What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 October 2020 16:44

စင်ကာပူက မြန်မာကို လှူဒါန်းတဲ့ ကိုဗစ်ရောဂါကာကွယ်ရေး အထောက်အပံ့ ပစ္စည်းတွေ ရောက်ရှိ

စင်ကာပူအစိုးရရဲ့ မြန်မာနိုင်ငံကို လှူဒါန်းတဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေး အထောက်အပံ့ပစ္စည်းတွေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းကတစ်ဆင့် ဒီကနေ့ အောက်တိုဘာ ၁၆ ရက်မနက်ပိုင်းမှာ ရောက်ရှိလာပါတယ်။

 

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်ဘလာခရစ္စရှနန်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားပြီး နှစ်ပတ်အကြာမှာ ခုလို စင်ကာပူကနေ ပထမအသုတ်ကိုဗစ်ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ရှိလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံရုံးက ထုတ်ပြန်ပါတယ်။

 

ထောက်ပံ့ရေးပစ္စည်းတွေကတော့ ကိုဗစ်စစ်ဆေးတဲ့ PCR Test အခုရေ နှစ်သောင်းခွဲ၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း အခုရေ တစ်သိန်းနှစ်သောင်းနဲ့ လက်ဆေး ဆပ်ပြည်ရည် သုံးထောင်ကျော် (၃,၃၀၀) တို့ ဖြစ်ပါတယ်။

 

ဒီထောက်ပံ့ရေးပစ္စည်းတွေကို မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံအမတ်ကြီးနဲ့ ဆေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူခဲ့ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတစ်ဆင့် နိုင်ငံတစ်ဝန်း လိုအပ်နေတဲ့ နေရာတွေကို ပြန်လည်ဖြန့်ဝေသွားမှာဖြစ်ပါတယ်။

 

နောက်ထပ်ကျန်ရှိတဲ့ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း အခုရေ ကိုးသိန်းခန့်(၈၈၀,၀၀၀) နဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေကတော့ ရေကြောင်းနဲ့ ပို့ဆောင်ဖို့ရှိပါတယ်။

 

ဘီဘီစီမြန်မာပိုင်း

Read times
Rate this item
(0 votes)