What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 01 February 2020 15:36

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ယာယီရပ်ဆိုင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့်

2019 CoronaVirus (2019n-CoV) ကြောင့် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ၃၀-၁-၂၀၂၀ ရက်နေ့မှ စတင်၍ ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်နှင့် ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ကြရန် ထုတ်ပြန်ခဲ့ပါသည်။

 

ယင်းသို့ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက် လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနများသို့ ယနေ့ အကြောင်းကြားထားခဲ့ပြီး ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

Ministry of Foreign Affairs Myanmar

 

(Zawgyi)

---------

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ကမာၻလွည့္ခရီးသြားမ်ားကို ဆိုက္ေရာက္ဗီဇာ (Visa on Arrival) ယာယီရပ္ဆိုင္း

 

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕မွ စတင္ျဖစ္ပြားခဲ့သည့္ 2019 CoronaVirus (2019n-CoV) ေၾကာင့္ အဆုတ္ေရာင္ေရာဂါ ကူးစက္ျပန႔္ပြားမႈႏွင့္ ပတ္သက္၍ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) မွ ကမာၻလုံးဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ ၃၀-၁-၂၀၂၀ ရက္ေန႔မွ စတင္၍ ေၾကညာခဲ့ၿပီး မလိုအပ္ဘဲ ခရီးသြားလာျခင္း မျပဳရန္ႏွင့္ ကာကြယ္ကုသထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္ၾကရန္ ထုတ္ျပန္ခဲ့ပါသည္။

 

ယင္းသို႔ ဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ အထူးစိုးရိမ္ဖြယ္ရာ အေျခအေနသို႔ ေရာက္ရွိလာျခင္းေၾကာင့္ လည္းေကာင္း၊ ျမန္မာႏိုင္ငံ ျပည္သူျပည္သားမ်ား၏ က်န္းမာေရးအတြက္ ယင္းကူးစက္ေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ရန္အတြက္ လည္းေကာင္း တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ လာေရာက္ၾကမည့္ ကမာၻလွည့္ခရီးသြားမ်ားအား ဆိုက္ေရာက္ဗီဇာ (Visa on Arrival) ထုတ္ေပးျခင္းကို ယာယီရပ္ဆိုင္းထားရန္ သက္ဆိုင္ရာဌာနမ်ားသို႔ ယေန႔ အေၾကာင္းၾကားထားခဲ့ၿပီး ျဖစ္ပါေၾကာင္း အသိေပး ေဖာ္ျပအပ္ပါသည္။

Ministry of Foreign Affairs Myanmar

Read times Last modified on Monday, 03 February 2020 21:14
Rate this item
(0 votes)