What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 27 December 2020 07:15

တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတို့တွင် Stay at Home အစီအစဉ် ပယ်ဖျက်

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအချို့အား

ဒီဇင်ဘာ ၂၇ ရက် နံနက် ၈:၀၀ နာရီအချိန် မှစ၍ Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။

(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အမိန့်အမှတ် (၁၅၅/၂၀၂၀) (၁၅၆/၂၀၂၀) (၁၅၇/၂၀၂၀) (၁၅၈/၂၀၂၀) (၁၅၉/၂၀၂၀) (၁၆၀/၂၀၂၀) (၁၆၁/၂၀၂၀) တို့ကို အောက်ဆုံးတွင် သီးခြားဖော်ပြပေးထားပါသည်)

COVID-19 ဒုတိယလှိုင်းကာလအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုများပြားလာသည့်အတွက် ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းမှအပ ကျန် ၄၄ မြို့နယ်အား Stay at Home နေထိုင်ရန် စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ထုတ်ပြန်ခဲ့ပြီးနောက် ပိုးတွေ့နှုန်းကျဆင်းလာသည့်အတွက် ဆိပ်ကြီး/ခနောင်တို၊ တွံတေးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှ ရပ်ကွက်/ကျေးရွာအုပ်စုတချို့အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဆိပ်ကြီး/ခနောင်တို၊ တွံတေးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှ ဖော်ပြထားသည့် စာရင်းပါ ရပ်ကွက်/ကျေးရွာအုပ်စုတချို့သည် Stay at Home အစီအစဉ်တွင် အကျုံးဝင်သည်။ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းးရှိ ကိုးကိုးကျွန်းမှအပ ကျန် မြို့နယ် ၄၁ မြို့နယ်အနေဖြင့် ယခင်အတိုင်း Stay at Home ဖြစ်ကြောင်း သိရသည်။ 

မန္တလေးတိုင်းဒေသကြီးမှ အမရပူရမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတချို့၊
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကဝမြို့နယ်နှင့်သနပ်ပင်မြို့နယ်၊
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိဖျာပုံမြို့နယ်နှင့်မအူပင်မြို့နယ်၊ ကချင်ပြည်နယ်အတွင်းရှိဖားကန့်မြို့နယ်မှရပ်ကွက်ကျေးရွာအုပ်စုတချို့နှင့်မိုးညှင်းမြို့နယ်၊ နှင့် မွန်ပြည်နယ်အတွင်းရှိမော်လမြိုင်မြို့နယ်နှင့်ဘီးလင်းမြို့နယ်တို့အား
Stay at Home အစီအစဥ်မှ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်သော ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေး စည်းကမ်းများကိုတိကျစွာလိုက်နာခဲ့သောကြောင့် လွန်ခဲ့သော ၁၄ ရက်အတွင်း အတည်ပြုလူနာထပ်မံတွေ့ရှိမှုလျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်မှု လျော့နည်းလာခြင်း၊ Stay at Home အစီအစဉ်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများကအလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးရာတွင်လည်း လွန်ခဲ့သော ၁၄ ရက်အတွင်းထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နှီးနွယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ပိုးတွေ့လူနာလျော့နည်းလာသည့်အတွက် အထက်ပါနေရာများအား Stay at Home အစီအစဥ်မှ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ အချိန်တိုကာလအတွင်း တိုးတက်များပြားလာသဖြင့် အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ် နှင့် ပုသိမ်ကြီး မြို့နယ်တို့အား Stay at Home သတ်မှတ်လိုက်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

 

ယခင်တုန်းက Stay At Home သတ်မှတ်ထားသည့် မြို့နယ်များစာရင်း အပြည့်အစုံ မမှတ်မိ/ မသိရှိပါက  ကြည့်ရှုရန် ထိပါ

 

Stay at Home မြို့နယ်များအဖြစ်မှ ပယ်ဖျက်လိုက်သော မြို့နယ်များစာရင်း


ရန်ကုန်တိုင်းဒေသကြီး
------------
ဆိပ်ကြီးခနောင်တိုမြို့နယ် ( ရပ်ကွက်ကျေးရွာအချို့ချန်လှပ်)
တွံတေးမြို့နယ် ( ရပ်ကွက်ကျေးရွာအချို့ချန်လှပ်)
ကွမ်းခြံကုန်းမြို့နယ် ( ရပ်ကွက်ကျေးရွာအချို့ချန်လှပ်)


ပဲခူးတိုင်းဒေသကြီး
---------
က ဝ မြို့နယ်
သနပ်ပင်မြို့နယ်


မန္တလေးတိုင်း ဒေသကြီး
-------------
အမရပူရမြို့နယ် ( ရပ်ကွက်ကျေးရွာအချို့ချန်လှပ် )


မွန်ပြည်နယ်
------------
မော်လမြိုင်မြို့နယ်
ဘီးလင်းမြို့နယ်


ဧရာ၀တီတိုင်းဒေသကြီး
--------------
ဖျာပုံမြို့နယ်
မအူပင်မြို့နယ်


ကချင်ပြည်နယ်
---------------
ဖားကန့်မြို့နယ်
မိုးညှင်းမြို့နယ်


 

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်သော-
အမိန့်အမှတ် ၁၅၅ /၂၀၂၀
ရန်ကုန်တိုင်း ဒေသကြီး

အမိန့်အမှတ် ၁၅၆ /၂၀၂၀
မွန်ပြည်နယ်


အမိန့်အမှတ် ၁၅၇ /၂၀၂၀
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်

အမိန့်အမှတ် ၁၅၈ /၂၀၂၀
ပဲခူး တိုင်းဒေသကြီး

အမိန့်အမှတ် ၁၅၉ /၂၀၂၀
ဧရာဝတီ တိုင်းဒေသကြီး

အမိန့်အမှတ် ၁၆၀ /၂၀၂၀
ကချင်ပြည်နယ်

အမိန့်အမှတ် ၁၆၁ /၂၀၂၀
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး မြို့နယ်များ



 

 

 

Read times Last modified on Monday, 28 December 2020 09:52
Rate this item
(0 votes)