What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 October 2020 20:27

တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် COVID-19 စစ်ဆေးမှုနမူနာပေါင်း ၇.၅ သန်းကျော်ရယူ

တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့တစ်ခွင် အောက်တိုဘာ ၁၂ ရက်မှစတင်၍

ရောဂါစစ်ဆေးမှုကမ်ပိန်းပြုလုပ်ပြီးနောက် အောက်တိုဘာ ၁၄ ရက် နံနက် ၉:၃၀ နာရီအထိ nucleic acid စစ်ဆေးမှုအတွက် လူပေါင်း ၇.၅ သန်းထံမှ နမူနာများရယူခဲ့ကြောင်း သိရသည်။
စုဆောင်းရယူထားသည့် နမူနာ ၄.၀၆ သန်းကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်သလို ရောဂါပိုးတွေ့ရှိမှုနမူနာအသစ်များကို မတွေ့ရှိရကြောင်း မြူနီစီပယ် ကျန်းမာရေးကော်မရှင်က ပြောခဲ့သည်။
ချင်းသောင်မြို့တွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဗိုင်းရပ်စ်ကူးစက်မှု တစ်ကျော့ပြန်ဖြစ်ပွားချိန်ကစ၍ COVID-19 အတည်ပြုလူနာအသစ် ၁၂ ဦးရှိကြောင်း မြူနီစီပယ် ကျန်းမာရေးကော်မရှင်က ဆိုသည်။
ချင်းသောင်မြို့၌ လူဦးရေ ၁၁ သန်းကျော်ရှိပြီး အောက်တိုဘာ ၁၂ ရက်မှစတင်ကာ ငါးရက်အတွင်း မြို့တစ်ခွင် nucleic acid စစ်ဆေးမှုများ အပြီးအစီး ဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း သိရသည်။

 

(Xinhua)

Read times
Rate this item
(0 votes)