What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 01 February 2020 13:23

ကိုရိုနာဗိုင်းရက်စ် (Coronavirus) အမေရိကန်နိုင်ငံသားတစ်ဦးတွင် တွေ့ရှိထားကြောင်း အတည်ပြု

အမေရိကန် နိုင်ငံရဲ့ မြို့တစ်မျိုးတစ်မြို့ဖြစ်တဲ့ အီလီနွိုက်ပြည်နယ် က အမျိုးသားတစ်ဦးဟာ အမေရိကန်ကနေ ဘယ်မှမသွားဘဲနဲ့ ကိုရိုနာဗိုင်းရက်စ် (Conoravirus) ပိုးကို ကူးစက်ခြင်းခံခဲ့ရပါတယ်။

ထို အမျိုသားရဲ့ မိန်းမက အသက် ၆၀ အရွယ်ရှိပြီး တရုတ်နိုင်ငံ ဝူဟန်မြို့ မှ အမေရိကန်ကို ပြန်လာခဲ့ပါတယ်။ ထိုအမျိုးသမီးက ကိုရိုနာဗိုင်းရက်စ် (Coronavirus) ကို အမေရိကားကို ရောဂါ သည်ဆောင်လာတဲ့သူ ငါးယောက်ထဲက တစ်ဦးအပါအဝင်လဲ ဖြစ်ပါတယ်။

 

အခုအချိန်မှာ ထိုအမျိုးသား နဲ့ အမျိုးသမီး နှစ်ယောက်စလုံးကို သီးသန့်ဆေးရုံတွင် ခုသခံမှုတွေ ပြုလုပ်နေပါတယ်။ ထိုအမျိုးသမီးမှာ ကောင်းမွန်တဲ့ အခြေအနေကို ရောက်ရှိနေပြီး သူမရဲ့ အမျိုးသားက စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း က ကိုရိုနာဗိုင်းရက်စ် နှင့် ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြောညာထားပါတယ်။ ၂၀၀၅ ခုနှစ်မှစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အဆင့်မြင့်တင်လာခဲ့ပြီး အခုဆိုရင် ထိုဗိုင်းရက်စ်ပြန့်နှံမှုကို ထိန်းသိမ်းဆောင်ရွက်နေပါတယ်။

 

ရောဂါကာကွယ်ရေး နှင့် ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာ ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Robert Redfield က ကိုရိုနာဗိုင်းရက်စ်ရောဂါပိုး ပြန့်နှံ့ခြင်းမရှိအောင် တရုတ်ပြည်နယ်မှ ပြန်လာတဲ့သူတွေကို တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် "အဒီမှာ ကျန်းမာရေးအတွက် ကောင်းမွန်မှန်ကန်မှု မရှိဘူးလို့လည်း သိရတယ် ၊ ဘယ်လိုပုံစံတွေနဲ့ ရောဂါပိုး ပြန်နှံ့လာမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းတော့ ပြောလို့မရဘူးလို့" လည်း ပြောကြားခဲ့ပါတယ်။

 

ရောဂါဖြစ်ပွားနိုင်ချေရှိတဲ့ ခုခံအားနည်းတဲ့သူတွေက ရောဂါကူးစက်မှုနှုန်း များနိုင်ချေရှိတဲ့အတွက် ထိုလူတွေအားကို ကျန်းမာရေးစောင့်ရှောက်မှုတွေကို စစ်ဆေးပြီး ရောဂါပြန်နှံ့မှုမရှိအောင် သီးခြားခွဲထုတ်သွားမယ်လို့လည်း သိရပါတယ်။ ဒီလုပ်ငန်းစဉ် အမေရိကန် ရောဂါကာကွယ်ရေး နှင့် ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာ (The CDC) က လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။

 

အဆိုပါ ရောဂါပြန်နှံ့လာမှု နှင့် ပတ်သက်ပြီး အိမ်ဖြူတော်မှာ ကိုရိုနာဗိုင်းရက်စ် တိုက်ဖျက်ရေး အဖွဲ့စည်း (Coronavirus Task Force) ကို ကြောညာခဲ့ပါတယ်။ အဆိုအဖွဲ့အစည်းကို ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှု ဝန်ကြီးဌာနရဲ့ Alex Azar က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ အဆိုပါအဖွဲ့အစည်းကို the departments of Transportation and Homeland Security နဲ့ the National Security Council တို့ကလည်း တစ်စိတ်တစ်ပိုင်းနေရာကလည်း ပါဝင် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

 

ရောဂါကာကွယ်ရေး နှင့် ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာ ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Robert Redfield က ထိုအဖွဲ့အစည်း ဖွဲ့စည်းရခြင်း အကြောင်းကို အခုလိုပဲ ရှင်းပြခဲ့ပါတယ်။ " ဆက်လက်ဖြစ်ပွားနေတဲ့ ရောဂါကို ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုအနေဖြင့် တုံ့ပြန်နိုင်ဖို့ ၊ ရောဂါကို တိုက်ဖျတ်ဖို့ ၊ မျက်ခြေမပြတ် ပြန့်ပွားခြင်းကို တားဆီးဖို့ " ဆိုပြီး ပြောကြားခဲ့ပါတယ်။

Written By Health Products Directory

Ref; WebMD

 

(Zawgyi)

----------


 


 


 


 


 


 



Ref; WebMD

Read times Last modified on Monday, 03 February 2020 21:15
Rate this item
(0 votes)