What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 04 January 2021 14:50

COVID-19 နဲ့ အတူနေဖို့ အကြောင်းသိ

COVID-19 နဲ့ အတူနေရမယ့်ကာလကို ဖြတ်သန်းနေချိန်မှာ John Hopkins Hospital က အလွန် အသုံးတည့်တဲ့ အချက်အလက်တွေ အသိပေးခဲ့ပါတယ်။ အသိအမြင် ဗဟုသုတတွေ အများကြီး ရသွားစေပြီး ဘယ်လိုကာကွယ်ရမလဲဆိုတာအတွက် ဘာကြောင့်လဲဆိုတာ သိနားလည်သွားစေပါတယ်။

 

တစ်ဦးချင်းအရ စီးချင်းထိုးနေရတဲ့အဖြစ်မှာ အင်မတန် အကျိုးရှိတဲ့ အချက်အလက် အသိပေးချက်တွေ ဖြစ်လို့ မျှဝေပေးလိုက်ပါတယ်။ပြည့်ပြည့်စုံစုံ တင်ပြထားတာမို့ ရှည်ရှည်လျားလျား ဖြစ်နေပေမဲ့ ဖတ်ရှုပြီးတဲ့အခါ Covid-19 ကာကွယ်ရေး နည်းလမ်းတွေကို နားလည်သဘောပေါက်သွားပြီး ဆရာကျကျ ကာကွယ်နိုင်သွားမှာ ဖြစ်ပါတယ်။

 

● ကိုဗစ်ဗိုင်းရပ်စ်ဟာ သက်ရှိဇီဝရုပ် မဟုတ်ပါဘူး။ သူက ပရိုတင်းမော်လီကျူး (RNA သို့မဟုတ် DNA) ဖြစ်ပြီး အဆီလွှာနဲ့ လွှမ်းခြုံပြီး အကာအကွယ် ယူထားပါတယ်။ အဲဒီ မော်လီကျူး အမှုန်မွှားက မျက်စိ၊ နှာခေါင်း၊ ပါစပ်တို့ဆီ ရောက်လာတဲ့အခါ ရှိနေတဲ့ ဆဲလ်က စုပ်ယူသိမ်းဆည်းလိုက်တယ်။ မျိုးရိုးဗီဇကုဒ်ကို ပြောင်းလဲလိုက်တယ်။ ရန်ပြုမယ့် ဆဲလ်တွေ နောက်ထပ် ပွားမယ့်ဆဲလ်တွေ အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားတယ်။

 

● ဒီတော့ ဗိုင်းရပ်စ်က သက်ရှိဇီဝရုပ် မဟုတ်၊ ပရိုတင်း မော်လီကျူးတစ်မျိုးသာ ဖြစ်တာကြောင့် သူ့မှာ အသက်မရှိတာမို့ သူ့ကို သတ်လို့ မရပါဘူး။ သတ်စရာ အသက် သူ့မှာ မရှိပါဘူး။

 

● သူက သူ့သဘောသူဆောင်ပြီး ယိုယွင်းပျက်စီးပါတယ်။ ကြာချိန်ကတော့ အပူချိန်၊ စိုထိုင်းစ၊ သူ ရောက်ရှိနေတဲ့ ပစ္စည်းတို့အပေါ်မှာ မူတည်ပြီး ကွဲပြားပါတယ်။

 

● ဗိုင်းရပ်စ်က အထိမခံ ပျက်စီးလွယ်ပါတယ်။ သူ့ကို ကာကွယ်ပေးထားတာက အဆီအလွှာ ပါးပါးလေး ဖြစ်ပါတယ်။

 

