What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 March 2020 21:57

Covid-19 ဆိုင်ရာ Viber Community စတင်

Covid-19 ဆိုင်ရာ နောက်ဆုံးရအတည်ပြု သတင်းများအချိန်နှင့် တပြေးညီဖော်ပြနိုင်မည့် Viber Community အား စတင်မိတ်ဆက်

 

 

 ကြိုတင်ကာကွယ်ခြင်းနှင့် မှန်ကန်သော လုပ်ဆောင်ချက်များကို လိုက်နာခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ Covid-19 ရောဂါ ဖြစ်ပွားမှု တိုးမြင့်လာခြင်းနှင့် နိုင်ငံအတွင်း ပြန့်ပွားမှုများကို ထိန်းချုပ်ရပ်တန့်စေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် အစိုးရမှ လက်ရှိဖြစ်ပွားနေ‌သော အခြေအနေကို ထိန်းချုပ်ရန်အတွက် ပြည်သူများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှုများ အပေါ်တွင် အလေးထားဆောင်ရွက်လျက် ရှိပါသည်။ အခြားနိုင်ငံများ၏ Covid-19 အား ရင်ဆိုင်တွန်းလှန်သည့် နည်းဗျူဟာများနည်းတူ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာနများမှ လေးနက်သော လုပ်ဆောင်ချက်များ လုပ်‌ဆောင်ခြင်းနှင့် လမ်းညွှန်ဆောင်ရွက်ချက်များ ထုတ်ပြန်ခြင်းတို့ကို နိုင်ငံသားများနှင့်အတူ ဆောင်ရွက်လျှက်ရှိပါသည်။ လတ်တလော လုပ်ဆောင်ချက်တစ်ခုမှာ နိုင်ငံတော် သမ္မတရုံး၊နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် အခြားဝန်ကြီးဌာနများ ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များကို  စုစည်းဖေါ်ပြထားသည့် Covid-19 ဆိုင်ရာ နောက်ဆုံးရ အတည်ပြု သတင်းများအချိန်နှင့် တပြေးညီဖော်ပြနိုင်မည့်  Viber Community အား စတင်မိတ်ဆက်ခြင်းဖြစ်သည်။ အဆိုပါ community ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ Covid-19 ပျံ့နှံ့မှုဆိုင်ရာ နောက်ဆုံးရ ယုံကြည်စိတ်ချရသော သတင်းအခြေအနေများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သွားရန်ဖြစ်ပြီး ၄င်း community အား လူဦးရေ သန်းတစ်ထောင်အထိ follow ပြုလုပ်ထားနိုင်မည်ဖြစ်သည်။

Viber တွင်  'COVID-19 INFO Myanmar' ဟု ရိုက်နှိပ်၍ သော်လည်းကောင်း၊ ဤ link အား နှိပ်၍သော်လည်းကောင်း၊ အောက်ပါ QR code အား ဖုန်းဖြင့် Scan ပြုလုပ်ခြင်းဖြင့် သတင်းများအား အချိန်နှင့် တပြေးညီ စောင့်စား ကြည့်ရှုနိုင်မည် ဖြစ်သည်။ 

Viber_COVID-19_IMG 3.jpg

 

 

Read times Last modified on Tuesday, 24 March 2020 22:06
Rate this item
(0 votes)