What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 November 2020 10:44

တရုတ် COVID-19 ကာကွယ်ဆေးက ဥဇဘက်ကစ္စတန်နိုင်ငံတွင် လက်တွေ့စမ်းသပ်မှုအဆင့်သို့ ရောက်ရှိ

ဥဇဘက်ကစ္စတန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံက ထုတ်လုပ်ထားသော COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအဆင့်-၃ ကို ပြုလုပ်သွားမည်ဟု ဥဇဘက်ကစ္စတန် အစိုးရက မီဒီယာသို့ ပြောကြားခဲ့ကြောင်း၊

 

တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးကို ပဥ္စမမြောက် နိုင်ငံရပ်ခြားတွင် လူအများအပြားပါဝင်မည့် လက်တွေ့စမ်းသပ်မှုအဆင့်သို့ ရောက်ရှိခြင်းလည်း ဖြစ်ကြောင်း သိရသည်။

 

အဆင့်-၃ ကာကွယ်ဆေးစမ်းသပ်မှု ကနဦးလုပ်ငန်းကို ဥဇဘက်ကစ္စတန်နိုင်ငံရှိ အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်းရှိ စေတနာ့ဝန်ထမ်း ၅,၀၀၀ ဦးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

တရုတ်နိုင်ငံ Anhui Zhifei Longcom Biopharmaceutical က ထုတ်လုပ်ထားသော ကာကွယ်ဆေးစမ်းသပ်မှုတွင် ဥဇဘက်ကစ္စတန်နိုင်ငံရှိ ပါဝင်သူများအား စောင့်ကြည့်ရန် ဆရာဝန်များကို လေ့ကျင့်ပေးမည့် တရုတ်နိုင်ငံမှ

 

အထူးကျွမ်းကျင်သူများစွာနှင့်အတူ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ဥဇဘက်ကစ္စတန်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၆၉,၈၃၀ ဦးနှင့် သေဆုံးသူ ၅၉၄ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၆၇,၀၉၂ ဦးရှိကြောင်း သိရသည်။

 

Xinhua

Read times
Rate this item
(0 votes)