What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 March 2020 12:38

BPI က ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများ တိုးမြှင့်ထုတ်လုပ်

ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) BPI က COVID-19 ရောဂါကာကွယ်ရေးအတွက် ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများကို ယခင်ကထက် ပိုမိုတိုးမြှင့် ထုတ်လုပ်လျက်ရှိေကြောင်း အဆိုပါ ဆေးဝါးစက်ရုံ (အင်းစိန်) မှ သိရသည်။

 

"အခုက ပုံမှန်ထက်ကို နှစ်ဆလောက် ပိုထုတ်နေပါတယ်။ အင်းစိန် BPI ဆေးဝါးစက်ရုံရှေ့မှာရှိတဲ့ ဆေးအရောင်းဆိုင်ကနေ အရက်ပြန်ဆို လိုသလောက် ရောင်းပေးနေပါတယ်။ လက်သန့်ဆေးကတော့ တစ်ဦးတစ်ယောက်တည်းက အများကြီးဝယ်နေတာရှိတော့ လူတစ်ဦးကို တစ်ဘူးနှုန်းနဲ့ ရောင်းပေးနေပါတယ်။ စက်ရုံရောင်းဈေးအတိုင်း ရောင်းချပေးနေပါတယ်။ ဈေးတင်ရောင်းတာ မရှိပါဘူး၊ အရက်ပြန်ကတော့ တော်တော်လေးရောင်းပေးရပါတယ်" ဟု ဆေးဝါးစက်ရုံ (အင်းစိန်) BPI မှ စက်ရုံမှူး ဒေါက်တာခင်ပြုံးလွင်က ပြောသည်။

 

ဆေးဝါးစက်ရုံ (အင်းစိန်) BPI မှ ထုတ်လုပ်လျက်ရှိသော အရက်ပြန်နှင့် လက်သန့်ဆေးရည်များသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်း GMP guide line အတိုင်း ထုတ်လုပ်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ဈေးကွက်အတွင်း ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်း စက်ရုံမှူးထံမှ သိရသည်။

 

စက်ရုံမှူး ဒေါက်တာခင်ပြုံးလွင်က "BPI ဆေးဝါးစက်ရုံအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမှာစာအတိုင်း ဆေးဝါးတွေကို ထုတ်လုပ်ပေးနေပါတယ်။ ပဋိဇီဝဆေးတွေကိုလည်း တောက်လျှောက် ထုတ်ပေးနေပါတယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်ဖြစ်လာတဲ့ အချိန်မှာ ကျွန်မတို့ BPI ဆေးဝါးစက်ရုံ ဝန်ထမ်းတွေအနေနဲ့ နေ့၊ ည အဆိုင်းတွေတိုးပြီး ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိလည်း မူလထုတ်လုပ်မှုထက်ပိုပြီး ဆေးဝါးတွေကို ထုတ်လုပ်လျက်ရှိပါတယ်။ ဆေးဝါးလိုအပ်ချက်ကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်" ဟု ပြောသည်။

 

ဆေးဝါးစက်ရုံ (အင်းစိန်) BPI မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်၊ ကာကွယ်ကုသဆေးနှင့် အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုးအစား ၁၈၀ ကျော်ကို ထုတ်လုပ်ပေးလျက်ရှိပြီး လက်သန့်ဆေးရည်ကို 50 mL ၊ 500 mL ၊ 4 Liters ဘူးများဖြင့် ထုတ်လုပ်လျက်ရှိပြီး အရက်ပြန်ဆေးဘူးများကို 100 mL ၊ 500 mL ဘူးများဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သည့် အရက်ပြန်ှနှင့် လက်သန့်ဆေးရည်များ ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ဝယ်ယူမှုများခဲ့ကြောင်း ဈေးကွက်အတွင်းက သိရသည်။


MOI

Read times
Rate this item
(0 votes)