အဲဒီ အဆီလွှာ မရှိရင် ဗိုင်းရပ်စ် ပျက်စီးသွားပါတယ်။ ဆပ်ပြာ၊ အရက်ပျံ တွေဟ အဆီလွှာကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံး လက်နက်တွေ ဖြစ်ပါတယ်။ ဆပ်ပြာအမြှုပ်က အဆီလွှာကို ပြတ်တောက်အောင် ဖြတ်ပစ်တယ်။ အဲဒီအတွက် စက္ကန့် ၂၀ နဲ့အထက် ဆေးကြောဖို့ လိုအပ်တာ ဖြစ်ပါတယ်။ အဆီလွှာ ပျော်ဝင်သွားပြီးတဲ့အခါ ပရိုတင်းမော်လီကျူး အစိတ်စိတ်အမွှာမွှာ ကွဲကြေပြီး ပျက်စီးသွားပါတော့တယ်။ မှတ်သားထိုက်တာက စက္ကန့် ၂၀ တော့ အနည်းဆုံး ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

 

● အဆီလွှာ ပျော်ကျ ပျက်စီးစေတဲ့ တခြားနည်လးမ်းတွေမှာ တစ်ခုက အပူဓာတ် ဖြစ်ပါတယ်။ ရေပူပူ ၇၇ ဒီဂရီ စဲစီးယပ်စ်အထက်မှာ လက်ဆေးခြင်း၊ အဝတ်လျှော်ခြင်း၊ မျက်နှာပြင် ဆေးကြောခြင်းတွေ လုပ်ကြရတယ်၊ ရေပူရင် ဆပ်ပြာ၊ ချေးချွတ်မှုန့်တို့က အမြှုပ်ပိုထွက်တော့ ထိရောက်မှု ပိုရှိစေပါတယ်။

 

● အရက်ပျံ ၊ အရက်ပျံရောထားတဲ့အရည်ဆိုရင် အရက်ပျံ အနည်းဆုံး ၆၅% ပါဝင်ဖို့ လိုတယ်။ အရက်ပျံက အဆီတွေ အကုန်လုံးကိုု အရက်ပျံမှာ ပျော်ဝင်စေတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်ကို အခွံသဖွယ် ကာကွယ်ပေးထားတဲ့ အဆီဓာတ်ပေါင်းအလွှာကို ပျော်ဝင်စေပါတယ်။

 

● အစွန်းချွတ်ဆေး အရောင်ချွတ်ဆေး bleach ပါတဲ့အရည်ဆိုရင် bleach ၁ ဆ ရေ ၅ ဆ ရောထားတဲ့ အရည် ဖြစ်ရင် ပရိုတင်းကို တိုက်ရိုက် ဖျော်ချဖျက်ဆီး ပစ်ပါတယ်။ အတွင်းကနေ အပြင်ကို ပျက်စီးပြီး ထွက်ကျလာစေမှာ ဖြစ်ပါတယ်။

 

● ရေမှာ အောက်ဆီဂျင်ဓာတ်ငွေ့ ဖြည့်ထည့်ထားရင် ဆပ်ပြာ။ အရက်ပျံ၊ ကလိုရင်းတို့ရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုထိရောက်စေပါတယ်။ ဗိုင်းရပ်စ်ရဲ့ ပရိုတင်းကို ပါအောက်ဆိုဒ်က ဖျော်ချပစ်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေပြားကို ပျက်စီးစေတတ်ပါတယ်။ နည်လးမ်းတစ်ခု အဖြစ်ဖြင့်သာ အသိပေးခြင်း ဖြစ်ပါတယ်။

 

● ဗိုင်းရပ်စ်က သက်ရှိဇီဝရုပ် မဟုတ်လို့ သတ်ဖို့ သတ်စရာ အသက် သူ့မှာ မရှိဘူး။ ဘက်တီးရီယား ပိုးသတ်ဆေးBACTERICIDE ၊ ပဋိဇီဝဆေး ANTIBIOTIC တွေ အလုပ်မဖြစ်ဘူး။ ဗိုင်းရပ်စ်ဟာ ဘက်တီးရီးယား မဟုတ်။ အသက်မရှိတာကြောင့် ANTIBIOTIC ကလည်း သတ်စရာ အသက်မရှိလို့ ဘာမှ လုပ်မပေးနိုင်ဘူး။

