What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 20 September 2020 13:10

ကိုဗစ်ပိုးတွေ့သူတွေကို ကွင်းဆက်ဖြတ် ၊ နောက်ဆုံးပေါ်ကုထုံး မဟာဗျူဟာ ကျင့်သုံးမည်

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းထဲ ကိုဗစ်ပိုး ကူးစက်မှုနဲ့ သေဆုံးမှုတွေ ရုတ်တရက် မြင့်တက်လာတာကြောင့် ဒီအခြေအနေကို ထိရောက်စွာ ပြန်လည်ထိန်းချုပ်နိုင်ဖို့ က ွင်းဆက်ဖြတ်ကုသရေး နောက်ဆုံးပေါ် နည်းဗျူဟာသစ်တရပ်ကို ချမှတ်ဆောင်ရွက် သွားမယ့်အကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားတဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

 

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ကြာသပတေးနေ့ တရက်ထဲမှာ ကိုဗစ်ကြောင့်သေဆုံးသူ (၁၄)ဦး ရှိပြီး၊ သောကြာနေ့ တရက်ထဲမှာ သေဆုံးသူပေါင်း (၁၀)ဦးရှိလာတဲ့အတွက် မြန်မာနိုင်ငံမှာ ခုချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း (၇၀)ရှိ သွားပါပြီ။ ကိုဗစ်ပိုး ကူးစက်ခဲ့သူစုစုပေါင်းကလည်း (၄၄၆၇)ဦး ရှိလာတဲ့အတွက် ပြည်သူတွေကြားမှာရော ကျန်းမာရေးပညာရှင်နဲ့ ဝန်ထမ်းတွေ ကြားမှာပါ စိုးရိမ်မှု မြင့်တက်လာတာပါ။

 

ဒီအခြေအနေကို ထိရောက်စွာ ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ က ွင်းဆက်ဖြတ်ကုသရေး နည်းဗျူဟာသစ်နဲ့ ဆောင်ရွက်သ ွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက VOA မြန်မာပိုင်းကို ရှင်းပြပါတယ်။

 

“ဒီအချိန်မှာ ကျနော်တို့ရဲ့ အဓိက Strategy မဟာဗျူဟာက ဘာလဲဆိုတော့ နံပါတ်(၁)- လွတ်နေတဲ့ ရောဂါဖြစ်နေတဲ့သူတွေကို ရှာဖွေမယ် Contact တွေပေါ့။ နံပါတ်(၂)- ဆေးရုံတက်သော လူနာများအားလုံး မသေဖို့ပေါ့ ၊ မသေဖို့ဆိုတာကတော့ ရောဂါအခံရှိတဲ့ လူတွေကတော့ double effect ရှိတာပေါ့။ သူတို့က နဂိုရောဂါအခံကြောင့်ရော နောက်ဝင်လာတဲ့ရောဂါလည်း ရှိတာပေါ့။ ဒါပေမဲ့ မသေဖို့ဆိုတာကတော့ ကျနော်တို့မှာရှိတဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးပြီးတော့ အစွမ်းကုန် ကုသပေးနေပါတယ်။”

 

ကိုဗစ်ကူးစက်ထားတဲ့ လူတချို့နဲ့ သံသယလူနာတွေဟာ ကွာရမ်တင်းဝင်ဖို့ ၊ ကုသမှုခံယူဖို့ ရှောင်တိမ်းနေတာရှိပြီး သတင်း မပို့တာတွေလည်း ရှိနေတဲ့အတွက် ကူးစက်မှုက တစထက်စတ ပိုများလာတဲ့အပေါ် ပိုးကူးစက်လူနာတွေရဲ့ ကွင်းဆက်ကို ရှာဖွေ ဖေါ်ထုတ် ကုသပေးနိုင်ရေးက အရေးကြီးလာတယ်လို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

 

