေ့က အရေးပေါ်စီစဉ်ဆောင်ရွက်ပြီးတော့ အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ပါတယ်။
အခု ဒီနေ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ယခုအစည်းအဝေးလုပ်ဖို့ လုပ်နေပါ တယ်။ ရန်ကုန်ဆေးရုံကြီးနဲ့ ယခုလို ဆေးရုံကြီးတွေအတွက် အရေးပေါ် ပြုပြင်ပြောင်းလဲပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ဒီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထွက်လာ မယ့် Output တွေနဲ့၊ ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ ပိုမိုကောင်းမွန် အောင် အစွမ်းကုန်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

Read times
Rate this item
(0 votes)