 

● အဆီဖုံးကာထားတဲ့ မော်လီကျူးအဖြစ် တည်ရှိနေတဲ့ ဗိုင်းရပ်စ်ဟာ ပိုအေးတဲ့အခါ ပိုတည်တံ့တယ်။ ပိုတည်ငြိမ်တယ်။ အိမ်မှာ ကားထဲမှာ အဲကွန်း လေအေးပေးစက်ဖြင့် အေးအောင် လုပ်ထားရင် သူ့အတွက် ပိုကောင်းနေစေပါတယ်။ သူ တည်တည်ငြိမ်ငြိမ် ရပ်တည်နေဖို့ စိုထိုင်းမှုလည်း လိုအပ်တယ်။ မှောင်နေဖို့လည်း လိုအပ်တယ်။ ဒီတော့ လင်းလင်းချင်းချင်း ခြောက်ခြောက်သွေ့သွေ့ နွေးနွေးထွေးထွေး ပတ်ဝန်းကျင်တွေက ဗိုင်းရပ်စ် ယိုယွင်းပျက်စီးမှု ပိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။

 

● ခရမ်းလွန်ရောင်ခြည်တန်း UV LIGHT လို ရောင်ခြည်တန်းတွေက ဗိုင်းရပ်စ်ရဲ့ ပရိုတင်းကို ပြိုကွဲစေပါတယ်။ ရောင်ခြည်တန်း သုံးရင် သတိထားပါ။ အရေပြားမှာ ရှိနေတဲ့ ပရိုတင်း တစ်မျိုး ဖြစ်တဲ့ ကောလာဂျင် collagen ကိုလည်း ပြိုကွဲစေမှာ ဖြစ်ပါတယ်။ မကောင်တာလည်း ထိ ကောင်းတာလည်း ထိ ထိကုန်မှာပါ။

 

● ဗိုင်းရပ်စ်က ကောင်းမွန်တဲ့ အရေပြားကို ဖောက်ပြီး မဝင်နိုင်ပါဘူး။

 

● ရှာလကာရည်ဟာ အက်စစ်တစ်မျိုး ဖြစ်ပေမဲ့လည်း ဗိုင်းရပ်အခွံ အဆီလွှာကို ပြိုကွဲအောင် မလုပ်တာကြောင့် ရှာလကာရည် အသုံးမဝင်ပါဘူး။

 

● အရက်မှာ အရက်ပျံပါတာ မှန်ပေမဲ့ ဗိုင်းရပ်စ်ကို ဖျက်ဆီးဖို့ မပြင်းထန်ပါဘူး။ ဗော့ဒါအရက်မှာ အရက်ပျံ ပါဝင်နှုန်းက ၄၀% ပဲ ရှိပါတယ်။ လိုအပ်တာက အနည်းဆုံး အရက်ပျံ ၆၅% ပါဝင်ရမှာ ဖြစ်ပါတယ်။

 

● ပါးစပ် အာခံတွင်း ဆေးတဲ့ ဆေးရည် LISTERINE ဟာ အရက်ပျံ ၆၅% ပါဝင်တဲ့ အရည် ဖြစ်ပါတယ်။ မလိုအပ်ပါက အသုံးမပြုသင့်ပါ။ ဆရာဝန်ညွှန်ကြားအချက်အတိုင်းသာ အသုံးပြုသင့်ပါတယ်။

 

● နေရာတစ်ခုက လေလုံနေရင် ဗိုင်းရပ်စ်တွေ စုမိနေဖို့ ပိုဖြစ်နိုင်စေပါတယ်။ သဘာဝအလျောက် လေဝင်လေထွက်ကောင်း၊ ဟင်းလင်းပွင့်နေတဲ့ နေရာတွေမှာ ဗိုင်းရပ်စ်တွေ စိုမိဖို့ ဖြစ်နိုင်ခြေ ပိုနည်းပါတယ်။

 

