What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 10 October 2020 09:52

အင်းယားစင်တာအား ယနေ့ လွှဲပြောင်း အပ်နှံမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ ယနေ့

အောက်တိုဘာ(၁၀)ရက်တွင်လွှဲပြောင်းအပ်နှံမည် ဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုများဖြင့် တည်ဆောက်လျှက်ရှိသောအင်းယားစင်တာသည် လုပ်ငန်းတည်ဆောက်မှု(၁၀၀)ရာခိုင်နှုန်း ပြီးမြောက်အောင်မြင် ခဲ့သောကြောင့် အဆိုပါစင်တာအားကျန်းမာရေးဝန်ကြီးဌာနထံ အောက်တိုဘာ(၁၀)ရက်၊ နေ့လည်ပိုင်းတွင် လွှဲပြောင်းအပ်နှံသွားမည်ဖြစ်သည်။
အင်းယားစင်တာလုပ်ငန်းကော်မတီဥက္ကဌ ဦးခွန်နောင်က “ မနက်ဖြန်ဆိုရင် ကျွန်တော်တို့ လူနာစလက်ခံနိုင်ပါပြီ။အကောင်းဆုံးကြိုးစားဆောင်ရွက်တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုဗစ်ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်တွေအားလုံးလဲ အားတင်းထားပါ။ ကျွန်တော်တို့အားလုံးကြိုးစား ဆောင်ရွက်ပါမယ်။ ဒီနေရာကနေ ကျွန်တော်တို့အုတ်တစ်ချက် သဲတစ်ပွင့်အနေနဲ့ ကိုဗစ်ဝေဒနာရှင်အားလုံးကို ရအောင်ကယ်တင်ဖို့ ကြိုးစားသွားပါမယ်။ ကျွန်တော်တို့မနက်ဖြန်နေ့ခင်းတစ်နာရီမှာ တိုင်းအစိုးရအဖွဲ့နဲ့ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနကိုလွှဲပြောင်းအပ်နှံပါမယ်။ပြီးရင် ကျွန်တော်တို့ ညနေ(၄)နာရီမှာလူနာစတင်လက်ခံဖို့ စီစဉ်လျက် ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

Read times
Rate this item
(0 votes)