What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 May 2020 16:12

ကိုဗစ်-၁၉ ကာကွယ်ဆေး အမေရိကန်တွင် ပထမဆုံးအကြိမ် လူသားဖြင့် စမ်းသပ်

အမေရိကန် ကာကွယ်ဆေးကုမ္ပဏီ နိုဗာဗက်စ်ဟာ မေ ၂၆ ရက်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပထမဆုံးအကြိမ် လူသားနဲ့ စမ်းသပ်နေပါပြီ။ 

ကာကွယ်ဆေးစမ်းသပ်ခံမယ့် လူပုဂ္ဂိုလ်တွေကို စာရင်းသွင်းထားပြီး ကနဦးရလဒ်တွေကို ဇူလိုင်လမှာ ထုတ်ပြန်ဖို့ နိုဗာဗက်စ်က ရက်သတ်မှတ်ထားပါတယ်။

 

ဆေးကုမ္ပဏီတွေက တခြားရောဂါတွေအတွက် ကာကွယ်ဆေး စမ်းသပ်တာကို ခေတ္တရပ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အပြိုင်ရှာနေချိန်မှာ မေရီလင်းပြည်နယ် အခြေစိုက်ကုမ္ပဏီ နိုဗာဗက်စ်က အခုလို ကြေညာလိုက်တာပါ။

 

NVX-CoV2373 ဆိုတဲ့ စမ်းသပ်ကာကွယ်ဆေးကို အကူဆေး Matrix-M နဲ့အတူထိုးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမယ်လို့ နိုဗာဗက်စ်က ဧပြီလမှာ ပြောခဲ့ ပါတယ်။

 

ဒီစမ်းသပ်မှုကနေ ကနဦးရောဂါပြီး ပဋိပစ္စည်းတွေနဲ့ ဘေးကင်းရလဒ်တွေကို မျှော်လင့်ထားတယ်လို့ နိုဗာဗက်စ်က ပြောဆိုထားပြီး ဇူလိုင်လအတွင်း သြစတြေးလျမှာလုပ်မယ့် ကာကွယ်ဆေး စမ်းသပ်မှုမှာ စေတနာ့ဝန်ထမ်း ၁၀၀ ကျော် ပါဝင်ပါတယ်။

 

ကမ္ဘာတဝန်း လူပေါင်း ၅ ဒသမ ၃ သန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး သေဆုံးသူ ၃၄၃,၀၀၀ ကျော် ရှိတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

DVB Burmese

Read times
Rate this item
(0 votes)