What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 06 December 2020 11:50

ကိုဗစ်လူနာအတွက် လိုအပ်တဲ့ အောက်ဆီဂျင်အိုးတွေ ဘယ်မှာ ဝယ် ၊ ငှား လို့ ရသလဲ..?

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားမှုဟာ ယခင်ထက် ပိုမိုဆိုးရွာလာတာကိုတွေ့ရပါတယ်။ ကိုဗစ်လူနာများလာနှင့်အမျှ ကုသစောင့်ရှောက်ရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ရတာတွေ ရှိပါတယ်။

 

COVID-19 Test Kit တွေ အလုံအလောက်မရှိတဲ့ ပြဿနာတွေ ၊ Test Kit အဖြေမှန် ရရှိမှုနည်းပါလာတာတွေ၊ လူအင်အားမညီမျှတာတွေ နဲ့ တခြားရောဂါအခံတွေကြောင့် စိတ်ရှုပ်ပူပန်ရတာာတွေ စတဲ့ ပြဿနာ အမျိုးမျိုးနဲ့ ရင်ဆိုင်လာရပါတယ်။

 

ဒါတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အတိုင်း စည်းကမ်းများနှင့်အညီ COIVD-19 Center တွေမှာ လူနာများအတွက် မိမိတို့ရဲ့ အသက်တွေကို ပဓာန မထားဘဲနဲ့ ကူညီစောင့်ရှောက်မှုတွေပေးနေတာကို အားလုံးသိရှိကြမယ်လို့ ထင်ပါတယ်။ ဒီလို နည်းမှန် လမ်းမှန် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့အတူ COVID-19 ရောဂါကုသမှု ခံယူပြီးနောက် စောင့်ကြည့်လူနာ ဒါမှမဟုတ် ရောဂါအခံရှိလူနာများ ဒါမှမဟုတ် Home Q ဝင်လူနာများ အတွက် အောက်ဆီဂျင် ဘယ်က ထပ်ရမလဲဆိုတာက မေးခွန်းတစ်ခုဖြစ်လာပါတယ်။

 

အောက်ဆီဂျင် ပြဿနာ ဘယ်လိုရှင်းမလဲ။

COVID-19 ရောဂါပိုးဟာ အောက်စီဂျင် လိုအပ်မှုကို မြင့်မားစေတတ်ပါတယ်။ သာမန် လေရှူနေရုံဖြင့် မရနိုင်တော့လို့ အောက်ဆီဂျင်အိုးဖြင့် ပိုက်သွယ်ပြီး အောက်ဆီဂျင် ပေးဖို့ လိုအပ်တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် မိမိအနေနဲ့ ကိုဗစ်လူနာရှင်များအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ဘူး ဒါမှမဟုတ် အောက်ဆီဂျင်စက်တွေကို အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များတွင် ဆက်သွယ်မှာ ယူ ရရှိနိုင်ပါတယ်။

 

အောက်ဆီဂျင်အိုး ငှားရမ်းတာနဲ့ ပတ်သက်လို့ အေးရိပ်စံကို ဆက်သွယ်မေးမြန်းချက်အရ သိရှိရတဲ့ အချက်အလက်တွေကို မျှဝေလိုပါတယ်။ 

 

“ အောက်ဆီဂျင်အိုး ငှားရမ်းမယ်ဆိုရင် မှတ်ပုံတင်မူရင်းနှင့် စရန်ငွေ ၁၀,၀၀၀ ကျပ် ပေးဆောင်ရမည်။ အောက်ဆီဂျင်အိုး ပြန်အပ်ချိန်တွင် စရန်ငွေ ပြန်အမ်းမည်။ အောက်ဆီဂျင်အိုး တစ်ရက်ငှားရမ်းခ ၂၀၀ ကျပ်၊ အောက်ဆီဂျင်အိုး အမျိုးအစာ ၂ မျိုး (အိုးအကြီး နှင့် အိုးအသေး)

အောက်ဆီဂျင်အိုးဖြည့်ခ

အိုးသေး - ၃၀၀၀ ကျပ်

အိုးကြီး - ၈၀၀၀ ကျပ် “ နှုန်းထားရှိသည်ဟု ပြောသည်။

 

“ အောက်ဆီဂျင်အိုးကို လိုအပ်သည့် အချိန်ကာလအထိ အသုံးပြုနိုင်သည်။ ၁ လ ကြာသော်လည်းကောင်း၊ ၃ လ ကြာသော်လည်းကောင်း အစရှိသရွေ့….. ဆက်သွယ်မှာယူလိုပါက အိမ်အရောက်ပို့ဆောင်ပေးသည်။ (ပို့ဆောင်ခပေးရမည်) ပိတ်ရက်မရှိ ၊ ၂၄ နာရီ ဝန်ဆောင်မှု ပေးသည်။ “ ဟု ၎င်းက ဆိုသည်။

 

အသေးစိတ်များပိုမို သိရှိလိုပါက >>> အေးရိပ်စံ Facebook Page <<< သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။

 

အောက်ဆီဂျင်အိုး ငှားရမ်းခြင်း နှင့် ရောင်းချပေးလျက် ရှိလုပ်ငန်းလိပ်စာများကို ကြည့်ရှုလိုပါ က

 

1. >> Click Here <<

2. >> Click Here <<

Read times Last modified on Sunday, 06 December 2020 12:32
Rate this item
(1 Vote)