What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 11 October 2020 20:56

ASEAN တစ်နေ့တာ ကိုဗစ် အခြေအနေ

ည ၇း၀၀ နာရီတွင် ASEAN ဒေသအတွင်း ကိုဗစ်ဖြင့် သေဆုံးသူပေါင်း ၁၉၀၀၀ ဦးကို ကျော်လွန်သွားခဲ့သည်။

ကူးစက်ခြင်း ဖြစ်ပွားမှု ၉၇၀၀ ကျော် ရှိခဲ့ရာ စုစုပေါင်းကူးစက်မှုပေါင်း ၇၇၇၀၀၀ အမှတ်အသားကို ကျော်ဖြတ်ခဲ့သည်။
ဖြစ်ပွားမှုအသစ်များအတွက် တစ်ရက်တာအတွင်း
အင်ဒိုနီးရှားသည် နေ့စဉ်အမြင့်ဆုံး ဖြစ်နေဆဲ ဖြစ်သည်။ ကျန်းမာရေး၀န်ကြီးဌာနသည် COVID-19 ဖြစ်ပွားမှုအသစ် ၄,၄၉၇ ခုကို တနင်္ဂနွေနေ့တွင် ကြညာာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ၃၃၃,၄၄၉ အထိရောက်ရှိခဲ့သည်။ ၀န်ကြီးဌာနမှ ထုတ်ပြန်သောအချက်အလက်များအရ ထိုရောဂါကြောင့် လူ ၇၉ ဦး သေဆုံးခဲ့ပြီးစုစုပေါင်းသေဆုံးမှု ၁၁,၈၄၄ ဦး အထိရှိခဲ့ရာ အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်သည်။

ဒုတိယနေရာ၌ ဖိလစ်ပိုင်နိုင်ငံ ဆက်လက်နေရာယူထားသည်။ ကျန်းမာရေးဦးစီးဌာန (DoH) က COVID-19 လူနာစုစုပေါင်း ၂,၅၀၂ ဦးအား ထပ်မံထည့်သွင်းပြီးနောက် COVID-19 စုစုပေါင်းဖြစ်ပွားမှုများသည် ယခုအခါ ၃၃၉,၃၄၁ ရှိကြောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည်လည်း တတိယနေရာ၌ ဆက်ရှိနေဆဲဖြစ်သည်။ကျန်းမာရေး၀န်ကြီးဌာနသည် ယမန်နေ့ညကသေဆုံးမှု ၃၂ ခုနှင့်အတူ စံချိန်တင်နှုန်းဖြင့် coronavirus ကူးစက်ရောဂါဖြစ်ပွားမှုပေါင်း ၂,၁၁၈ ခုကိုမှတ်တမ်းတင်ခဲ့သည်။(ယနေ့ည ၈ နာရီတွင် အတည်ပြုလူနာအသစ် ၁၉၁၀ ဦး ရှိပြီး သေဆုံးသူ ၄၈ ဦး ရှိကြောင်း ထုတ်ပြန်ခဲ့သည်)
COVID-19 ကူးစက်ရောဂါသည် ယခုအခါ ထိတ်လန့်တုန်လှုပ်စရာ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

မလေးရှားနိုင်ငံသည်လည်း တတိယလှိုင်း တိုက်ပွဲများနှင့် ရင်ဆိုင်နေရသည်။ ကူးစက်မှုအသစ် ၅၆၁ ခုကို ယနေ့သတင်းပို့သည်။ မနေ့ကထုတ်ပြန်ချက်တွင် ၃၇၄ ခုဖြစ်ရာ ၁၈၇ ဦး ယမန်နေ့ကထက် ပိုများနေသည်။
ရောဂါကူးစက်မှုအသစ်များမှ ၅၅၃ ခုသည် ပြည်တွင်းကူးစက်ရောဂါများဖြစ်ပြီး ၈ ခုမှာ ပြည်ပမှ ရောက်လာသူများ ဖြစ်သည်။ သေဆုံးမှုအသစ် ၂ ဦးရှိကြောင်းကိုလည်း ယနေ့တင်ပြခဲ့သည်။

coronavirus ကူးစက်ရောဂါဖြစ်ပွားမှု ၁၀ ​​ခုကို စင်ကာပူနိုင်ငံမှ ယနေ့ထုတ်ပြန်ခဲ့ပြီး နိုင်ငံ၏စုစုပေါင်းကူးစက်မှုပေါင်း ၅၇,၈၇၆ ခု ဖြစ်သွားသည်။ ယနေ့ဖြစ်ရပ်အသစ်များမှ ၇ ခုမှာ ပြည်ပမှ ဝင်လာသူများ ဖြစ်ပြီး သူတို့ စင်ကာပူသို့ ရောက်သောအခါ နေအိမ်တွင် အသွားအလာ ကန့်သတ်ထားသူများလည်း ဖြစ်သည်။

ထိုင်းနိုင်ငံမှာ ဖြစ်ပွားမှုအသစ် ၂ ခုရှိသည်။ တောင်ဆူဒန်မှပြန်လာသောထိုင်းစစ်သားတစ်ဦးသည် နိုင်ငံအတွင်းရှိ COVID-19 ဖြစ်ပွားမှုအသစ် ၂ ခုအနက် ၁ ခုဖြစ်ခဲ့ပြီး အခြားရောဂါအသစ်တစ်ခုမှာတနင်္လာနေ့တွင်ဒုတိယစစ်ဆေးမှုခံယူပြီးနောက်ဗိုင်းရပ်စ်ကူးစက်ခံထားရသောဂျပန်အမျိုးသမီးဖြစ်သည်။ ဘုရင့်နိုင်ငံတော်အတွင်း စုစုပေါင်းကူးစက်မှုများကို ၃,၆၃၆ သို့ ရောက်ရှိသွားသည်။

မနေ့ကညနေပိုင်းမှစပြီး ကူးစက်မှုအသစ် ၂ ခုကို ဗီယက်နမ်ကတင်ပြခဲ့သည်။

အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မည်သည့် ကူးစက်မှုအသစ်ကိုမျှ အစီရင်ခံတင်ပြခြင်း မရှိခဲ့ပါ။
တစ်နေ့တာအတွင်း ကိုဗစ်ကြောင့် သေဆုံးသူဦးရေမှာ အင်ဒိုနီးရှား (၇၉) ဦး၊ မြန်မာ (၃၂) ဦး နှင့်မလေးရှားနိုင်ငံ (၄) ဦးရှိပေရာ သေဆုံးမှုအသစ် ၁၉၆ ခု ရှိခဲ့သည်။

ပြန်ကောင်းသွားသည့် အခြေအနေကို ကြည့်လျှင် ယခုအချိန်အထိ အရှေ့တောင်အာရှတွင် ပြန်လည်ကောင်းမွန်သွားသူဦးရေ စုစုပေါင်း ၆၂၈၀၀၀ ကျော် ရှိပါသည်။

Read times
Rate this item
(0 votes)