What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 October 2020 17:32

COVID-19 ရောဂါပြင်းထန်သူများကိုရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်သာလက်ခံကုသပေးမည်

COVID-19 ရောဂါပြင်းထန်သူများကိုရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်သာလက်ခံကုသပေးမည်

COVID-19 ရောဂါပြင်းထန်သူများကို ရန်ကုန်ပြည်သူဆေးရုံကြီးတွင် လက်ခံကုသပေးနိုင်ရန်အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိအရေးပေါ်ကုသရေးဌာနကို အထူးကြပ်မတ်ကုသဆောင် (ICU)အဖြစ် ပြင်ဆင်ဆောင်ရွက်နေကြောင်းကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ယခင် COVID-19 ရောဂါပြင်းထန်စပြုလူနာများနှင့် ရောဂါပြင်းထန်သူများရန်ကုန်ဆေးရုံကြီးကိုရောက်ရှိလာလျှင် သတ်မှတ်ထားသောဖောင်ကြီးရှိ COVID-19ကုသရေးစင်တာ၊ ဂေဘာဂီဆေးရုံနှင့် တောင်ဥက္ကလာအထူးကုဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးသော်လည်းလက်ရှိတွင် လွှဲပြောင်းကုသမှုမပြုဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်သာကုသပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းကပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိရန်ကုန်ပြည်သူ့ဆေးရုံကြီးအဆောက်အအုံတစ်ခုလုံးကို COVID-19ရောဂါကုသရေးစင်တာအဖြစ် အမြန်ဆုံးပြောင်းလည်းဆောင်ရွက်နေကြောင်း၊ လက်ရှိရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကြပ်မတ်ဆောင်(ICU)အဖြစ် အဆောင် ၅နှင့်၆တွင် ပြင်ဆင်ပြီးလက်ခံကုသပေးနေကြောင်း ၎င်းကဆိုသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောဂါပြင်းထန်သူများနှင့် ရောဂါပြင်းထန်စပြုလာသူများ ရောက်ရှိလာမှုများပြားလာကြောင်း၊ အဆိုပါ လူနာများသည် အောက်ဆီဂျင်စက်ရရှိရန် လိုအပ်မှုများများပြားလာကြောင်းသိရသည်။
အဆိုပါ COVID-19 ရောဂါဖြစ်ပွားသူများကို ယခင်ကသက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးရာမှ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သာကုသပေးမည်ဖြစ်ကြောင်း၊ ကုသပေးရာတွင် ကမ္ဘာ့နိုင်ငံများတွင် ကုသပေးသောနည်းလမ်းများ အတိုင်းကုသပေးနေကြောင်း ဒေါက်တာဇော်သန်းထွန်းက ဆက်လက်ပြောကြားခဲ့သည်။

Xinhua

Read times
Rate this item
(0 votes)