What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 27 October 2020 16:11

ရန်ကုန်ဆေးရုံကြီး မှာ အရင်လို ပြွတ်သိပ်ကြပ် နေတာမျိုး မရှိတော့ပါ

“အသ က်တိုင်းကို ထည့် တွက်ပါ” ကူးစက်ရောဂါ နှိမ်နှင်းရေး လုပ်ငန်း တစ်ခု ၌ ဆရာကြီးတစ်ဦးက ဆုံးမသွားခြင်းဖြစ်သည်။လူတစ်သောင်းရာ၌ တစ်ယောက်သာသေပြီး ရောဂါဖြစ် သူ‌သေနှုန်း Case fatality rate သုည ဒဿမ ဘယ်‌ လောက်ဘယ်လောက် ဟုယေဘုယျ ခြုံငုံပြောဖြေသိမ့်ကျေနပ်လို့ရသော်လည်း

 

ယင်းသေဆုံးသူ၏ မိသားစုအတွက်ကတော့ ၁၀၀% ဆုံးရှုံးမှုပင်ဖြစ်သည်။အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်သည်။ လူနာတိုင်း က၎င်းတို့ မိသားစုတိုင်းအတွက် VIP ပါ။လူတိုင်း၏သောက နှင့်ဆန္ဒ ကို နားလည်ပေးလိုက်ပါ။ တန်းတူညီမျှ Equality ပေးသင့်တဲ့ နေရာမှာပေးနိုင်အောင် သာတူညီမျှ Equity ပေးသင့်တဲ့နေရာမှာ ပေးနိုင်အောင် ကုသရေး မှာရော ကာကွယ်ရေးမှာရော SOP တွေ Protocol တွေရှိပါစေ။

 

ရင်ထဲ၌ ဆွဲသွားသည့်ဆုံးမစကားတွေကြောင့်ယခုရက်ပိုင်း အတွင်း အတော့်ကို နှလုံးသွင်း မှန်အောင် နေနိုင်ခဲ့ပါသည်။ဆေးရုံအတွက် လိုအပ်ချက်တွေ လှူပေးနေတဲ့အလှူရှင် အမေကြီး၊ ဆရာဝန် ၊ ဆရာမများ အတွက် သူ့ပိုင်တိုက်ခန်းကို အခမဲ့နေခွင့်ပေးပြီးနေ့စဉ်ချက်ပြုတ်ကျွေးနေသည့်အမ၊ ညီအကိုလိုခင်နေသည့်သတင်းအယ်ဒီတာအမတ်လောင်း၊ ဌာနတစ်ခုက အဆင့်မြင့် အရာ ရှိ တစ်ဦး၏မိခင်၊ သူငယ်ချင်းအ ရင်းခေါက်ခေါက်၏ဦးလေး၊ လုပ်အားပေးလူငယ်၏အဘွား၊ ကျွန်တော့်ဆရာမ၏ သူငယ်ချင်း၊ ကျွန်တော့် ဖခင်၏မိတ်ဆွေ၊

 

Image may contain: indoor

 

ကျွန်တော့ အဒေါ်၏တ ပည့်၊ အသိတစ်ယောက်၏ ဘာသာရေး လေးစားရသူ စသည်ဖြင့် ခင်မင်ရသူ ချစ်ခင်ရသူ ကျေးဇူးရှိသူ အားလုံး အားလုံး အရေးပေါ်ကိုရောက်လာသည့်အခါ ကျွန်တော့်မှာ အလုပ်၊ပင်ပန်းမှု၊ ဖိစီးမှုတွေ ရှိနေပါစေ။ အတတ်နိုင်ဆုံး ကိုယ်စီကိုယ်စီ၏လိုအပ်ချက်တွေ ပြောကြားချက်တွေကို နားထောင်ကူညီပေးနိုင်အောင် ကြိုးစားခဲ့ပါသည်။

 

