What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 18 October 2020 11:47

ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့်အဖွဲ့ ဈေးများ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း၌ စည်ပင်သာယာပိုင် ဈေးပေါင်း(၁၈၄)ဈေး ရှိပြီးဈေးများကို စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊

တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့်ကော်မတီဝင်များသည် ခရိုင်လေးခရိုင်သို့ အဖွဲများခွဲကာ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

zay_1.PNG

 

ဗဟိုစံပြငါးဈေးကြီး

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးစိုးလွင်သည် ကော်မတီဝင် ဦးဝင်းမြင့်သန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးကြီးတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် သက်ဆိုင်ရာဌာန၊ မြို့နယ်ပရဟိတပူးပေါင်းအဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် အသိပညာပေးဆောင်ရွက်နေမှုကို လိုက်လံစစ်ဆေးခဲ့သည်။

ယင်းတို့စစ်ဆေးရာတွင် ဒုတိယမြို့တော်ဝန်က "ဈေးသည်များ စည်းကမ်းတကျ ရောင်းချမှုရှိစေရေး၊ ဈေးအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် အသံချဲ့စက်ဖြင့် နေ့စဥ်နှိုးဆော်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်စေရေးနှင့် စပ်လျဥ်း၍ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

zay_2.PNG

 

သီရိမင်္ဂလာစျေးနှင့်ရွှေပိတောက်ငါးစျေး

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်) ဦးစိုးလွင် ဦးဆောင်၍ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက စျေးများဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါကာ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာစျေးနှင့်ရွှေပိတောက်ငါးစျေး တို့အား COVID -19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် စည်းကမ်းလိုက်နာမှုရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ စျေးများဌာန ဒုတိယဌာနမှူး ဦးသောင်းတင်မှ စျေးအတွင်း COVID-19 ရောဂါကာကွယ်ရေး အတွက်စျေးအတွင်း၌ ပြင်ဆင်ထားရှိမှုများ၊ စျေးသူ/စျေးသားများ Mask မတပ်ပါက ဒဏ်ရိုက်ခြင်းများ၊ လူစုလူဝေးမဖြစ်ပေါ်စေရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးခြင်းလုပ်ငန်များအား နေ့စဥ်လုပ်ဆောင်နေမှုများကို ဒုတိယမြို့တော်ဝန် နှင့်တာဝန်ရှိသူများအားရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယမြို့တော်ဝန်မှ စျေးအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် စျေးသည်များအား တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး စည်းကမ်းလိုက်နာကြရန်လိုအပ်ကြောင်း၊ ငါးဒိုင်များအား ယခင်စျေးနူန်းနှင့် ယခုစျေးနူန်းများ ကွာဟ မှု ရှိ/မရှိ နှင့် ကုန်စည်အဝင် အထွက်များအား စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရသည်။

theingyi.jpg

 

သိမ်ကြီးဈေး (ဃ) ရုံနှင့် ရွှေမင်္ဂလာဈေး

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်သည် ကော်မတီဝင် ဦးဝင်းမြင့်သန်းနှင့်တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက COVID-19 ရောဂါကာကွယ်ထိန်းချူပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် လသာမြို့နယ်ရှိ သိမ်ကြီးဈေး(ဃ)ရုံနှင့် ရန်ကုန်တောင်ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေမင်္ဂလာဈေးတို့၌ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီရောင်းချမှုရှိစေရေးအတွက် လိုက်လံစစ်ဆေးခဲ့သည်။

ယင်းတို့စစ်ဆေးရာတွင် ဒုတိယမြို့တော်ဝန်က "ဈေးသည်များ စည်းကမ်းတကျ ရောင်းချမှုရှိစေရေး၊ သတ်မှတ်ထားသောဆိုင်များသာ ဖွင့်လှစ်ရောင်းချရေး၊ ဈေးအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် အသံချဲ့စက်ဖြင့် အချိန်ပြည့် နှိုးဆော်စေရေး ကုန်စုံဆိုင်များ၊ ဆေးဆိုင်များအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိစေရေးတို့ကို"တာဝန်ရှိသူများက ကြီးကြပ်ကွပ်ကဲ၍ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။

မြို့တော်သတင်း

Read times Last modified on Sunday, 18 October 2020 12:00
Rate this item
(0 votes)