What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 19 October 2020 14:45

လူ့အရေပြားမှာ ၉ နာရီခန့် ရှင်သန်သည့် Coronavirus အသစ်

မျိုးရိုးဗီဇ သန္ဓေပြောင်းထားပြီး ဖြစ်သော Coronavirus အသစ်သည် လူ့အရေပြားမျက်နှာပြင်ပေါ်တွင် ကိုးနာရီခန့်ရှင်သန်နိုင်ပြီး

၎င်းအသက်ရှင်နိုင် သည့်ကြာချိန်မှာ သာမန်တုပ်ကွေးရောဂါပိုး၏ ၅ ဆဖြစ်သည်ဟု ဂျပန် သုတေသီများက တွေ့ရှိခဲ့သည်။

ကူးစက်ရောဂါဆိုင်ရာအထူးကု Ryohei Hirose အပါအ၀င် ဖြစ်သော Kyoto Prefectural ဆေးတက္ကသိုလ်မှ သုတေသီများက ၎င်း coronavirus သစ်သည် အရက်ပျံ အခြေပြုထားသော ပိုးသတ်ဆေး ဖြစ်စေ အီသနောရည် ဖြစ်စေ နှင့်ထိတွေ့ပါကဗိုင်းရပ်စ်သည် ၁၅ စက္ကန့်အတွင်း လှုပ်ရှားမှုမရှိတော့ကြောင်း တွေ့ရှိခဲ့သည်။

သို့ဖြစ်ရာ Ryohei Hirose က လူအများတို့ လက်ကို စင်ကြယ်အောင် သေသေချာချာ ဆေးကြောခြင်းကို မကြာခဏ ပြုကြရန်နှင့် အရက်ပျံ အခြေပြုထားသော လက်ဆေးရည်ကို သုံးစွဲကြရန် အကြံပြုတိုက်တွန်းထားသည်။

လူ့အရေပြားပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် အသစ်နှင့် တုပ်ကွေးဗိုင်းရပ်စ်ပိုး influenza A တို့ကို ထားရှိရာ တုပ်ကွေးပိုးသည် ၂ နာရီ မပြည့်ခင်မှာ သေဆုံးသွားသည်။ ကိုရိုနာဗိုင်းရပ်စ်မှာ ၉ နာရီ ဝန်းကျင် ရှင်သန်နေနိုင်သည်ကို တွေ့ကြရသည်။ ဗိုင်းရပ်စ်ပိုး ၂မျိုးစလုံးသည် သက်တမ်းမကုန်ခင်တွင် ကူးစက်ရန် အသင့်ဖြစ်နေကြသည်။ စမ်းသပ်မှုကို လူအရေပြားပေါ်တွင် ပြုခဲ့ရာ၌ ဆေးပညာအတွက် ကိုယ်ခန္ဓာလှူဒါန်းထားသော လူအလောင်းကို အသုံးပြုခဲ့ကြသည်။

လူ့အရေပြားအပြင် အခြာမျက်နှာပြင်များ ဖြစ်သော စတိန်းလက်စတီး၊ အပူခံဖန်ထည်၊ ပလတ်စတစ် စသည်တို့ကိုလည်း အသုံးပြုခဲ့သည်။ ဗီဇအသစ် သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ် အသစ်သည် အဆိုပါ မျက်နှာပြင်များပေါ်တွင် ၅၈ မှ ၈၅ နာရီကြာအထိ ရှင်နေနိုင်ကြောင်း တွေ့ရသည်။ သာမန်တုပ်ကွေးသည် ၆ နာရီမှ ၁၁ နာရီအထိသာ ရှင်နိုင်သည်။ သို့ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ် အသစ်သည် သက်တမ်းပိုရှည်ကြာစွာ ရှင်နိုင်သည်။

အီသာနောနှင့် အရက်ပျံအခြေပြု ပိုးသတ်ဆေးရည်တို့ဖြင့်လည်း စမ်းသပ်ကြည့်ခဲ့ရာ အီသနော ၈၀% ပါဝင်သည့် အရည်ကို အသုံးပြုခဲ့ပြီး အရက်ပျံအခြေပြု ပိုးသတ်ဆေးရည်ကို အများသူငါ ရောင်းချနေသော လက်သန့်ဆေးရည်များကို အသုံးပြုခဲ့သည်။ အဆိုပါဆေးရည်တို့တွင် ဗိုင်းရပ်စ် ၂ မျိုးစလုံးသည် ၁၅ စက္ကန့်အတွင်း မကူးစက်နိုင်တော့သည့်ပိုးအဖြစ်သို့ ရောက်ရှိကုန်ကြကြောင်း တွေ့ရသည်။

Hirose က ပြောပြသည်မှာ " ကိုရိုနာဗိုင်းရပ်စ် အသစ်က နှိုင်းယှဉ်ရင် လူအရေပြားပေါ်မှာ ပိုကြာကြာ ရှင်သန်နိုင်စွမ်း ရှိနေတယ်။ ပိုးကူးနိုင်တဲ့ လမ်းကြောင်းတွေကို အတည်ပြုပေးဖို့ နောက်ခံအကြောင်းရင်းခံတွေထဲမှာ တစ်ခုဖြစ်တဲ့ လူအရေပြားနဲ့ ထိတွေ့ရာမှ ကူးစက်ခြင်းကို ဖြစ်ပေါ်စေဖို့ အချိန်ပိုကြာကြာ ရနေစေတယ်။ ကိုးနာရီတိုင်တိုင် ပိုးကူးနိုင်စွမ်း ဆက်ရှိနေတယ်။ ကိုးနာရီလုံးလုံး ပိုးရှိနေတဲ့ အရေပြားနဲ့ ထိမိတာ မဖြစ်အောင် ကာကွယ်ဖို့ ခက်ခဲစေတယ်။ ဒီတော့ သူတစ်ပါးဆီမှ ကူးစက်ခံရတဲ့ သူတွေကို ပေါ့ဆတယ် စသဖြင့်
အပြစ်မတင်ဖို့ အရေးကြီးတယ်"

Aung Win

mainichi.jp

Read times
Rate this item
(0 votes)