မသိမသာရော ၊ သိသိ သာသာပါ ရန်တွေ့ တတ်သူတွေ နားလည်ပေး သူတွေ ဖိအားပေးသူတွေ စာနာတတ်သူတွ အားလုံး အားလုံးပေးတဲ့ ခံစားချက်တွေကို ကုလ လာဘ ဘယ ကင်းစွာသဒ္ဓါ အားဖြင့် ခံယူလျက်ရှိသည်။ဝန်နှင့်အားနှင့်မမျှစွာ ပင်ပန်းစွာ စောင့်ရှောက်မှုပေးနေသည့်ဆရာဝန် ဆရာမတွေလည်း ဖိအားမဖြစ်အောင် အသီးသီး၏ဆန္ဒလေး တွေလည်း ပြည့်အောင် ရောဂါ အနေအထားပေါ်မူတည်ပြီး ကျန်ခံစားနေရသူများလည်း သူတို့အားဦးစား ပေးခြင်းကြောင့် ဘေးဖယ်ခံရခြင်းမဖြစ်ရအောင် ကြိုးစားစီမံပေးပါသည်။

 

ကျေနပ်သွားသူတွေ ရှိသလို မကျေ နပ်သူေ တွလည်း ရှိနိုင် ပြီး မကျေနပ်သူ တစ်ယောက်ခြင်းစီတိုင်းကို အနူးအညွတ် တောင်းပန်ပါကာ အရာအားလုံးပြေလည်အောင် အထက်က စေခိုင်းသည့် တာဝန်ရော လုပ်‌ ဆောင်ရ င်းတွေ့ ကြုံရသည့်အလုပ် တွေကိုရော ပြည့်စုံအောင် ရှိသည့် အင်အား စုမိသည့်အား နှင့် အကောင်းဆုံး ကြိုးစားနေရပါသည်။

Image may contain: one or more people and people standing

ယခုအခါ၌ ဟိုးအရင်ကလို ပြွတ်သိတ်ကြပ်မနေတော့ပေ။ နေစရာမရှိ၍ကြမ်းခင်းပေါ် ချ အိပ်နေရတာမျိုး ကုလားထိုင်လေးပေါ် ကျုံ့ကျုံ့လေး နေရတာမျိုး မရှိတော့ပဲ လူတိုင်းကိုကုတင်ပေါ်ရောက်အောင် ပါမောက္ခချုပ်ကြီးဒေါက်တာဇော်ဝေစိုး နှင့် ဆေးရုံအုပ်ကြီး(ဒုချုပ်) ဒေါက်တာ မြင့်မြင့်အေး တို့ ဦးဆောင်တဲ့ အဖွဲ့က စီမံနိုင်ခဲ့ပြီဖြစ်သည်။ ရောက်ရှိလာသမျှ လူနာတိုင်းကို အဆင်ပြေစေရန် ရန်ကုန်ဆေးရုံကြီးက ကြိုးစားနေသည်။ ကုတင်ပြည့်နေလို့ လူများလို့ဆိုပြီး ငြင်းဆန်တာမရှိသည့်အခါ ရောဂါ ပြင်းထန်မှု အနေအထားပေါ်မူတည်ပြီး ဦးစားပေးစနစ်ကို ဆောင်ရွက်လျက်ရှိသည်။

 

ဥပမာ အသက် ၈၂ နှစ် အမေကြီး အစာအိမ်ပေါက်နေတယ်လို့ အဖြေသိပြီး ကြိုတင်ဆက်သွယ်ထားတဲ့ ကိုဗစ်ပိုးတွေ့လူနာကို လူနာတင်ယာဉ်နှင့် သူ့ကို ခွဲစိတ် ကု သပေး မယ့်အဆောင် အနားအထိ တန်းသယ်ပို့တာမျိုးလုပ်ပေးခြင်း တဆင့်ဆင့် စစ်ဆေးတဲ့အဆင့်တွေကို ကျွန်တော်တို့ လက်ထောက်ဆရာဝန်လေးတွေပဲ လိုက်လုပ်ပေးခြင်းမျိုး‌ တွေရှိပါသည်။ ဆိုခဲ့သလိုပါပဲ “လူနာတိုင်း ကတော့ သူတို့အိမ်မှာ အရေးကြီးပုဂ္ဂိုလ်ပါပဲ” ကျွန်တော်တို့ကလည်း ထပ်ဆိုပါရစေ လူနာတိုင်းဟာ ကျွန်တော်တိုအတွက် အရေးကြီးပုဂ္ဂိုလ် တွေပါခင်ဗျာ….

 

‌By - Dr.Nander Win

Read times
Rate this item
(0 votes)