What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 April 2020 01:52

၆ လသားအရွယ်တွင် နှလုံးရောဂါ နှင့် ကိုဗစ် ရောဂါအတွက် ဆေးကုသမှု ခံယူနေရတဲ့ ကလေးငယ်

၆ လသားအရွယ်တွင် နှလုံးရောဂါ နှင့် ကိုဗစ် ရောဂါအတွက် ဆေးကုသမှု ခံယူနေရတဲ့ ကလေးငယ် Alder Hey ကလေးဆေးရုံတွင် မြင်တွေ့ရသော Erin Bates

၆ လသားအရွယ် ကလေးငယ်ကို ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ အတွက် ဆေးကုသနေရတယ်လို့ သူမ၏မိဘများကပြောကြားခဲ့ပါတယ်။

 

အဆိုပါ Erin အမည်ရှိ ကလေးမလေးမှာဟာဆိုရင် မန်ချက်စတာယူနိုက်တက်မြို့ရှိ လီဗာပူလ်ရှိ Alder Hey ကလေးဆေးရုံမှာ နှလုံးရောဂါ နှင့် အသက်ရှုလမ်းကြောင်း (windpipe) ဆိုင်ရာ ပြဿနာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

 

ကလေးမလေး၏ မိခင်ဖြစ်သူ Emma Bates အသက် ၂၉ နှစ် ," သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ရောဂါ စစ်ဆေးမှုတွင် ရောဂါပိုးတွေ့ရှိတဲ့ သတင်းကြောင့် အတော်ကို နှလုံးကွဲခဲ့ရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

COVID.png

 

 

အစိုးရအနေနဲ့ ကလေးမလေး Erin လေး မိသာစုအပေါ် အားပေးဖို့အတွက် လူများအား ဓာတ်ပုံကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Erin လေးရဲ့ မိဘ နှစ်ပါးကတော့ အိမ်မှာ အထီးကျန်နေကြပါတယ်။ လူတွေက ဒီရောဂါကို အလေးအနက်မထားကြဘူးလို့ ပြောကြားခဲ့ပါတယ်။

 

Erin Bates

ဒီဇင်ဘာတွင် နှလုံးခွဲစိတ်ခံယူပြီးနောက်မြင်တွေ့ရသော Erin ၏  ဓာတ်ပုံ

 

လက်ရှိမှာ Erin လေက အခြေနေတည်ငြိမ်နေတယ် ဒါပေမယ့် ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကလေးကို စောင့်ကြည့်နေကြတုန်းပါဘဲ။ ဆေးရုံဝန်းထမ်းတွေက Erin လေးရဲ့ မိဘ နှစ်ပါးကို အိမ်မှာဘဲ ဘေးကင်းလုံခြုံအောင်နေဖို့ ပြောခဲ့ကြပါတယ်။ Erin လေးရဲ့ ဖခင်အတွက် ဒါက အံ့သြလို့ မဆုံးဖြစ်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Erin လေးရဲ့ ဖခင်က သူရဲ့ သမီးလေ ဘယ်ချိန်မဆို ကွဲသွားနိုင်တာကို အရမ်းကို စိုးရိမ်းနေပါတယ်။

 

မိဘဆိုတာ ဘယ်လို ဘေးအန္တရာယ်ရှိရှိ သား/သမီးအတွက် အသက်ကိုတောင်ပေးဖို့ ဝန်မလေးတတ်ကြပါဘူး။ Erin လေးရဲ့ မိခင်က ရောဂါ လက္ခဏာပြမယ်ဆိုရင်တော့ နောက်ထပ်ဆေးရုံခုကို ပြောင်းရွေ့သွားမယ်လိုပြောပါတယ်။ ဒါက သူတို့ကို ရင်လေးစေတဲ့ အရာဖြစ်တယ်လို့ပြောကြားခဲ့ပြီး အခြေနေတစ်ခုခုဖြစ်ပေါ်လာပါ ကလေးရဲ့ဘေးမှာ ကလေးရဲ့ ဖခင်အနည်းဆုံးတော့ ရှိနေဖို့တော့ လိုမယ်လို့ မိခင်ဖြစ်သူရဲ့ ရင်ဖွင့်ပြောဆိုတာကို တွေ့ရပါတယ်။

 

Erin လေးကို မွေးဖွားပြီးနောက် ဒီဇင်ဘာလမှာ နှလုံးခွဲစိတ်မှု ခံယူခဲ့ရပြီး အသက်ရှုဖို့အခက်ခဲရှိခဲ့တာကြောင့် အသက်ရှုကိရိယာ တွေကို အသုံးပြုနေရတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာဆိုရင်တော့ မြန်မာနိုင်ငံ COVID-19 အတည်ပြုလူနာတွေက တစ်ရက်ထက် တစ်ရက် ပိုတိုးလို့ လာနေတာကို အားလုံးလဲသိရှိပြီး ဖြစ်လောက်မယ်ထင်ပါတယ်။

 

ဒါကြောင့် ကိုယ့်အိမ်မှာ ဘာမှ မသိသေး နားမလည်တဲ့ ကလေးငယ်တွေရှိနေမယ်ဆိုရင် မိဘတစ်ယောက်အနေနဲ့ ဆူငေါက်ခြင်း ၊ ကြိမ်မောင်းခြင်း နှင့် ရိုက်နက်ခြင်းတို့ကို ရှောင်ကျဉ်ပြီး မိမိရဲ့ ကလေးငယ် နားလည်မယ့် နည်းလမ်းများကို အိမ်အတွင်း ပြောပြပေးခြင်း ၊ ကစားနည်းအသစ်များ ဖန်းတီးပေးရင် သင်နှင့် သင့်မိသာစု သာယာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်။

 

HPD.png

Written By Aung Win (Health Products Directory)

Read times Last modified on Tuesday, 14 April 2020 01:59
Rate this item
(1 Vote)