What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 February 2020 20:06

(၁၇-၂-၂၀၂၀ ရက်နေ့၊ ည (၈း၀၀) နာရီ) Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်

ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ 

 

၂။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် (၁၆-၂-၂၀၂၀) ရက်နေ့၊ ည (၈း၀၀) နာရီမှ (၁၇-၂-၂၀၂၀) ရက်နေ့၊ ည (၈း၀၀) နာရီအချိန်အထိ Coronavirus Disease 2019 (COVID-19) ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသသည့် လူနာသစ်မရှိပါ။ 

 

၃။ သို့ဖြစ်ပါ၍ ယနေ့ (၁၇-၂-၂၀၂၀) ရက်နေ့၊ ညနေ (၈း၀၀) နာရီအချိန်အထိ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် စောင့်ကြည့်လူနာ (၈) ဦးအား သက်ဆိုင်ရာဆေးရုံများ၌ ဆက်လက် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန် လျက်ရှိပါသည်။ 

 

၄။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါစောင့်ကြည့်လူနာနှင့် သံသယလူနာများတွေ့ရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။

 

 

(Zawgyi)

======

(၁၇-၂-၂၀၂၀ ရက္ေန႕၊ ည (၈း၀၀) နာရီ) Coronavirus Disease 2019 (COVID-19) လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

 

 

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံႏွင့္ ကမာၻ႔နိုင္ငံ အခ်ိဳ႕တြင္ ကူးစက္ပ်ံ့ႏွံ႕လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ ျပည္ဆိုင္ရာဝင္ ထြက္ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူ လူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍ လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။ 

 

၂။ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားတြင္ (၁၆-၂-၂၀၂၀) ရက္ေန႕၊ ည (၈း၀၀) နာရီမွ (၁၇-၂-၂၀၂၀) ရက္ေန႕၊ ည (၈း၀၀) နာရီအခ်ိန္အထိ Coronavirus Disease 2019 (COVID-19) ေရာဂါႏွင့္ ပတ္သက္၍ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ကုသသည့္ လူနာသစ္မရွိပါ။ 

 

၃။ သို႔ျဖစ္ပါ၍ ယေန႕ (၁၇-၂-၂၀၂၀) ရက္ေန႕၊ ညေန (၈း၀၀) နာရီအခ်ိန္အထိ တိုင္းေဒသႀကီး/ ျပည္နယ္ အသီးသီးတြင္ ေစာင့္ၾကည့္လူနာ (၈) ဦးအား သက္ဆိုင္ရာေဆး႐ုံမ်ား၌ ဆက္လက္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိၿပီး ၎တို႔၏ က်န္းမာေရးအေျခအေနမွာ သက္သာေကာင္းမြန္ လ်က္ရွိပါသည္။ 

 

၄။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအေနျဖင့္ Coronavirus Disease 2019 (COVID-19) ေရာဂါေစာင့္ၾကည့္လူနာႏွင့္ သံသယလူနာမ်ားေတြ႕ရွိပါက ဆက္လက္သတင္းထုတ္ျပန္သြားမည္ ျဖစ္ပါသည္။

Read times
Rate this item
(0 votes)