What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 September 2020 18:40

အင်းစိန် ၁၂ ဦး စာရင်းတွင် သီလရှင် စာသင်တိုက်မှ ဆရာလေး (၆)ပါး ပါဝင်နေ

ယနေ့ ညနေ MOHS ကြေညာချက်တွင် အင်းစိန်မှ ၁၂ ဦး ကိုဗစ်ရောဂါပိုး တွေ့ရှိကြောင်း သိရပါသည်။

ယမန်နေ့ညက ၁ ဦး သတင်း တင်ပြပြီး ဖြစ်ပါသည်။

နောက်တိုး ၁၁ ဦးအနက် ၆ ဦးမှာ အင်းစိန်မြို့နယ်၊
မြို့သစ်(ဂ)ရပ်ကွက်၊ ဓမ္မဝါဒီသီလရှင် စာသင်တိုက်မှ ဆရာလေး ၆ပါးဖြစ်ပြီး၊ ကျန်၅ ဦးမှာ-

-စဉ့်ငူရပ်ကွက်၊ ဘူတာရုံလမ်းမှ-ကျား ၁ ဦး၊
-ဒညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၄)မှ- ကျား ၁ ဦး၊
-တောင်သူကုန်းရပ်ကွက်၊ ဒေါ်လှဝင်းလမ်းမှ- မ ၁ဦး၊
-တောင်သူကုန်းရပ်ကွက်၊ ကမ္မဋ္ဌာန်းကျောင်းလမ်းမှ- ကျား ၁ ဦး၊
-ကမ်းနားအနောက်ရပ်ကွက်၊ ငြိမ်းသာယာလမ်းမှ-
ကျား ၁ ဦး တို့ဖြစ်ကြသည်။

ယခုဆိုလျှင် အင်းစိန်မြို့နယ်မှ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၆၄၅ ဦးရှိပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဝေဖြိုးဟန်

Read times
Rate this item
(0 votes)