What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 November 2020 16:21

ယူနန်ပြည်နယ်နယ်စပ် မြန်မာလူမျိုးနှစ်ဦး COVID-19 Positive ဖြစ်သဖြင့် မြို့ကို လော့ဒေါင်းချ

ယူနန်ပြည်နယ်နယ်စပ်ရှိ Mengding မြို့တွင် မြန်မာလူမျိုးနှစ်ဦးသည် COVID-19 ကူစက်ခံထားရကြောင်း ဆေးစစ်ချက်အရ အတည်ပြုခဲ့ပြီးသည့်နောက်တွင် မြို့တွင် ရှိသော ကျောင်း ၆၆ ကျောင်းကို ယာယီ ပိတ်ထားလိုက်သည်။ သူတို့သည် ရောဂါလက္ခဏာမပြသော လူနာများ ဖြစ်ကြသည်။

 

ရောဂါဖြစ်ပွားသူ နှစ်ဦးနှင့် နီးနီးကပ်ကပ် ထိတွေ့ခဲ့သူများအား စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ထားသောနေရာများတွင် သီးသန့်ထားရှိသည်။ ရောဂါဖြစ်ပွားသူ နှစ်ဦးနှင့် သက်ဆိုင်ရာနေရာများကိုလည်း ပိုးသတ်ဆေးမျာ ဖြန်းခဲ့ကြောင်း အာဏာပိုင်တို့က ပြောကြားသည်။

 

သူတို့ နေထိုင်သည့် ရပ်ကွက်တွင် နေထိုင်သူများအားလုံးကို nucleic acid test ဖြင့် ဆေးစစ်ခဲ့ရာ အားလုံး နဂ္ဂတစ် အဖြေထွက်သည်။

 

မြို့တွင်းရှိ ကျောင်း ၆၆ ကျောင်းအား ယာဘီပိတ်ထားလိုက်သည်။ ကျောင်းသားများနှင့် မိဘများအားလုံးသည် nucleic acid test ဆေးစစ်မှုများကိုခံယူရမည် ဖြစ်ပြီး မိမိအိမ်တွင် အသွားအလာကန့်သတ် နေထိုင်ကြရမည် ဖြစ်သည်။

 

မြို့၏ အဓိကကျသော နေရာ သုံးခုတို့တွင်လည်း အိမ်မှာ အသွားအလာကန့်သတ်နေထိုင်ရန် နိုဝင်ဘာလ ၉ ရက်နေ့က ညွှန်ကြားထားသည်။ လာမည် နိုဝင်ဘာလ ၂၃ ရက်အထိ အိမ်မှာ နေထိုင်ကြရမည် ဖြစ်သည်။ ထိုကာလတွင် စူပါမားကက်များ၊ ဆေးဆိုင်များ၊ ဈေးများ၊ စားသောက်ဆိုင်များမှ အပ ကျန်ဆိုင်များ လုပ်ငန်းများ ပိတ်ထားရမည် ဖြစ်သည်။ စားသောက်ဆိုင်များ ဖွင့်ခွင့် ပြုထားသော်လည် ဆိုင်ထိုင်စား ခွင့်မပြုချေ။

 

မသွားလျှင် မဖြစ်သောကိစ္စရပ်များမှအပ မည်သည့်ယာဉ်မှ သွားလာခွင့် မရှိကြောင်းလည်း ထုတ်ပြန်တားမြစ်ထားသည်။ မြို့အဝင်အထွက်များကိုလည်း ပိတ်ပင်ထားလိုက်ပြီ ဖြစ်သည်။

 

နိုဝင်ဘာလ ၈ ရက်တွင် မြန်မာနိုင်ငံမှ ရောက်လာသော မြန်မာနိုင်ငံသား တစ်ဦးသည် ရောဂါလက္ခဏာ မပြသော ကိုဗစ်လူနာဖြစ်ကြောင်း သိရှိခဲ့ပြီးနောက် မြို့တွင် ရှိသူများကို nucleic acid test ဆေးစစ်ခြင်း စတင်ဆောင်ရွက်ခဲ့သည်။ နေရာ သုံးခုတွင် လူပေါင်း ၇၈,၀၀၀ စစ်ပြီးချိန်အထိ အတည်ပြုလူနာ နှစ်ဦး တွေ့ရှိခဲ့ပြီး နှစ်ဦးစလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။

 

ပထမဆုံး‌တွေ့သည့် အတည်ပြုလူနာမှာ အသက် ၂၂ နှစ်ရှိ မြန်မာအမျိုးသမီးဖြစ်ပြီး Mengding သို့ မြန်မာနိုင်ငံမှ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး မြို့အဝင်တွင် နိုဝင်ဘာလ ၆ ရက်၌ nucleic acid test ဆေးစစ်ခဲ့ရာ positive အဖြေထွက်ခဲ့သည်။

Read times
Rate this item
(0 votes)