What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 12 October 2020 13:52

COVID-19 ထိန်းချုပ်ရေးအတွက် ပုဂ္ဂလိကအထက်တန်းကျောင်းများ ပူးပေါင်းပါဝင်မည်

ပုဂ္ဂလိကအထက်တန်းကျောင်းတွေအနေနဲ့ COVID-19 ထိန်းချုပ်ရေးမှာ တစ်ဖက်တစ်လမ်းက ပူးပေါင်းပါဝင်နေတယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်က ပြောပါတယ်။

 

ပုဂ္ဂလိကအထက်တန်းကျောင်းတွေမှာ ဘော်ဒါတွေမဖွင့်ဖြစ်တဲ့အတွက် ဘော်ဒါတွေမှာ အသုံးပြုဖို့ထားတဲ့ ကုတင်တွေကို ယာယီအသုံးပြုဖို့ အလှူခံထားတယ်လို့ ဦးနေအုပ်က ပြောပါတယ်။

 

‘(ကျန်းမာရေး)ဝန်ထမ်းတွေကျတော့ ဟိုတယ်တင်လို့မဖြစ်ဘူးလေ။ သူတို့အတွက်ကျတော့ ကုတင်အလှူခံတယ်။ ဆရာက ပြောတယ်။ ပုဂ္ဂလိကကျောင်းတွေက ပိတ်ထားတယ်။ ကုတင်အားနေတာပဲ။ အဲ့ဒီကုတင်တွေကို အပိုင်မဟုတ်ပါဘူး၊ ယာယီလှူဒါန်းပါ။ ကျောင်းဖွင့်ရင်ပြန်ပေးပါမယ်။

 

အဲဒါကိုစီစဉ်နေပါတယ်”လို့ ဦးနေအုပ်က ပြောပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကကျောင်းတွေထဲက သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းအနေနဲ့လည်း ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်း အယောက်(၅၀)ကျော်အတွက် အခမဲ့တည်းခိုစရာနေရာတွေ ဆောင်ရွက်ပေးထားတယ်လို့သိရပါတယ်။

 

ဒါနဲ့ပတ်သက်လို့ သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်း အကြံပေးဦးသူရအောင်က အခုလိုပြောပြပါတယ်။ ‘အခုလောလောဆယ်ကတော့ ဆရာ၊ ဆရာမ (ကျန်းမာရေးဝန်ထမ်း) (၅၆) ယောက်စာ အတွက်ကတော့ အားချင်းဆောင်ရွက်နေတုန်းပေါ့။ လောလောဆယ်ကတော့ သုံးထပ်ဆောင်အပေါ်ထပ်မှာ(၂၂)ယောက်စာပြင်ထား ပါတယ်ခင်ဗျ။

 

ဟိုဘက်က အဆောက်အဦးဆောက်နေချိန်မှာ ဆရာ၊ ဆရာမတွေ အဆင်ပြေအောင်လို့ (၂၂)ယောက် စာကို ယာယီလုပ်ထားတယ်။ ပြီးလို့ရှိရင် နောက်ထပ်ငါးရက် ခြောက်ရက်လောက်နေရင် ကျွန်တော်တို့ ဟိုဘက်မှာ (၅၆)ယောက်စာ အဆောက်အဦးပြီးသွားရင်တော့ ထပ်ထားမှာပေါ့နော်။ ဆရာ၊ဆရာမ တစ်ယောက်ချင်းစီ အတွက်ကို ကုတင်ပါမယ်။ ရေခဲသေတ္တာပါမယ်။

 

မီးပူတိုက်ခုံပါမယ်။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ပါတာပေါ့။ အားလုံးအခမဲ့ပါခင်ဗျ။ ကျွန်တော်တို့ဆီက ကားအရေအတွက်နဲ့ ယာဉ်မောင်းအရေအတွက်အပေါ်မူတည်ပြီး အကြိုအပို့လည်း စီစဉ်ပေးပါတယ်”လို့ ဦးသူရအောင်ကပြောပါတယ်။

 

လတ်တလောမှာ ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ဖြစ်ပွားမှုတွေ များပြားတဲ့အတွက် လူနာတွေအတွက်ရော၊ အိမ်မပြန်ဘဲ ဆက်တိုက်တာဝန်ထမ်းဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်ရော နေရာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

One News Myanmar

Read times
Rate this item
(0 votes)