What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 21 October 2020 11:19

ကျန်းမာရေးအာမခံ နှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံဝန်ဆောင်မှုများအတွက် “MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှု” မိတ်ဆက်

MPT သည် အာမခံလုပ်ငန်း ထိပ်တန်းကုမ္ပဏီနှစ်ခုဖြစ်သည့် GGI Nippon Life နှင့် AYA SOMPO အာမခံ ကုမ္ပဏီ တို့ဖြင့် ပူးပေါင်းကာ “MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” ကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ မိတ်ဆက်လိုက်သည့် ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုသည် မြန်မာနိုင်ငံတွင်ပထမဆုံးဖြစ်ပြီး ကိုဗစ်-၁၉ အပါအဝင် ရောဂါဝေဒနာများ ခံစားရခြင်းနှင့် မတော်တဆမှုများကြောင့်ဖြစ်ပွားသည့် အသက်နှင့်ကိုယ်အင်္ဂါထိခိုက်ဆုံးရှုံးမှုများ၊ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သော စရိတ်လိုအပ်ချက်များကို ပံ့ပိုးပေးမည့် MPT ဆင်းမ်ကတ် အသုံးပြုသူများအတွက် အာမခံဝန်ဆောင်မှုဖြစ်သည်။

 

MPT သည် GGI Nippon Life နှင့် ပူးပေါင်း၍ “ဇီဝက” ကျန်းမာရေးအာမခံ၊ AYA SOMPO အာမခံ နှင့် ပူးပေါင်း၍ “သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ စတဲ့ အာမခံ (၂) မျိုးကို ပါဝင်မည်ဖြစ်သည်။

 

အဆိုပါ အာမခံ ဝန်ဆောင်မှု (၂) မျိုးကို MPT4U App၊ MPT ဝက်ဘ်ဆိုက်၊ စာတိုအတွင်းရှိ Link နှင့် MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုဝက်ဘ်ဆိုက် http://bit.ly/U-life-MM မှတဆင့် မိမိတို့၏နေအိမ်မှပင် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်မည်ဖြစ်သည်။

 

အောက်တိုဘာလ ၁၉ ရက်မှစ၍ MPT သုံးစွဲသူများသည် GGI Nippon Life ၏ “ဇီဝက” ကျန်းမာရေးအာမခံ ဝန်ဆောင်မှုကို ဝယ်ယူရရှိနိုင်ပြီး အဆိုပါဝန်ဆောင်မှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အခြားရောဂါများကြောင့် သေဆုံးခြင်းများသာမက ဆေးရုံတက်ကုသမှုအတွက် စရိတ်များကိုလဲ ပံ့ပိုးပေးနိုင်မည်ဖြစ်ကာ “ဇီဝက” ကျန်းမာရေးအာမခံကိုဝယ်ယူထားသည့်မည်သူမဆို ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသည်ဟုစစ်ဆေးတွေ့ရှိပါက အပိုထပ်ဆောင်းပေးချေမှုပမာဏ (၂)သိန်းကျပ်ကို (သက်တမ်းကာလ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ) ခံစားခွင့် ရရှိနိုင်မည်ဖြစ်သည်။

 

ဇီဝကကျန်းမာရေးအာမခံကို အသက်(၆)နှစ် မှ (၇၅) နှစ် ကြား MPT ဆင်းမ်ကတ်အသုံးပြုသူတိုင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး အသက် (၆)နှစ်မှ (၁၈)နှစ် ကြား ကလေးများ၏ အာမခံဝန်ဆောင်မှုအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများ၏ ထောက်ခံချက်ရရှိရန် လိုအပ်ကြောင်း သိရသည်။

 

“သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ဝန်ဆောင်မှုကို AYA SOMPO အာမခံနှင့် ချိတ်ဆက်ထားပြီး မတော်တဆမှုများကြောင့် သေဆုံးခြင်း၊ တစ်သက်တာကိုယ်အင်္ဂါမသန်စွမ်းမှုများနှင့် ဆေးရုံတက်ကုသမှုများ အတွက် စရိတ်ပံ့ပိုးပေးမည်ဖြစ်ကာ MPT သုံးစွဲသူများသည် အဆိုပါ အာမခံ ဝန်ဆောင်မှုအား အောက်တိုဘာ လကုန်မှစ၍ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

 

ယင်း အာမခံထားရှိသူသည် ဝယ်ယူထားသောဝန်ဆောင်မှု အလိုက် ၅၀၀,၀၀၀ ကျပ်မှ စတင်ပြီး အများဆုံးကျပ် သိန်း ၁၀၀ ထိထုတ်ယူနိုင်သော ခံစားခွင့်ကိုရရှိမည်ဖြစ်ကာ အသက်(၁၆)နှစ် မှ (၆၀)နှစ်ကြားရှိ MPT သုံးစွဲသူများအနေဖြင့် အဆိုပါ အာမခံ ခံစားခွင့်ကို ထားရှိနိုင်မည်ဖြစ်ပြီး အသက် (၁၆)နှစ်မှ (၁၈)နှစ်ကြား ကလေးများ၏ အာမခံဝန်ဆောင်မှုအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများမှ တစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။

 

အာမခံကြေးပေးသွင်းရာတွင် ဝယ်ယူသူ၏ မိုဘိုင်းလ်ဖုန်းရှိ ဖုန်းလက်ကျန်ငွေ (သို့မဟုတ်) MPT Money အကောင့်လက်ကျန်ငွေဖြင့် လွယ်ကူစွာ ပေးချေနိုင်ပြီး အဆိုပါအာမခံဝန်ဆောင်မှုများကို အောက်တိုဘာလ ၁၈ ရက်နှင့် နိုဝင်ဘာလ ၁၈ ရက်အကြား ဝယ်ယူပါက ထပ်ဆောင်းအကျိုးခံစားခွင့်လက်ဆောင်များ ရရှိနိုင်မည်ဖြစ်သည်။

 

MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့်အပြင် iOS နှင့် Android ဗားရှင်းများအတွက်လည်း တိုက်ရိုက်ဒေါင်းလုတ်ရယူနိုင်ပြီး “MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက MPT ၏ ဝက်ဘ်ဆိုက် (သို့) MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာနှင့် MPT U-Life ဒီဂျစ်တယ်အာမခံ ဝက်ဘ်ဆိုက်စာမျက်နှာ http://bit.ly/U-life-MM တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မည်ဖြစ်သည်။

 

Transcom News Journal

Read times
Rate this item
(0 votes)