What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 29 November 2021 08:38

ကိုဗစ်ဗီဇမျိုးကွဲသစ် Omicron က တစ်မူထူးခြား ရောဂါလက္ခဏာပြသ

ကိုဗစ်ဗီဇမျိုးကွဲသစ် Omicron နှင့် ပတ်သက်၍ သတိပေးခဲ့သည့် တောင်အာဖရိက ဆေးဘက်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ Angelique Coetzee က

ကိုဗစ်ပိုးအမျိုးအစားသစ် ကူးစက်ခံထားရသည်ဟု သံသယရှိလူနာများသည် အပျော့စား ရောဂါလက္ခဏာများသာ ပြသခဲ့ပြီး ဆေးရုံတင်ရခြင်းမရှိဘဲ အပြည့်အဝ ပြန်လည်ကောင်းမွန်လာကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

သူမသည် လွန်ခဲ့သော ၁၀ ရက်အတွင်း Covid-19 ရောဂါပိုးရှိသည့် လူနာ အယောက် ၃၀ ခန့်တို့သည် ဖြစ်နေကျမဟုတ်သော ရောဂါလက္ခဏာများ ပြသသည်ကို တွေ့ခဲ့ရကြောင်း Agent France-Presse သို့ ပြောကြားခဲ့သည်။

၎င်းတို့သည် ကြွက်သားအနည်းငယ် ကိုက်ခဲခြင်း၊ လည်ချောင်းယားယံခြင်းနှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများ ပြသသည်။ ကိုယ်အပူချိန် အနည်းငယ်မြင့်သည်။
အခြားမျိုးကွဲများသည် ပြင်းထန်သော ရောဂါလက္ခဏာများ ပြသသည်။ Omicron က မဆိုစလောက်သာ ရောဂါလက္ခဏာများ ပြသသည်။

တောင်အာဖရိကတွင် ကူးစက်မှု အများဆုံးအဖြစ် လွှမ်းမိုးထားသည် Delta မျိုးကွဲတွင် တွေ့ရသည့် ရောဂါလက္ခဏာများနှင့် မတူသဖြင့် ကျန်းမာရေး အရာရှိများကို သတိပြုဖို့ ပြောကြားခဲ့သည်။ တစ်မူထူးခြားနေသည့် လူနာ ၃၀ ဦးအနက် ပထမ ၇ ဦးကို လက်ခံပြီးချိန် နိုဝင်ဘာလ ၁၈ ရက်တွင် သတိပေးနှိုးဆော်ခဲ့ခြင်း ဖြစ်သည်။


Coetzee က “ကာကွယ်ဆေး မထိုးထားရသေးတဲ့ လူနာတွေတောင်မှ အပျော့စားလက္ခဏာတွေပဲ ဖြစ်ပွားကြတယ်။ ဥရောပမှာ ဒီဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံထားရတဲ့သူတွေ အတော်များလိမ့်မယ်ဆိုတာ သေချာပါတယ်” ဟု ပြောကြားသည်။

တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ တောင်အာဖရိကတွင် ယခုရက်ပိုင်းမှာ အတည်ပြုခဲ့သော Covid-19 လူနာများတွင် လေးပုံသုံးပုံနီးပါးသည် Omicron ကူးစက်ခံထားရခြင်း ဖြစ်သည်။

Read times
Rate this item
(0 votes)