What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 19 October 2020 12:18

အစားအစာတွေမှာ အန္တရာယ် ပေးနိုင်တဲ့ အရာတွေ (Food safety hazards) က ဘာတွေလဲ

အစားအစာတွေမှာ ဘေးဖြစ်စေနိုင်တဲ့ အန္တရာယ်ပေးနိုင်တဲ့ အရာ ( food hazard) တွေမှာ ဆိုရင် အဓိက အနေနဲ့

 

1. Physical hazard- ရုပ်ပိုင်းဆိုင်ရာ

2. Chemical hazard- ဓါတုပိုင်းဆိုင်ရာ

3. Biological hazard- ဇီဝ (အဏုဇီဝပိုင်းဆိုင်ရာ)

4. Allergenic hazard - ဓတ်မတည့်မှုပိုင်းဆိုင်ရာ

ဆိုပီး 4 မျိုး ရှိပါတယ်

 

1. Physical hazard

Physical hazard ဆိုတာ လူတွေကို ဘေးဖြစ်စေနိုင်တဲ့ အစားအစာကုန်ကြမ်းတွေ အစားအစာထုတ်လုပ်တဲ့ ဖြစ်စဉ်တွေ အစားအစားပြင်ဆင်နေချိန်တွေ အတွင်းမှာ ပါလာနိုင်တဲ့ အရာတွေ (foreign objectives- အစားအစာနှင့်မသက်ဆိုင်‌သော ပြင်ပအရာတ္ထု) တွေကို ဆိုလိုတာ ဖြစ်ပါတယ်...

 

Physical hazard ‌လို့ ပြောလိုက်တာနဲ့ အဓိက အနေနဲ့ 2 မျိုး ရှိပါတယ် (Types of physical hazard)

1. ရည်ရွယ်ချက်ရှိရှိ အစားအစားထဲမှာ ထည့်ခြင်း (unintentionally introduced to food)

ဥပမာ … ပေါင်မုန့်ထဲမှာ သတ္တု/ ဖန်ကွဲစ ပါလာတာမျိုး

 

2. သဘာ၀အတိုင်း အစားအစာထဲမှာ တွေ့နိုင်တဲ့ အရာတွေ ( naturally occurring objectives)

ဉပမာ… အသားထဲမှာ အရိုးပါလာတာမျိုးး

အများဆုံးတွေ့နိုင်တဲ့ Physical hazard တွေနဲ့ source တွေကတော့

** Glass ဖန်( light bulb မီးသီး , glass window ပြတင်းမှန်, glass container ဖန်ထည်ခွက်)

** Metal သတ္တု( fragments of equipment, blades ဘရိတ်ဓါး, needles, အပ်)

**Plastic ပလပ်စတစ် (materials used for packaging) ထုပ်ပိုးသုံးပစ္စည်း

 

**Stones ခဲ ( incorporated in fields crop during harvesting) ရိတ်သိမ်းစဉ် ပါဝင်နိုင်မှု)

** Naturally occurring in food အစားအစာတွေမှာ သဘာဝအလျောက်တွေ့ရှိရမှု ( sharp and hard parts of food e.g., shell from nut fruits) အခွံမာသီးများ၊ အစားအစာများ၏ ချွန်ထက်မာကျောသော အပိုင်းများ

 

Physical hazard က ဘယ်လောက်အထိ လူတွေကို ဘေးဖြစ်စေနိုင်ဆိုတာတော့ အစားအသောက်အမျိုးအစားတွေ, စားသုံးသူတွေ ပေါ်မှာ တူတည်ပီး ကွဲပြားနိုင်ပါတယ်

 

ဉပမာ ကလေးတွေ, သက်ကြီးရွယ်‌အိုတွေအတွက် ရည်ရွယ်ပီး ထုတ်လုပ်တဲ့ အစားအစာတွေမှာ ဆိုရင် physical hazard က high risk (မြင့်မားသော ဘေးအန္တရာယ်) ဖြစ်ပါလိမ့်မယ်

 

Physical hazards ကြောင့် ဘေး ဖြစ်နိုင်တဲ့ အရာတွေကတော့ (Risks of physical hazard in foods) အစားအစာများတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှု ဘေးအန္တရာယ်

* ပါးစပ် ဒါမှမဟုတ် လည်ပင်းကို ပြတ်ရှစေနိုင်တာမျိုး

*သွားတို့ သွားဖုံးတို့ကို ထိခိုက်စေတာမျိုး

* အစာအိမ်လမ်းကြောင်းမှာ ထိခိုက်မိတာမျိုး

* အဆိုးဆုံး အနေနဲ့ သေဆုံးခြင်းထိအောင် ဖြစ်နိုင်ပါတယ်...

