What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 November 2020 11:14

ကျောက်ဆည်တွင် ကိုကာကိုလာကုမ္ပဏီ ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ပြည်သူ့ဆေးရံကြီးသို့ အနံ့ပျောက်၍ ဆေးရုံလာပြသော အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးအား RDT test ဖြင့်စစ်ဆေးရာမှ ယနေ့တွင်ကိုဗစ်ရောဂါပိုး(Positive)တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်က ပြောပါတယ် ။

 

၎င်း၏ အမြဲတမ်းနေရပ်လိပ်စာမှာ မန္တလေးမြို့ အမရပူရမြို့နယ်မှဖြစ်သော်လည်းကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်တွင် နေထိုင်သည်မှာ ၂ လခန့်ရှိပြီဖြစ်ကြောင်း

 

ကိုကာကိုလာကုမ္ပဏီမှ ဝန်ထမ်းဖြစ်ပြီး မန္တလေး စဉ့်ကိုင် ကူမဲ မြစ်သားမြို့များသို့အလုပ်ကိစ္စများဖြင့် ယခုရက်ပိုင်းအတွင်း ခရီးသွားရာဇဝင်ရှိထားသူဖြစ်ကြောင်း သိရပါတယ် ။


ယခုအခါ ၎င်းနှင့်ထိစပ်သူများအား ခေါ်ယူ၍ Quarantine Center များသို့ထားရှိရန် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ် ။

 

ကေဝိုင် MyanmarLabourNews

Read times
Rate this item
(0 votes)