What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 16 August 2021 08:49

ထိုင်ဝမ်သားတွေ ကိုဗစ်ရန်ကြောက်လို့ MAI လေယာဉ် စင်းလုံးငှားပြီး ရန်ကုန်က ထွက်ခွာ

ဩဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့မှာ၊ မြန်မာနိုင်ငံထဲ ရှိနေတဲ့ ထိုင်ဝမ်ကျွန်းကသူတွေ အယောက် ၈၀ ဟာ

မြန်မာ အဲဝေး လေယာဥ်ကို စင်းလုံးငှားပြီး ထိုင်ဝမ်ကို ပြန်လာဖို့ ရှိတယ်လို့ တိုင်ပေမြို့က လာတဲ့ သတင်းတွေက ဆိုပါတယ်။

မြန်မာနိုင်ငံထဲ ကိုဗစ် တတိယလှိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံနေရတဲ့ အတွက် အခုလို ထွက်ခွာကြတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

ရန်ကုန် ဓမ္မစေတီလမ်းမှာ ရှိတဲ့ တိုင်ပေ စီးပွားရေးနဲ့ ယဥ်ကျေးမှု ဆိုင်ရာ ရုံးခန်းကို မြန်မာ-ထိုင်ဝမ် စီးပွားရေး အသင်းက အကူအညီတောင်း လာတဲ့ အတွက် အခုလို MAI လေယာဥ် စင်းလုံးငှားပြီး စီစဥ်ပေးခဲ့တာ ဖြစ်တယ်လို့ တိုင်ပေမှာ ရှိတဲ့ နိုင်ငံခြားရေးရုံးက ထုတ်ပြန်ပါတယ်။

မြန်မာဟာ ထိုင်ဝမ်က သတ်မှတ်ထားတဲ့ ကိုဗစ် နိုင်တင်း အန္တရာယ်မြင့် နိုင်ငံတွေ စာရင်းထဲ ပါဝင်နေတယ်လို့ ဆိုပါတယ်။

BBC

Read times Last modified on Monday, 16 August 2021 08:50
Rate this item
(0 votes)