What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 December 2020 16:44

Mytel မှ “Empower My Children” ဖောင်ဒေးရှင်းမှတစ်ဆင့် ကလေးငယ် ၃၄ ဦးအား ခွဲစိတ်ကုသမှုအတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီလှူဒါန်း

မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ အနာဂတ်ဘဝသာယာလှပါစေရေး သက်သာဖူလုံစေရေးအတွက် ရည်ရွယ်ပြီး တည်ထောင်ထားသည့် “Empower My Children” ဖောင်ဒေးရှင်းမှတစ်ဆင့် မွေးရာပါနှလုံးရောဂါရှိသော ကလေးငယ် ၃၄ ဦးအား ခွဲစိတ်ကုသမှု အတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီပေးခဲ့ပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

 

Mytel_Empower_My_Children_2.jpg

 

အနာဂတ်တွင် အဆိုပါ “Empower My Children” ဖောင်ဒေးရှင်းမှ တစ်ဆင့် မြန်မာနိုင်ငံကို အကျိုးပြုသည့် ခေါင်းဆောင်များဖြစ်လာမည့် ရင်သွေးငယ်များ၏ ဘဝများအား ကျန်းမာရေး ကဏ္ဍတွင်သာမက ပညာရေးကဏ္ဍတွင်ပါ တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးမြှင့်တင့်ပေးသွားရန် ရည်ရွယ်ထား ကြောင်းကိုလည်း အသိပေးကြေညာခဲ့သည်။

 

"Empower My Children" ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကလေးငယ်များ၏ ဘဝများစွာ ကိုသာယာလှပစေမည့် Mytel ၏ ရေရှည်စီမံကိန်းကြီးမှ ပထမဦးဆုံး ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။ ထို စီမံကိန်း၏ လှူဒါန်းကူညီမှုတိုင်းအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် ငွေကြေးထောက်ပံ့မှုများပြုလုပ်နေ ပြီး တစ်လလျှင် ကန်ဒေါ်လာ ၅၀,၀၀၀ အသုံးပြုမည့်ဖောင်ဒေးရှင်း တစ်ခု လည်းဖြစ်ပါသည်။

 

“လူမှုပတ်ဝန်းကျင်ကို တတ်စွမ်းတဲ့ဖက်က ပြန်ကူညီပေးဖို့ဆိုတဲ့အချက်က Mytel ရဲ့ အဓိကတန်ဖိုးထားရတဲ့ ခံယူချက်တစ်ခုဖြစ်တာကြောင့် Mytel အနေနဲ့ ခုလိုလူမှုအကျိုးပြုဖောင်ဒေးရှင်းတည်ထောင်ပြီး မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ဘဝတွေ ပိုမိုသာယာလှပလာဖို့ ကူညီမှုတွေကို အဆက်မပြတ် ပြုလုပ်လာခဲ့တာပဲဖြစ်ပါတယ်။ ကျွန်မတို့ အနေနဲ့ လူတိုင်းမှာ သူတို့ရဲ့ဘဝကို ဘာအတားအဆီးမှမရှိ ဘာအခက်အခဲမှမရှိ နေထိုင်နိုင်ဖို့ အခွင့်အရေး အပြည့်အဝရှိတယ်လို့ ယုံကြည်ပါတယ်။

 

Mytel_Empower_My_Children_3.jpg

 

ကလေးငယ်တွေမှာ ဘဝကို အခက်အခဲမရှိရွှင်လန်းကျန်းမာစွာဖြတ်သန်းဖို့ အခွင့်အရေးမျိုး ရရှိသင့်ပါတယ်။ Mytel အနေဖြင့် ယခုလို ကျန်းမာရေးချိုတဲ့လျက်ရှိတဲ့ ကလေးငယ်တွေကို ကုသပေးခြင်းဖြစ်တဲ့ မွန်မြတ်လှတဲ့ အလှူမျိုးမှာ ပါဝင် ခွင့်ရတာဟာ တကယ်ကို ထူးခြားကောင်းမွန်လှပါတယ်။ ယခုလိုထောက်ပံ့တဲ့ အကျိုးရလာဒ်အနေနဲ့ ဒီကလေးတွေမှာ ပိုမိုတောက်ပပြီး ကောင်းမွန်တဲ့ အနာဂတ်ရှိလာဖို့ ရည်ရွယ်ပါတယ်” ဟု Mytel Myanmar ၏ ပြင်ပဆက်ဆံရေး အရာရှိချုပ်ဖြစ်သူ ဒေါက်တာဒေါ်နီလာအေးမှ ပြောကြားခဲ့ပါသည်။

 

Mytel သည် ယခုကဲ့သို့ ကလေးငယ်များအား ကူညီပံ့ပိုးရန် ရည်ရွယ်ပြီး “Empower My Children” ဖောင်ဒေးရှင်းအား Mytel ၏ (၂)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၅ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် တရားဝင်စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။ “Empower My Children” ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာများအနက် ပထမဦးဆုံး ပေါ်ပေါက်လာသည့် ပရဟိတဖောင်ဒေးရှင်းလည်း ဖြစ်ပါသည်။

 

ဖောင်ဒေးရှင်းစတင်ချိန်မှ ယနေ့အချိန်အထိ မွေးရာပါနှလုံးရောဂါရှိသော ကလေးငယ် (၃၄) ဦးအား ခွဲစိတ်ကုသမှုအတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီ လှူဒါန်းခဲ့ပြီးပြီ ဖြစ်ရာ ယခုအခါတွင် စုစုပေါင်းလှူဒါန်းမှု ကျပ်သိန်း ၈၅၀ ထိ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ နောင်အနာဂတ်တွင်လည်း မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ပိုမိုတောက်ပသော အနာဂတ်များကို ရှေးရှုကာ ယခုကဲ့ သို့သော ထောက်ပံ့ကူညီလှူဒါန်းမှုများကို တစ်ဖက်တစ်လမ်းမှ ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း Mytel မှ ကတိကဝတ်ပြုခဲ့သည်။

 

မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှု၍ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ကုန်ကျစရိတ် သက်သာစွာ အသုံးပြုနိုင်ရန်အတွက် အကောင်းဆုံး အော်ပရေတာ Mytel သည် ယခုကဲ့သို့ ခက်ခဲကြပ်တည်းသော အချိန်ကာလအတွင်း ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သော အတွေ့အကြုံများ ပေးနိုင်ရန် တီထွင် ဆောင်ရွက်လျက်ရှိပါသည်။

 

ထို့အပြင် Mytel သည် သုံးစွဲသူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတတ်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်သော ဆန်းသစ်တီထွင်မှုများ နှင့် ဝန်ဆောင်မှုများအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်ရန် အစဉ်အမြဲကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Read times Last modified on Tuesday, 22 December 2020 16:47
Rate this item
(0 votes)