What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 May 2020 14:34

ရန်ကုန်လေးမြို့နယ်ကို ကန့်သတ်ချက်တွေ ဖြေလျှော့ပေးတော့မည်

Covid - 19 ရောဂါပိုး ကူးစက်မှု အသစ်မတွေ့တာ ရက်ပေါင်း ၂၀ ကျော်လာပြီဖြစ်တဲ့

မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ ဗိုလ်တစ်ထောင်မြို့နယ် လေးမြို့နယ်ကို ကန့်သတ်မှုတွေ ဖြေလျော့ပေးဖို့ သုံးသပ်နေတယ်လို့ သတင်းရရှိပါတယ်။
ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေ၊ ပါဝင်တဲ့ အစည်းအဝေးမှာ အတိင်ပင်ခံက ပြောကြားခဲ့တာလုိ့ မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ရေးသားထားတာပါ။
အဲဒီမြို့နယ် လေးမြို့နယ်ဟာ စည်းကမ်းလိုက်နာမှုအားကောင်းတာကြောင့် ရောဂါအသစ်ကူးစက်မှုတွေ ထပ်မံမတွေ့ဘဲ အခြားမြို့နယ်တွေကလည်း စံနမူနာလိုက်နာကျင့်သုံးစေဖို့ ဖြေလျော့ပေးဖို့ သုံးသပ်နေတာလို့ အတိုင်ပင်ခံက ပြောကြားကြောင်း ရေးသားထားတာပါ။
ပြန်လည်ဖြေလျော့ပေးရာမှာလည်း အရင်ကလို သွားချင်သလို သွားလာခွင့်ပြုခြင်းမဟုတ်ပဲ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အနည်းငယ်သက်သာ လျော့ပေါ့ခြင်းဖြစ်ကြောင်းနဲ့ နှာခေါင်းစည်း Mask မတပ်ပဲ လမ်းမထွက်ဖို့နဲ့ လူစုလူဝေးလုပ်ဖို့ ခွင့်ပြုတာမျိုး မဟုတ်ဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် လက်ဖက်ရည်ဆိုင်နဲ့ မုန့် အစားအသောက်ဆိုင်တွေ ပြန်လည်ဖွင့်ပါကလည်း စားပွဲခုံတွေကို လုံလောက်တဲ့ အကွာအဝေးနဲ့ ခွဲထိုင်စေရမှာ ဖြစ်ပြီး၊ စည်းကမ်းမလိုက်နာရင် ပထမအကြိမ် ဒဏ်ငွေ၊ နောက်အကြိမ်တွေမှာ ဆိုင်ပိတ်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားရင် သင့်တော်မယ်လို့လည်း အတိုင်ပင်ခံက မှတ်ချက်ပြုထားတယ်လို့ ဆိုပါတယ်။
ညမထွက်ရအမိန့်ကိုတော့ ဆက်လက်ထားရှိမှာဖြစ်ပြီး၊ အခြေအနေတိုးတက်ကောင်းမွန်ရင် ကန့်သတ်ချိန်ကို လျော့ချပေးမယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ မေလ ၁၃ ရက်နေ့ကစပြီး ပြည်သူတွေအနေနဲ့ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း Mask တပ်ကြဖို့၊ လူ ငါးဦးအထက်ပိုမစုဖို့လည်း ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။
Source : 7Day News Journal

Read times
Rate this item
(0 votes)