● တစ်ခုခုကို ထိတွေ့ ကိုင်တွယ်ပြီးရင် လက်ဆေးပါ။ တစ်ခုခုကို ကိုင်တွယ်တော့မယ်ဆိုရင်လည်း လက်ဆေးပါ။ ဥပမာ နှုတ်ခမ်း ပါးစပ်တစ်ဝိုက်၊ စားစရာ၊ သော့ခလောက်၊ တံခါး လက်ကိုင်ဘု၊ ပြတင်းပေါက် လက်ကိုင်၊ မီးခလုတ်၊ ရီမုဒ်ကွန်ထရို၊ ဖုန်း၊ လက်ပတ်နာရီ၊ ကွန်ပျူတာ စသည်များ၊။ မျက်နှာသစ်မယ်ဆိုရင် လက်နှစ်ဖက်ကို သေသေချာချာ အရင်ဆေးကြောပါ။

 

● လက်ခဏခဏ ဆေးတော့ လက်က အရေပြား ခြောက်သွေ့ပြီး အက်ကြောင်းပေါ်တယ်။ အက်ကြောင်းထဲမှာ မော်လီကျူးတွေ ခိုအောင်းနေတတ်တယ်။ မျက်စိဖြင့် မမြင်သာတဲ့ ကွဲကြောင်းတွေထဲမှာ မမြင်ရတဲ့ မော်လီကျူးဗိုင်းရပ်စ်တွေ ရှိနေမယ်။ ဒီတော့ အရေပြားအတွက် ထုတ်တဲ့ အလှဆီ moisturizer ကို ခပ်ထူထူ လိမ်းပေးသင့်ပါတယ်။

 

● ကိုဗစ်ကာလမှာ လက်သည်းရှည် မထားအပ်ပါဘူး။ ဗိုင်းရပ်စ်တွေ ခိုအောင်းနေမှာမို့ လက်သည်းကို အတိုညှပ်ပါ။

 

ထပ်မံ ဖြည့်စွက်ချက်များအချို့

Dr. Bonnie Henry ဟာ British Columbia အတွက် Provincial Health Officer တစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦး အခုလို ရာထူးတာဝန်ရရှိတာ ပထမဆုံး ဖြစ်ပါတယ်။ သူမက University of British Columbia မှာလည်း တွဲဘက်ပါမောက္ခ ဖြစ်ပါတယ်။ ကူးစက်ရောဂါဗေဒ တတ်ကျွမ်းနားလည်သူလည်း ဖြစ်ပါတယ်။ လူထုကျန်းမာရေးနှင့် ကြိုတင်ကာကွယ်ရေးဆေးပညာမှာ အထူးပြု ဖြစ်ပါတယ်။

 

Dr. Bonnie Henry ရဲ့ အသိပေး ပြောပြတဲ့အချက်များ

၁။ ကျမတို့ COVID-19 နဲ့အတူ လပေါင်းများစွာ နှစ်ပေါင်းအတန်ကြာအထိ နေထိုင်ကြရမှာပါ။ ဒီအချက်ကို မငြင်းပယ်ပါနဲ့။ တုန်လှုပ်ခြောက်ခြားခြင်းလည်း မဖြစ်ပါနဲ့။ အတူနေတတ်ဖို့ ကျမတို့ လေ့လာသင်ယူထားကြပါစို့။်

 

၂။ ဆဲလ် နံရံတွေ ဖောက်ထွင်းဝင်ရောက်ထားတဲ့ COVID-19 ဗိုင်းရပ်စ်တွေကို ကျမတို့ ဖျက်ဆီးလို့ မရပါဘူး။ ဒီတော့ ဆဲလ်နံရံတွေဆီကို ဗိုင်းရပ်စ်မော်လီကျူးတွေ ရောင်မလာအောင် ကျမတို့ လုပ်ကြရပါမယ်။

 

