What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 08 December 2020 13:40

ကိုဗစ် ကာကွယ်ဆေးဖြန့်ဖြူးရေးအတွက် အအေးပေးကွန်တိန်နာ လိုအပ်ချက် မြင့်တက်မည်

ကိုဗစ်ကာကွယ်ရေးထိုးဆေးတွေဟာ အအေးဓာတ်ဖြင့် အမြဲမပြတ် ထားဖို့ လိုအပ်တာကြောင့် သယ်ယူပို့ဆောင်ဖြန့်ဖြူးရေးမှာ အအေးပေးကွန်တိန်နာ Reefer Container တွေ မရှိမဖြစ် လိုအပ်တာမို့ အအေးပေးကွန်တိန်နာ လိုအပ်ချက် မြင့်တက်လာနေပါတယ်။

 

ကိုဗစ်ကာကွယ်ရေးထိုးဆေးတွေကို လေကြောင်းကုန်စည်အဖြစ် သယ်ပို့ကြမှာ ဖြစ်တဲ့အပြင် ရေကြောင်းကုန်စည်အဖြစ်ဖြင့် ပို့ဆောင်ပေးကြရတော့မှာ ဖြစ်လို့ လာမည့် နှစ်နှစ် သုံးနှစ်အတွင်း နိုင်ငံအသီးသီးအတွက် ကွန်တိန်နာ ၆၀,၀၀၀ ကျော် လိုအပ်လိမ့်မယ်လို့ ကျွမ်းကျင်သူများက တွက်ဆထားကြတယ်။

 

ရှိပြီးသား reefer containers တွေ အသုံးပြုကြမှာ ဖြစ်သလို reefer containers အသစ်တွေလည်း ဝင်လာဖို့ လိုအပ်ပါလိမ့်မယ်။ အသစ်တွေ ဝင်မလာခင်စပ်ကြားမှာတော့ အဟောင်းတွေ မလုံမလောက် ဖြစ်နေတာကို ကြုံကြရမှာပို့ reefer containers များ အသုံးပြုပြီး ပို့ကုန် တင်ပို့ကြသူတွေအဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်လို့ ခန့်မှန်းထားကြတယ်။

 

လက်ရှိအနေအထားမှာ ကိုဗစ်ကာကွယ်ရေးထိုးဆေး ထုတ်လုပ်မည့် နိုင်ငံတွေက အိန္ဒိယ၊ တရုတ်၊ ပြင်သစ်၊ ယူကေ၊ အမေရိကန်၊ ဆွစ်ဇာလန်၊ ရုရှား၊ ဂျပန်နဲ့ ဘရာဇီး တို့ ဖြစ်ပါတယ်။

 

ကမ္ဘာတစ်လွှား UB-612 ကိုဗစ်ကာကွယ်ရေး ဖြန့်ပေးဖို့ Maersk ကွန်တိန်နာသင်္ဘောလိုင်းက လုပ်ကိုင်မည်

 

ကာကွယ်ဆေးဖြန့်ဖြူးရေးသဘောတူညီချက်အတွက်လက်မှတ်ထိုးထားပြီးဖြစ်သောရေကြောင်းကုမ္ပဏီကြီး Maersk က ကာကွယ်ဆေးသည် -80 ဒီဂရီစင်တီဂရိတ်တွင်သိုလှောင်ရန်လိုအပ်သော်လည်း ကာကွယ်ဆေးထိုးဖို့အတွက် အချိန်တိုတိုအတွင်း ဖြန့်ဖြူးတဲ့အခါ လိုအပ်ချက်သည် -20 ဒီဂရီစင်တီဂရိတ်လောက် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဖြန့်ဖြူးရေးရဲ့ နောက်ဆုံးအဆင့်ကို ဆိုလိုပါတယ်။

 

ဆေးထိုးအပ်ထဲ မရောက်ခင်မှာ ထိုးဆေးတွေဟာကာကွယ်ဆေးများသယ်ယူသော အအေးလမ်းကြောင်း ထိန်းသိမ်းထားနိုင်ခြင်း ရှိ/မရှိ၊ ကာကွယ်ဆေး သက်တမ်းနှင့် VVM ပျက်စီးခြင်း ရှိ/မရှိတို့ကို စစ်ဆေးတဲ့အခါ အဆင်ပြေဖို့ လိုအပ်ပါတယ်။

 

ကိုဗစ် ကာကွယ်ဆေး ထိုးဆေး ပေါ်မှ VVM ဆိုတာ ဘာလဲ

Read times
Rate this item
(0 votes)