What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 April 2020 17:39

COVID-19 အတည်ပြုလူနာ C21 ခရီးသွားမှတ်တမ်း

90251442_832926683874316_4730726126572273664_n.png

 

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-021)၊ အသက် (၂၄) နှစ်အရွယ် အမျိုးသမီး သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်ပြီး မိခင်နှင့် မောင်တော်စပ်သူ တို့နှင့်အတူ (၇-၃-၂၀၂၀)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ အလည် သွားရောက်ခဲ့ပြီး (၂၄-၃-၂၀၂၀) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ လေယာဥ်ဖြင့်ပြန်လာရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက် ရှိခဲ့ပါသည်။

 

၄င်းနေ့မှစတင်၍ အဆိုပါလူနာ၊ ၄င်း၏မိခင်နှင့်မောင်တို့အား ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခု တွင် အသွား အလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။

 

အဆိုပါ လူနာသည် (၂၉-၃-၂၀၂၀)ရက်နေ့တွင် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ စတင် ခံစားရပြီး (၂-၄-၂၀၂၀) ရက်နေ့ညပိုင်းမှစ၍ ကိုယ်အပူချိန်မြင့်တက်ခဲ့သဖြင့် (၃-၄-၂၀၂၀) ရက် နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ညွှန်းပို့၍ စောင့်ကြည့် လူနာအဖြစ် သီးသန့်ထားရှိကုသမှုပေးခဲ့ပါသည်။

 

လူနာသည် ဆေးရုံ၌ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲ ခြင်းစသည့်ရောဂါလက္ခဏာများခံစားခဲ့ရပါသည်။

 

လူနာထံမှ ဓာတ်ခွဲနမူနာအားရယူ စစ်ဆေးခဲ့ရာ (၄-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲအဖြေ၌ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သဖြင့် လူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း၍ သီးခြား ထားရှိ ကုသမှုပေးလျက်ရှိပါသည်။ လူနာ၏ လက်ရှိအခြေအနေမှာ တည်ငြိမ်ကောင်းမွန် လျက်ရှိပါသည်။


လူနာ (၂၁) ၏ ခရီးသွားရာဇဝင်

 

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ (၂၄-၃-၂၀၂၀)ရက်နေ့တွင် KE-082 (ခုံမှတ်-62) ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ အချိန်တွင် ရောက်ရှိခဲ့ပါသည်။

 

(၂၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအချိန်တွင် KE-659 (ခုံမှတ်-40) ဖြင့် ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့ မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ပါသည်။

 

(၂၆-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ MAI 8M-336 (ခုံမှတ်-18F) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။

 

လေဆိပ်မှ ဗိုလ်တစ်ထောင်မြို့နယ်ရှိ သတ်မှတ်ထားဟိုတယ်တွင် အသွားအလာကန့်သတ် ထားရှိရန် ဘတ်စ်ကားဖြင့် ပို့ဆောင်ခဲ့ရာ ကားပေါ်တွင် ကျန်ခရီးသည် (၁၈) ဦးခန့် နှင့်အတူ စီး နင်းခဲ့ပါသည်။ ၄င်းတို့အား ဆက်လက်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

ဓာတ်ခွဲအတည်ပြုလူနာနှင့်၎င်း၏အမေ၊ အသက် (၅၁)နှစ်မှာ ဟိုတယ်တွင် တစ်ခန်းတည်း အတူတူနေထိုင်ခဲ့ပြီး ၎င်း၏ မောင်ဖြစ်သူ၊ အသက် (၁၉)နှစ် မှာ အခြားအခန်းတွင် နေထိုင်ခဲ့ ပါသည်။

 

လူနာ၏မောင်နှင့်မိခင်အား ဝေဘာဂီအထူးကုဆေးရုံကြီး အသွားအလာကန့်သတ်ပြီး စောင့် ကြပ်ကြည့်ရှုထားရှိပါသည်။ ၄င်းတို့၏လက်ရှိအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိ ပါသည်။

Read times Last modified on Tuesday, 07 April 2020 17:42
Rate this item
(0 votes)