“ အဲဒီအတွက်ကို Contact Tracing ပေါ့လေ၊ လွတ်နေတဲ့သူတွေကို လိုက်ရှာနေရတယ်။ ရေခဲတုံးလိုပေါ့ ရေပေါ်မှာ ပေါ်နေတာပဲတွေ့ရတယ် ရေအောက်မှာ နစ်နေတဲ့ ရေခဲတုံးအပိုင်းက ရှိသေးတယ်။ ရေခဲတုံးက ၁၀ ပုံ ၁ ပုံပဲ ရေပေါ်မှာ ပေါ်တယ်။ ၁၀ ပုံမှာ ၉ ပုံက အောက်မှာ။ အဲဒီတော့ အောက်မှာဆိုတာက ဥပမာ ရခိုင်ဘက်က လာတဲ့သူတွေ ဒါမျိုးက ရေမျက်နှာပြင်အောက် ရောက်နေတာမျိုးပေါ့ ။ ကျနော်တို့ကတော့ ရသလောက် ဖေါ်ထုတ်နေတယ်။ သူတို့က သတင်းလာပို့ရမယ်။ ဘယ်သူနဲ့ ထိတွေ့ခဲ့တယ် မေးမယ်။ ပြီးရင် ကျနော်တို့ ပြန်လိုက်ပေါ့ အဲဒီပိုးရှိလူနာ Contact တွေ ပြန်စစ်မယ်။ အဲလိုလုပ်သွားမယ်။”

 

ကိုဗစ် ကူးစက်မှုအများစုဟာ ရန်ကုန်တိုင်းအတွင်းမှာ ဖြစ်နေတာပါ။ ဒါကြောင့် ရန်ကုန်တိုင်းအခြေအနေကို ကိုင်တွယ်ဖို့ ကျွမ်းကျင် ဆေးပညာရှင်တွေပါတဲ့ အဖွဲ့တွေ ထပ်ဖွဲ့ပြီး စတင်လုပ်ဆောင်နေပြီလို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

 

“ ကျနော်က ဝန်ကြီးဆိုပြီး ကျနော်တယောက်ထဲ လုပ်လို့ မရပါဘူး။ အဲဒါကြောင့် ကျန်းမာရေးဝန်ကြီးရုံး ညွှန်ချုပ် ဦးဆောင်ပြီးတော့ အဖွဲ့တဖွဲ့ ဖွဲ့လိုက်တယ်။ ရန်ကုန် အခြေအနေကို ကိုယ်တွယ်ဖို့ပေါ့။ နောက်တခုက အမြန်ဆုံးကိုင်တွယ် ဆောင်ရွက်မယ့် Rapid Response Team ပေါ့ ၃ ခုကို - ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရောဂါနှိမ်နင်းရေး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ကုသရေး၊ ညွှန်ကြားရေးမှူး ရောဂါနှိမ်နင်းရေး ခေါင်းဆောင်တဲ့ အဖွဲ့ ၃ ဖွဲ့ ဖွဲ့လိုက်ပါတယ်။

 

ရန်ကုန်မှာရှိတဲ့ ကွာရမ်တင်း စင်တာတွေကို စီမံခန့်ခွဲဖို့ရယ် ၊ ပြည်သူ့ကျန်းမာရေးကိစ္စ တွေကို လုပ်ဖို့ရယ် နောက်ပြီး တချို့သော တော်ရုံတန်ရုံကုသရေးမှာ အကြံဉာဏ်တွေ ပေးဖို့ပေါ့လေ .. ကျနော် လွှတ်လိုက်ပါပြီ။ ရန်ကုန်ကတော့ အဓိကဖြစ်နေတာကိုး အဲဒါကြောင့်ပါ။ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူးကိုလည်း အများကြီး အထောက်အကူ ပြုမှာပါ။”

 

က ွင်းဆက်ဖြတ်ကုသရေး နည်းဗျူဟာအရ Contact Tracing လို့ခေါ်တဲ့ ကိုဗစ်ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေ ဖေါ်ထုတ်နိုင်ရေးဟာ အရေးကြီးပြီး ၊ ဒီအတွက် ပြည်သူတွေရဲ့ ပူးပေါင်းကူညီမှုကလည်း အရေးပါကြောင်း ကျန်းမာရေးဝန်ကြီးက ထောက်ပြပါတယ်။ အဲဒီလူတွေကို တွေ့ရှိမှသာ သူတို့ကို ကွာရမ်တင်းဝင်ခိုင်းပြီး ထိရောက်စွာ ထိန်းချုပ် ကုသမှု ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဆေးပညာရှင်တွေ ပြောဆိုနေကြပါတယ် ။

 

Burmese VOA

Your browser doesn’t support HTML5

Read times
Rate this item
(1 Vote)