What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 21 November 2020 10:15

Covid အတွက် Gilead ၏ Remdesivir ကိုမသုံးရန် ဆရာဝန်များကို WHO က အကြံပြု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) က Gilead Sciences Inc. ထုတ်လုပ်သည့်

remdesivir ကို ဆေးရုံတင်ထားရသည့် ကိုဗစ်လူနာများအတွက် မသုံးစွဲရန် အကြံပြုထားသည်။

remdesivir ကို သုံးစွဲခြင်းကြောင့် ကျန်းမာရေး တိုးတက်ကောင်းမွန်သည့် အထောက်အထား မရှိ၊ လေရှူစက် သုံးနေရသည့် လူနာကို လေရှူစက် မလိုတော့အောင် ပြန်ကောင်းသွားစေသည့် အထောက်အထားလည်း မရှိဟု ဆိုသည်။
ကမ္ဘာတစ်လွှား ရရှိသည့် ရလဒ်များကို ကျွမ်းကျင်သူများက လေ့လာခဲ့ပြီးနောက် remdesivir သည် ကိုဗစ်ကို သက်သာစေသည့် အထောက်အထား အချက်အလက် မတွေ့ရှိရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆေး ဖြစ်သည့် hydroxychloroquine ကို မသုံးစွဲရန်လည်း အကြံပြုထားသည်။ ကိုဗစ်ပိုးကို တိုက်ဖျက်ခြင်း မရှိသည့်အပြင် လူနာတွင် ဘေးထွက်ဆိုးကျိုးများ ခံစားရစေကြောင်း တွေ့ရှိရသည်။

Read times Last modified on Saturday, 21 November 2020 10:16
Rate this item
(0 votes)