What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 26 April 2020 07:34

လှိုင်သာယာမြို့နယ် Covid - 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ ထုတ်ပြန်ကြေညာချက်

လှိုင်သာယာမြို့နယ်အတွင်းနေထိုင်ကြသောမိဘပြည်သူများသိစေရန် သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
 
Case-144နှင့်ပက်သက်၍လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်သို့ တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ ကျန်းမာရေးဌာန၊ အလုပ်သမားဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကာ လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်လျက်ရှိပါသည်။
၎င်းCase-144နှင့်ပတ်သက်၍ ရပ်ကွက်ထဲတွင်အဆောင်ပိုင်ရှင်များနှင့် ရပ်ကွက်ပြည်သူများက ၎င်းစက်ရုံဝန်ထမ်းများကို အဆောင်ပြန်မလာဖို့၊ ရပ်ကွက်အတွင်း ပြန်မလာဖို့အထိ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လျက်ရှိရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပြည်သူများ နားလည်သဘောပေါက်စေရန် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်ပေးနေရပါသည်။
case-144သည် လွန်ခဲ့သော(၁၅-၄-၂၀၂၀)ရက်နေ့ထဲက မိုးညင်းမြို့နယ်သို့ ပြန်သွားခဲ့သဖြင့် လှိုင်သာယာအတွင်း ကင်းကွာနေသည်မှာ (၁၀)ရက်ရှိပြီဖြစ်ပါသည်။
အဆိုပါစက်ရုံသည်လည်းပိတ်ထားခဲ့သည်မှာ (၁၀.၄.၂၀၂၀) ရက်နေ့ကဖြစ်၍ စက်ရုံပိတ်ထားသည်မှာ(၁၅) ရက်ရှိပြီဖြစ်ပြီး case-144နှင့် စက်ရုံဝန်ထမ်းများ ထိတွေ့မှုမရှိသည်မှာ (၁၅)ရက်ရှိပြီဖြစ်ပါသည်။
၎င်းCase-144နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ၎င်းအထက်လူကြီးစကားပြန်၊ အတူနေသူငယ်ချင်း၊ ပြသခဲ့သောစက်ရုံတွင်းဆေးခန်းမှ သူနာပြု၊ဆရာဝန်နှင့် လှိုင်သာယာမြို့နယ်(6) ရပ်ကွက် ကျန်စစ်သားလမ်းမှ ဆေးခန်းတစ်ခုမှ ထိတွေ့ခဲ့သောဆရာဝန်၊ ဓါတ်မှန်ဆရာများ အတူလိုက်ပါလာသည့်ဝန်ထမ်းနှင့် မိုးညင်းသို့ပို့ဆောင်ပေးသူနှစ်ဦးတို့ကိုလည်း Quarantine Centreသို့ပို့ရန် စီစဥ်ထားပြီးဖြစ်ပါသည်၊
စက်ရုံအတွင်းအဆောင်နေသည့် (၃၈)ဦးကိုလည်း အပြင်မထွက်ရန် ဆောင်ရွက်ထားပြီးဖြစ်ပါသည်။
ထို့အတူ၎င်းတို့အားလုံး၏ဆေးစစ်ချက်များအား(၂၆.၄.၂၀၂၀)ရက်နေ့(သို့မဟုတ်)(၂၇.၄.၂၀၂၀ )ရက်နေ့များတွင်သိရှိရမည်ဖြစ်ပါ၍ အဆိုပါဆေးစစ်ချက်ရရှိပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ထပ်မံဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရပ်ကွက်/ကျေးရွာအတွင်းရှိ မိဘပြည်သူများအနေဖြင့် အဆိုပါစက်ရုံမှဝန်ထမ်းများသည် တိုက်ရိုက်ထိတွေ့ခဲ့သူများမဟုတ်သည့်အတွက် သူလိုကိုယ်လိုပဲ maskတတ်ခြင်း၊ လက်ကိုစနစ်တကျဆေးခြင်းနှင့် တစ်ဦးနှင့်တစ်ဦး၆ပေအကွာနေသည်ဆိုပါက တော်တော်များများထိရောက်သည့် ကာကွယ်မှုတစ်ခုဖြစ်ပါသောကြောင့် တည်တည်ငြိမ်ငြိမ်ဖြင့် အမှန်ကန်ဆုံးနည်းလမ်းများကို လျောက်လှမ်းရမည်ဖြစ်ပါသည်။
ဉီးရေ ၈၀၀၀ခန့်ရှိသောဝန်ထမ်းများအား အကြောက်လွန်၍သော်လည်းကောင်း၊ ရပ်ကွက်နေပြည်သူများက ကြောက်လန့်၍သော်လည်းကောင်း၊ အဆောင်သို့ပေးမဝင်ခြင်း၊ ရပ်ကွက်သို့ပေးမဝင်ခြင်းများမှာ နည်းလမ်းမှန်တစ်ခုတော့ မဖြစ်နိုင်ပါ။
သို့ပါ၍မိဘပြည်သူများအနေဖြင့် ဂရုပြုဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။
စက်ရုံကိုပိုးသတ်ဆေးအမြန်ဆုံးဖြန်းရန် ဆောင်ရွက်နေပါသည်။
၎င်းတို့ကိုယ်တိုင်လည်း ပိုးသတ်ဆေးမျာ းစက်ရုံအတွင်းဖြန်းထားကြောင်းသိရှိရပါသည်။
တာဝန်ရှိသူများကိုယ်တိုင်စက်ရုံသို့ သွားရောက်ကာ အသေးစိတ်စိစစ်ကာ လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပြီး ထပ်ဆင့်တင်ပြကာ အဆုံးအဖြတ်ရယူသွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
 
 
 
Read times
Rate this item
(0 votes)