What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 12 October 2020 11:00

ကိုဗစ်ကာလ စိတ်ကျန်းမာရေး စစ်တမ်း

ကိုဗစ်ကာလမှာ စိတ်ကျန်းမာရေး အခြေအနေများအပေါ် သက်ရောက်မှု

 

ဘယ်လိုဘယ်လောက် ရှိတယ်ဆိုတာ သိရဖို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အွန်လိုင်းကနေ စစ်တမ်းတစ်ရပ်ကို ကောက်ယူခဲ့ပါတယ်။ သီးသန့်ခွဲခြားနေထိုင်ရခြင်းနဲ့ ဝင်ငွေလျော့နည်းခြင်းတွေက လူတွေကိုပိုပြီး စိတ်ညစ်စေကြောင်း ဒီအခါ ရောဂါတွေပြန်ပေါ်လာတာမျိုးနဲ့ အရက်သေစာ သောက်စားမှုတွေကလည်း ပြန်မြင့်တက်လာတာ မျိုးတွေကိုဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့ပါတယ်။


ပြီးခဲ့တဲ့လက လူပေါင်း ၁ သောင်းကျော်ကို လေ့လာမှုပြုခဲ့ရာမှာ အိမ်မှာနေရင်း ဖိအားဝင်တာနဲ့ အပြင်ထွက်လို့ကူးစက်ခံရမှာ ကြောက်တာတွေကလည်း လူ့စိတ်ကျန်းမာရေးအပေါ်

 

အရင်ကမရှိခဲ့ဖူးတဲ့ သက်ရောက်မှုဖြစ်ပါတယ်။ နေ့စဉ်ဘ၀တွေကလည်း မလွယ်ကူကြောင်း၊ စားရတာအရသာမဲ့ အိပ်ရတာတွေများ ကွန်ပျူတာဂိမ်းတွေဆော့ရင်း အချိန်ဖြုန်းရတာတွေများကြောင်း ပြောလာကြပါတယ်။

 

အစိုးရအနေနဲ့ အခုနှစ်ကုန်ကစပြီး နှစ်သိမ့်ဆွေးနွေးအကြံပေးမှုတွေကို လုပ်ဆောင်ပေးသွားဖို့ နည်းလမ်းရှာနေပါတယ်။ ကုသမှု သို့မဟုတ် အထောက်အပံ့တစ်ခုအဖြစ် ဆောင်ရွက်ပေးလာနိုင်ဖို့ကိုလည်း ရည်မှန်းထားပါတယ်။

 

ဒီလိုအစီအစဉ်ကို မနှစ်ကတော့ အစိုးရရဲ့ အထောက်အပံ့နဲ့ တိုကျိုက အာဒါချီမှာ ဆောင်ရွက်ပေးဖူးပြီး (ဆိုဒါ)လို့ခေါ်ပါတယ်။ လူငယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေကို အခမဲ့နှစ်သိမ့်ဆွေးနွေး အကြံပေးတာဖြစ်ပါတယ်။

 

တစ်ချို့ကလည်း ဆိုရှယ်မီဒီယာတွေမှာ နစ်မွန်းရင်း အတွေးလွန်နေသူတွေ အကြောက်လွန်နေသူတွေရှိကြောင်း၊ အသက်၂၀အရွယ်လောက်နဲ့လည်း အိမ်ထဲပဲနေ ဘာမှလည်းမလုပ်ရ သူငယ်ချင်းတွေနဲ့လည်း မတွေ့ရတော့ စိတ်ဓာတ်တွေကျပြီး ဖိအားတွေဝင်လာသူတွေလည်း ရှိပါတယ်။

 

ဒါပေမဲ့ အွန်လိုင်းကနေ ကျွမ်းကျင်သူရဲ့ နှစ်သိမ့်အားပေးမှုကြောင့် ကူးစက်မှာကို ကြောက်နေစရာမလိုတာ သိလာသူတွေလည်း ရှိနေပါတယ်။

 

MRTV

Source – NHK

Read times
Rate this item
(0 votes)