What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 12 October 2020 22:20

ပိုးမရှိထောက်ခံစာ မပါလျှင် ယာဉ်ပေါ်ပါသူအားလုံး ဆေးစစ်မှု ခံယူခြင်း ၁၃ - ၁၀ - ၂၀၂၀ ရက်နေ့ နံနက် ၀၆၀၀ အချိန်မှ စတင်မည်

၁၃ - ၁၀ - ၂၀၂၀ ရက်နေ့ နံနက် ၀၆၀၀ အချိန်မှ စတင်၍ အမြန်လမ်းမကြီး မိုင်တိုင် (ဝ/၅) နှင့် (ဝ/၆)အကြား

ရန်ကုန် - မန္တလေးသွားလမ်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းမှ အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်လာသည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကိုယ်ပိုင်ယာဉ်များအားလုံးမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါသူအားလုံး COVID-19 ရောဂါပိုး မရှိကြောင်း ထောက်ခံစာ ပါရှိခြင်း ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ထောက်ခံစာပါရှိသူများကို ဆက်လက်သွားလာစေမည်ဖြစ်ကာ ထောက်ခံစာမပါရှိသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါရှိသူများအား ကျန်းမာရေးဝန်ထမ်းများ၏ စစ်ဆေးမှု ခံယူပြီး COVID - 19 ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိမှသာ ထောက်ခံချက်ပေးပြီး ဆက်လက်သွားလာစေမည်ဖြစ်ပါကြောင်း သိရှိနိုင်စေရန်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်စေရန် အသိပေးဖော်ပြအပ်ပါသည်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

Read times Last modified on Monday, 12 October 2020 22:24
Rate this item
(0 votes)