 

4. Allergens - ဓါတ်မတည့်မှု

Allergens က အခု နောက်ပိုင်း အရမ်း အရေးပါတဲ့ hazard တစ်ခု ဖြစ်လာပါတယ်...Allogenic hazard ဆိုတာ လူတစ်‌ေယာက်ဟာ အစားအစာတစ်ခုကို စားသုံးပြီးတဲ့ အခါမှာ အစားအစာဟာ immune system (ခုခံအားစနစ်) ကို လှုံ့ဆော်ပေးတဲ့အတွက် ဓါတ်မတည့်မှု ဖြစ်ပီး ဘေးဖြစ်စေနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်...Allergen control (ဓါတ်မတည့်နိုင်မှု ထိန်းချုပ်ခြင်း) ဟာ အစားအစာ ထုတ်လုပ်သူတွေ ရင်ဆိုင်နေရတဲ့ အရာ တစ်ခုလည်း ဖြစ်ပါတယ်...

 

U.S FDA ကနေ မဖြစ်မနေ allergen information ( ဓါတ်မတည့်မှု ပိုင်းဆိုင်ရာ ) အတွက် အောက်ပါ ဖော်ပြထားတဲ့ အစားအစာ အသုံးပြုထားတယ်ဆိုရင် label တွေမှာ ဖော်ပြဖို့ လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်...


8 common allergenic foods - အများဆုံးတွေ့ရှိရလေ့ရှိသော ဓါတ်မတည့်မှု ဖြစ်စေနိုင်သော အစားအစာ (၈)မျိုး

* Milk နို့ (နွားနို့)

* Eggs - ဉများ

* Peanuts -မြေပဲ

* Tree nut (such as almonds, cashews), အပင်ကြီးများမှ သီးသော အသီးများ ( almonds- မက်မွန်၊ မက်မန်းမျိုးနွယ်ဝင် ပင်တစ်မျိုး၊ သီဟိုသီး)

 

* Fish ( such bass, flounder) ငါး ( bass ငါးမျိုး၊ ငါးခွေးလျှာ)

* Shellfish- အခွံမာရှိပြီး စားကောင်းသည့် ရေသတ္တဝါများ၊ ပုဇွန်၊ ဂဏန်း၊ ခရု စသည်)

* Soy ပဲ၊ ပဲပုပ်ပဲ

* Wheat ဂျုံ သည်အစားအစာ 8 မျိုးဟာ အဓိက allergen ဖြစ်စေတဲ့ အရာတွေပဲ ဖြစ်ပါတယ်...

 

Allergen ကို control (ထိန်းချုပ်) လုပ် prevention (ကာကွယ်) လုပ်ဖို့ ဆိုရင်တော့

* Food label (အစားအသောက်အမှတ်တံဆိပ်) မှာ မှန်မှန်ကန်ကန် ဖော်ပြတာမျိုး

* Allergen ingredient ( ဓါတ်မတည့်ပစ္စည်းပါဝင်မှု စာရင်း) ကို တိတိကျကျ ဖော်ပြတာမျိုး

* Allergen ဖြစ်နေတဲ့ အစားအစား‌တွေကို သီးသန့် သိမ်းဆည်းတာမျိုး (တခြားအစားအစာတွေနဲ့ ရောထားရင် cross contamination ( မသန့်ရှင်းမှု ကူးစက်မှု) ဖြစ်စေနိုင်ပါတယ်နော်)

 

* အစားအစာ ပြင်ဆင် ထုတ်လုပ်တဲ့ ဖြစ်စဉ်မှာ တစ်ခုနဲ့ တစ်ခုကြား cleaning and sanitation (သန့်ရှင်းသပ်ရပ်မှု) ကောင်းကောင်း လုပ်ခြင်း

* Product recall (ဈေးကွက်ပြန်လည်သိမ်းဆည်းခြင်း) အတွက် တိကျမှန်ကန်တဲ့ နည်းလမ်းများကို ကြိုတင်ပြင်ဆင်ထားခြင်းး တို့ဖြင့် အခြေခံအနေနဲ့ ကာကွယ်ထိန်းသိမ်းန်ုင်မှာပဲ ဖြစ်ပါတယ်..

 

Tanintharyi FDA

Read times
Rate this item
(0 votes)