What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 27 October 2020 16:22

စနေနေ့မှစပြီး ပိုလန် တနိုင်ငံလုံးကို အနီရောင်ဇုန်အဖြစ် သတ်မှတ်

ပိုလန်အစိုးရမှ တနိုင်ငံလုံးကို "အနီရောင်ဇုန်" အဖြစ် သတ်မှတ်လိုက်ပြီး စနေနေ့မှာ စတင်သက်ရောက်မယ်လို့ သိရပါတယ်။

 

ပိုလန်ရဲ့ကူးစက်မှုက ကြာသပတေးနေ့မှာ ၁၃၆၀၀ ဦးနဲ့ သေဆုံးမှု ၁၅၃ ခုရှိခဲ့ပြီး တစ်နေ့တာအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူများအား ကန့်သတ်စည်းကမ်းချက်များကို အတိအကျလိုက်နာဖို့ ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

 

ကန့်သတ်ချက်အသစ်မှာ အပြင်ထွက်တိုင်း နှာခေါင်းစည်းကို အချိန်ပြည့် တပ်ဆင်ထားရမှာ ဖြစ်ပြီး မူလတန်းကျောင်း အားလုံးကို အွန်လိုင်းသင်ကြားရေးစနစ်သို့ ပြောင်းလဲလိုက်မှာ ဖြစ်ပါတယ်။

 

စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့် ရောင်းချဖို့နဲ့ အချိန်ကာလ ၂ ပတ်ကြာမယ်လို့ ဆိုပါတယ်။ လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်းမပြုရဘဲ အသက် ၇၀ နှင့်အထက် သက်ကြီးရွယ်အိုများ အိမ်ထဲမှာသာ နေထိုင်ရမှာဖြစ်ပြီး သူတို့အတွက် လိုအပ်မယ့် ထောက်ပံ့မှုပစ္စည်းများ ပို့ဆောင်ပေးဖို့ကိုလည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

 

ကန့်သတ်ချက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ထိတွေ့မှု နဲ့ ခရီးသွားလာရေး ဝန်ဆောင်မှုများမှာ လူဦးရေကို လျော့ချနိုင်ဖို့ဖြစ်တယ် လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ "ကျနော်တို့အားလုံး ရောဂါကူးစက်ပျံ့နှံ့မှုကို လျော့ချနိုင်မှဖြစ်မယ်" လို့ Morawiecki က ဆက်ပြီးပေးခဲ့ပါတယ်။

 

ပိုလန်ပြည်သူများ အိမ်မှာပဲနေကြဖို့ နဲ့ နိုဝင်ဘာလ (၁) ရက်နေ့ ရိုးရာဓလေ့ဖြစ်တဲ့ သေဆုံးသွားသူများရဲ့ အုတ်ဂူသင်းချိုင်းဆီသို့ သွားရောက်တဲ့ပွဲတော်ကိုလည်း မပြုလုပ်ကြဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

 

KoSunny

Read times
Rate this item
(0 votes)