What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 18 October 2020 09:09

ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ် - ၁၉ ပစ္စည်းများ စတင်ရောက်ရှိ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ ပစ္စည်းများမှ ရန်ကုန်မြို့သို့

ပထမအသုတ် စတင်ရောက်ရှိလာပြီ ဖြစ်သည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သည့်အထောက်အကူ ပစ္စည်းများဖြစ်သော KN95 Mask များ၊ PPE Medical Protective clothing များ၊ Medical Cap များ၊ Goggles များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားကြောင်း သိရသည်။ 

အဆိုပါ အထောက်အကူပစ္စည်းများအနက် အလေးချိန် ၂၀၆၆ ကီလိုဂရမ်ရှိ KN95 Mask ပုံး ၂၅၀၊ အရေအတွက် သုံးသိန်းမှာ ယနေ့နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် China Southern Airline လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမအသုတ်အဖြစ် ရောက်ရှိ လာသည်။
အထောက်အကူပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်တို့မှတစ်ဆင့် အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိအတွင်း အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ယင်းကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက်လိုအပ်သည့် အထောက်အကူ ပစ္စည်းများကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဖြန့်ဝေရန်ဝယ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

 

Read times
Rate this item
(0 votes)