၃၊ လက်တွေကို ဆေးကြောပါ။ အခြားသူတစ်ဦးနဲ့ ၆ ပေကွာမှာ ဝေးကွာအောင် နေပါ။ ဒီနှစ်ချက်ဟာ သင်တို့အတွက် အကောင်းဆုံး ကာကွယ်ရေး နည်းလမ်းတွေ ဖြစ်ပါတယ်။

 

၄၊ အိမ်မှာ COVID-19 လူနာတစ်ဦး မရှိဘူးဆိုရင် အိမ်မှာ ရှိတဲ့ မျက်နှာပြင်တွေကို ပိုးသတ်ဖို့ မလိုပါဘူး။

 

၅။ တကယ်လို့ မတ်စ်တပ်၊ မျက်နှာကာတပ် လက်ဆေးပေးနေမယ်ဆိုရင် ATM မှာ ငွေထုတ်တာကြောင့် ပိုးမကူးပါဘူး။ စူပါမားကက်မှာ ဈေးဝယ်လို့ ရတယ်။

 

၆။ COVID-19 ဟာ အစားအစာကနေ မကူးစက်ပါဘူး။ တံထွေးအမှုန်အစက်ကနေ တုပ်ကွေး ကူးစက်သလိုမျိုး ကူးစက်တာ ဖြစ်ပါတယ်။ (စားသောက်ကုန်မှတစ်ဆင့် မကူးစက်ပေမဲ့ အေးခဲအသားငါးတွေကနေ ကူးစက်တတ်တယ်လို့ ဆိုပါတယ်)

 

၇။ ဗိုင်းရပ်စ် ကူးစက်တာကြောင့် အလာဂျီတွေ ဖြစ်တာ၊ အနံ့ပျောက်တာ ဖြစ်နိုင်ပါတယ်။ COVID-19 ရဲ့ လက္ခဏာ တစ်မျိုး ဖြစ်ပါတယ်။

 

၈။ အိမ်ပြန်ရောက်ရောက်ချင်း အဝတ်အစားတွေ အရေးတကြီး လဲဖို့ မလိုပါဘူး။ ရေချိုးခေါင်းလျှော် လုပ်ဖို့လည်း မလိုပါဘူး။ ကြောင့်ကြလွန်သော စိတ်ဟာ မကောင်းပါ။

 

၉။ COVID-19 ဗိုင်းရပ်စ်က လေထဲ ကြာကြာ မနေပါ။ ကြာကြာပျံဝဲပြီး မနေပါ။ လူမရှိတဲ့နေရာ လေထုထဲကနေ ကူးစက်ဖို့ ခဲယဉ်းတယ်။

 

၁၀။ လေက သန့်တယ်။ လူရှင်းတယ်ဆိုရင် မတ်စ် ခဏတဖြုတ် မတပ်ပဲ လမ်းလျှောက်နေလို့ ရပါတယ်။

 

၁၁။ COVID-19 အတွက် သုံးနေကျ ဆပ်ပြာဆိုရင် လုံလောက်ပါတယ်။ ဘက်တီးရီးယားသတ်တဲ့ ဆပ်ပြာမျိုး မလိုပ်ပါ။ ကိုဗစ်က အသက်မရှိတဲ့ ဗိုင်းရပ်စ် ဖြစ်ပါတယ်။ ဘက်တီးရီးယား မဟုတ်ပါ။

 

၁၂။ စားစရာ မှာစားတာတွေအတွက် ပူပန်စရာ မလိုပါ။ လာပို့တဲ့သူနဲ့ ထိတွေ့တဲ့အခါ သတိပြုဖို့တော့ လိုပါတယ်။ စားစရာကို စိတ်မသန့်ရင် ပြန်နွှေးပြီး စားလိုက်ပါ။

 

