What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 September 2020 16:18

Q ဝင်ရသူတို့၏ တနေ့တာ လုပ်ငန်းစဉ် ဖြစ်ရပ်မှန်

လက်ရှိ Covid 19 ရောဂါရှင်တစ်ဦးရေးတဲ့ ဖြစ်ရပ်မှန်တစ်ခုပါ။

 

ဖောင်ကြီး ခတ္တာဆောင် မှာ ကျနော် ၈ရက်နေ့ ရောက်ပါတယ်။ ရောက်ရောက်ချင်း အမည်စာရင်းပေး B ၅၃ အခန်းလေးကို တစ်ဦးထဲသီးသန့်ခန်းလေးရပါတယ် ။ အခန်းများသန့်ရှင်းပြီး အရမ်းကောင်းပါတယ်။ လိုအပ်သည့် စောင်ခေါင်းအုံး ခြင်ထောင် ရယ် ဆပ်ပြာရေချိုးဖို့ သုံးရန်ရေခွက် သွားတိုက်တံ သွားတိုက်ဆေးစသဖြင့် အပြည့်အစုံ ထည့်ပေးထားပါတယ်။

 

ကျနော်တို့ကို မနက် ၆နာရီမှာ သွေးပေါင်တိုင်းပါတယ်။ ပြီးတော့ မနက်၇နာရီလောက် မနက်စာ လာပို့ ပြီး။ မနက်၈နာရီလောက် ကျနော်တို့ ကို တာဝန်ကျ ဆရာဝန်များက ဖုန်းဖြင့်ဆက်သွယ်ပြီးကျန်းမာရေး အခြေနေမေးမြန်းကြပါတယ်။ မိမိခံစားနေရတဲ့ ဝေဒနာအခြေ ဆရာဝန်များက သင့်တော်သည့်ဆေးများကို ဆေးကောင်တာကို အမည်ရေးပြီးပို့ထားပေးပါတယ်။

 

ကိုယ့်ဆေးပါတာ မသိလဲ ဆရာ ဆရာမများက မိုက်ဖြင့်အော်ခေါ်ပေးပါတယ်။ သက်ကြီးရွယ်အို ခလေးတွေ အားလုံးအဆင်ပြေကြတယ်။ ခလေးတွေဆို ပြေးဆော့ နေကြတယ် ရောဂါသက်သာလာကြလို့။ ကျနော် ဒီရောက်တော့ ကျန်းမာရေးအခြေနေက မောတယ် ချောင်းဆိုးတယ်။ ကျနော့်သက်ဆိုင်ရာဆရာဝန်ကို ပြောပြ ဆရာဝန်က ဆေးပေးလို့ အတော် ကျန်းမာလာပါပြီ။

 

နေ့လည် ၁၂နာရီ နေ့လည်စာ ပို့ ချိန် ထမင်းသွားယူရင်း လမ်းလျှောက် နှစ်ပတ်လောက် ပိုလျှောက် နေ့လည်စားစား ခဏနား နေ့လည် ဘက် ခဏအိပ်လိုက်ပီး ၄နာရီလောက် ရေချိုး ညနေ၅နာရီ နောက်ထပ်တခါ သွေးပေါင်ချိန် အဖျားတိုင်း ဒုတိယအကြိမ် ကျန်းမာရေးစစ်ပြီးရင် ....။

 

ညနေ ၆နာရီ ညစာအတွက် ထမင်းဗူး ယူ ညစားစားပြီးရင်တော့ ဘုရားရှစ်ခိုး ပြီး တစ်ရက်တာနားပါတယ်။ ကိုယ့်အိမ်နီးပါး နေရသလိုပါပဲ ကူးစက်ခံရသူအချင်းချင်းမသိကြပေမယ့် ဖေးဖေးမမ ရှိကြပါတယ်။ လေးစားဖို့ကောင်းတာက P ထိပြီးရောက်လာတဲ့ အချို့ရန်ကုန်ဆေးရုံကြီးက ကျနော်တို့နည်းတူဆေးကုသမှုခံယူနေကြတယ့် ဆရာဝန်မလေးများပါ သူတို့အဖွဲ့က သွေးဖောက်ဖို့ လိုရင် လူနာအဖြစ်ရောက်နေပေမယ့်

 

ဆရာမများက ဝိုင်းဝန်းကူညီသွေးဖောက်ပေးကြပါသေးတယ်။ ကျတော်တို့ အားကိုးရတဲ့အထဲ လူနာအဖြစ်ရောက်နေတဲ့ ဆရာမများ လဲပါပါတယ်။ ဖောင်ကြီးမှာ အဆင်ပြေပါတယ်။ Volunteer တွေရော ဆရာဝန် ဆရာမများပါဂရုစိုက်ကြပါတယ်။ အချို့FBမှာဖောင်ကြီးမှာ ဂရုမစိုက်ဘူး အောက်စီဂျင်မရလို့ သေကုန်ပြီစသဖြင့် ဆေးဝါးမလုံလောက်ဘူး ကုသမှုမပေးဘူးဘာညာ သတင်းအတုရေးသားမှုတွေကိုလဲ ရှုံ့ချပါတယ်။

 

မကူညီရင်နေပါ မနောက်ယှက်ကြပါနဲ့ ။ ပြည်သူကို ရင်ဝယ်သားလိုထားတဲ့ ပြည်သူ့အစိုးရလက်ထပ်မှာ သတင်းတွေ လိမ်လို့မရပါဘူး။ ပြည့်ဖြိုးလင်း ခတ္တာဆောင် B53 ဖောင်ကြီးမှာ ဆရာဝန်များနှင့် volunteer အဖွဲ့များကို အထူးကျေးဇူးတင်ပါတယ်။

 

ZN.H ?? ပြန်လည်မျှဝေပါသည်။

Read times
Rate this item
(0 votes)