What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 April 2020 16:30

ဆေးဝါးနှင့် ဆေးပစ္စည်းများ သွင်းကုန်လိုင်စင် လျှောက်ထားမှုအား Fully Online စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာ

90251442_832926683874316_4730726126572273664_n.png

 

၁။ ယခု Covid-19 ရောဂါဖြစ်ပွားနေသော ကာလတွင် အဆိုပါ Covid-19 ရောဂါကာကွယ် တားဆီးရေးအတွက် လိုအပ်သော ဆေးများနှင့် ဆေးပစ္စည်းများ လုံလောက်မှုမရှိဖြစ်နေကြောင်း၊ ပြည်ပမှ တင်သွင်းရာတွင် အခက်အခဲများ တွေ့ရှိရကြောင်း ကြားသိရပါသည်။

 

၂။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကုန်ပစ္စည်းများ ပြည်ပမှ မှာယူ တင်သွင်းရာတွင် လုပ်ငန်းလွယ်ကူ လျင်မြန်ချောမွေ့စေရေးအတွက် လိုင်စင်လျှောက်ထားရန် လိုအပ် သော ကုန်ပစ္စည်းစာရင်း (Negative List) ကို (၂၁-၅-၂၀၁၉) နေ့တွင် ထုတ်ပြန်ထားပြီး https:www.commerce.gov.mm တွင်လည်း ကြေညာထားပြီးဖြစ်ပါသည်။

 

အဆိုပါ (Negative List) တွင် ပါဝင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုဘဲ တင်သွင်းခွင့်ပြုထားပြီး ဖြစ်ပါ သည်။ Covid-19 ရောဂါကာကွယ်ထားဆီးရေးအတွက် အဓိကလိုအပ်သော Sugical Mask (HS-6307904000) ၊ PPE (HS-6211439000, 3926903900) တို့ကိုလည်းကောင်း၊ လူနာကုတင်၊ ဆေးရုံသုံး အသက်ရှုစက်နှင့် ဆက်စပ်ပစ္စည်းများ ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများကို လည်းကောင်း သွင်းကုန် လိုင်စင် လျှောက်ထားရယူရန် မလိုအပ်ဘဲ တင်သွင်းခွင့်ပြုထားပြီး ဖြစ်ပါသည်။

 

၃။ ကျန်ရှိသော ဆေးဝါးများ၊ ဆေးပစ္စည်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန် လိုင်စင်ခွင့်ပြုထုတ်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပြီး သွင်းကုန်လိုင်စင် လိုအပ် သော ဆေးပစ္စည်းများ လျင်မြန်စွာ တင်သွင်းနိုင်‌ရေး Fully Online စနစ်ဖြင့် သွင်းကုန် လိုင်စင် လျှောက်ထားမှုအား (၁-၄-၂၀၂၀) ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

 

၄။ ၎င်းအပြင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်တွင် တည်ရှိသော Myanmar International Trade Centre တွင် Covid-19 ကြောင့် ထိခိုက်မှုရှိသည့် လုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာရေး အတွက် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးရမည့်ကိစ္စများ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် Help Desk ကို နေ့စဉ်ဖွင့်လှစ်၍ ဆောင်ရွက်ပေး လျှက်ရှိပါသည်။

 

ပြည်ပမှ ဆေးဝါးနှင့်ဆေးပစ္စည်းများ လှူဒါန်းလိုမှုအတွက်လည်း လွယ်ကူစွာ တင်သွင်း နိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး လိုအပ်သော တင်သွင်းခွင့် ထောက်ခံချက် များ ဖြေလျှော့ဆောင်ရွက်ပေးလျှက်ရှိပါသည်။

 

၅။ လိုင်စင်ခွင့်ပြုထုတ်ပေးခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုသော်လည်းကောင်း၊ တင်သွင်း လိုသည့် ပစ္စည်းများအတွက် သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်မှု ရှိ/မရှိ ကို လည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာနကို အောက်ပါဖုန်းနံပါတ်များအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Image may contain: text

နေပြည်တော်

ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ ညွှန်ကြားရေးမှူး

၀၆၇-၃၄၀၈၀၁၄

ဒုတိယညွှန်ကြားရေးမှူး

၀၆၇-၃၄၀၈၄၈၇

 

ရန်ကုန်

ပို့ကုန်သွင်းကုန်ရုံး ညွှန်ကြားရေးမှူး

၀၁-၈၃၇၂၇၁၈

 

ဒုတိယညွှန်ကြားရေးမှူး

၀၁-၈၂၄၅၈၅၅

 

Help Desk အဖွဲ့

၀၁-၈၃၇၇၁၀၁

၀၁-၈၃၇၇၁၀၇

ကုန်သွယ်ရေးဦးစီးဌာန

Read times
Rate this item
(0 votes)