What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 September 2020 12:02

HIV ပိုးဖြင့် နေထိုင်သူများအနေနှင့် COVID-19 ရောဂါကို မပေါ့ဆသင့်ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသိပေး

HIV ပိုးဖြင့် နေထိုင်သူများအနေနှင့် COVID-19 ရောဂါကို မပေါ့ဆသင့်ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသိပေး MRTV

HIV ပိုးဖြင့် နေထိုင်သူများအနေနှင့် COVID-19 ရောဂါကို မပေါ့ဆသင့်ဘဲ မိမိကိုယ်ကို ကာကွယ်နိုင်ရန်အတွက်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်သင့်ကြောင်း သိရပါသည်။ HIV ပိုးဖြင့် နေထိုင်သည့် အသက်ကြီးသူများ (သို့မဟုတ်)နှလုံး၊ အသည်းနှင့်ဆိုင်သည့် ကျန်းမာရေးပြသနာရှိသူများ၊ ဆီးချို၊ သွေးတိုးစသည့် နာတာရှည်ရောဂါရှိသူများမှာ COVID-19 ကူးစက်ခံရနိုင်ချေ ပိုမိုမြင့်မားပြီး ပို၍ပြင်းထန်သည့် ရောဂါလက္ခဏာခံစားရချေရှိကြောင်း သိရသည်။

 

COVID-19 ရောဂါ ကာကွယ်နိုင်ရန်အတွက် HIV နှင့် နေထိုင်သူများအနေနှင့် လိုက်နာသင့်သည့် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်သင့်ပြီး ART ဆေးအပြင် လိုအပ်သောဆေးဝါးများကို အနည်းဆုံး ရက်သုံးဆယ်စာနှင့်အထက်

 

လက်ဝယ်ရှိအောင် စီစဉ်ထားသင့်ကာ ဆေးများကို တိကျမှန်ကန်စွာ စဉ်ဆက်မပြတ် သောက်သုံးနေရန် လိုအပ်ကြောင်း ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ညွှန်ကြားရေးမှူးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

 

နေပြည်တော်သတင်းဌာန

MRTV

Read times
Rate this item
(0 votes)