What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 10 January 2021 14:08

ဧရာစင်တာတွင် ဗီဇပြောင်းပိုးတွေ့သည်ဆိုတာ မဟုတ်မှန်

ဧရာဝတီ COVID-19 ကုသရေးစင်တာမှာ ဗီဇပြောင်းပိုးတွေ့ရှိတယ်ဆိုတာမဟုတ်မှန်ဘူးလို့ ဧရာဝတီစင်တာ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးက One News ကိုအတည်ပြုပြောပါတယ်။

 

ဧရာဝတီစင်တာဟာ COVID ပိုးရှိမရှိစစ်ဆေးပေးတာပဲရှိပါတယ်။ ဗီဇပြောင်းဟုတ်မဟုတ် ဆေးသုတေသနဦးစီး ဌာနကသာ ဓာတ်ခွဲစစ်ဆေးတာဖြစ်ပြီး ဗီဇပြောင်းပိုးတွေ့ရတယ်လို့ ဆေးသုတေသနဦးစီးဌာနက အခုချိန်အထိ အကြောင်းကြားလာတာမျိုးမရှိသေးဘူးလို့ ဒေါက်တာကောင်းမြတ်စိုးကပြောပါတယ်။

 

ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာထွန်းမြင့်ကလည်း ဗီဇပြောင်းပိုးဧရာစင်တာမှာတွေ့တယ်ဆိုတာမဟုတ်မှန်ဘဲ ကောလဟာလသာ ဖြစ်တယ်လို့ ပြောပါတယ်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း မြန်မာနိုင်ငံမှာ ယခုအချိန်ထိ ဗီဇပြောင်းဗိုင်းရပ်ပိုး မတွေ့ရရှိရ သေးဘူးလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

 

ဗီဇပြောင်းပိုးနဲ့ပတ်သက်လို့ မေးမြန်းဖို့ဆေးသုတေသနဦးစီးဌာနကဆက်သွယ်ရာမှာတော့ ဆက်သွယ်မှုမရရှိခဲ့ ပါဘူး။

 

One News Myanmar

Read times
Rate this item
(0 votes)