၁၃။ ဖိနပ်မှာ COVID-19 ကပ်ပါလာနိုင်သလားဆိုတော့ ပါလာနိုင်ပါတယ်။ ဒါပေမဲ့ အလွန်ခဲယဉ်းပါတယ်။ တစ်နေ့တည်းမှာ မိုးကြိုး နှစ်ကြိမ် ပစ်ခံရဖို့ ခဲယဉ်းသလိုမျိုး အင်မတန် ဖြစ်ခဲပါတယ်။ ဗိုင်းရပ်စ်တွေကို ရင်ဆိုင်ရတဲ့ အလုပ်ကိုကျမ အလုပ်လုပ်လာတာ နှစ်ပေါင်း ၂၀ ရှိပြီ။ တံထွေးစင်ရာမှ ကူးစက်တာမျိုးက ဖိနပ်တွေကနေ ကူးစက်ဖို့ ခဲယဉ်းလွန်းလှပါတယ်။

 

၁၄။ ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ရှာလကာရည်၊ ကြံရည်နဲ့ ဂျင်းတို့ကို သုံးလို့ မရပါဘူး။ အဲဒါတွေက ကိုယ်ခံစွမ်းအားအတွက်ပါ။ ကုသတာ မဟုတ်ပါဘူး။

 

၁၅။ မတ်စ်ကို အကြာကြီး တောက်လျှောက် ဝတ်ထားတာ အသက်ရှူခြင်းကို အနှောက်အယှက် ဖြစ်စေပြီး အောက်ဆီဂျင် ရရှိမှု ရေချိန်ကို လျော့ကျစေပါတယ်။ လူစုလူဝေး ရှိတဲ့အခါမှာသာ မတ်စ်ကို ဝတ်ဆင်ထားပါ။

 

၁၆။ လက်အိတ် ဝတ်တာ မကောင်းပါ။ ဗိုင်းရပ်စတွေ လက်အိတ်ပေါ်မှာ စုဝေးနေနိုင်ပါတယ်။ လက်အိတ်ဝတ်ထားရင် စိတ်ထဲ လက်အိတ်တဝ်ထားလို့ စိတ်ချက်လက်ချ ဖြစ်မိရင်း မျက်နှာကို ထိမိရင် ပိုးကူးခံရပါလိမ့်မယ်။ လက်အိတ်ဝတ်ထားတာကြောင့် လက်မဆေးဖြစ်တော့ဘူး။ ဒီတော့ လက်အိတ်တွေ မဝတ်ပါနဲ့။ လက်ကိုသာ မှန်မှန် ဆေးကြောပေးပါ။

 

ရေရှည်အတွက်ဆိုရင် ကိုယ်ခံစွမ်းအားကို လေ့ကျင့်ပျိုးထောင်ပေးနေဖို့ လိုအပ်တယ်။ ပိုးသတ်ထားတဲ့ နေရာတွေမှာပဲ နေတာ များ လာရင် ကိုယ်ခံစွမ်းအား ညံ့ဖျင်းလာပါတယ်။ ကိုယ်ခံစွမ်းအား တက်စေမယ့် အစားအစာတွေစားလည်း မရပါဘူး။ လူက နုနုနယ်နယ် ဖြစ် သွားပါတယ်။ ဒီတော့ ရောဂပစ္စယ PATHOGENS တွေနဲ့ ထိတွေ့ပေးခြင်းဖြင့်သာ ကိုယ်ခံစွမ်းအား အရည်အသွေး မြင့်တက်စေပါတယ်။

 

အိမ်ထဲမှာချည်း မနေပါနဲ့။ အပြင်လည်း ထွက်ပေးပါ။ အိမ်မှာ ထိုင်ပြီး စားစရာတွေ မှာစား။ စားချင်တာတွေ ချက်ပြုတ်စားသောက်ပြီး မနေပါနဲ့။ ပန်းခြံလို ဟင်းလင်းပွင့် လေဟာပြင် နေရာမျိုးတွေကို သွားပေးပါ။

 

စမတ်ကျဖို့ လိုပါတယ်။ သိသင့်တဲ့ ဗဟုသုတတွေ သိဖို့ နားလည်ထားဖို့ လိုပါတယ်။

Read times Last modified on Monday, 04 January 2021 15:31
Rate this item
(1 Vote)