What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 September 2021 21:12

ကိုဗစ် ဆေး ၃ကြိမ်ထိုးနှံမယ့် အစီအစဉ်များ

ကိုယ်ခံအားစနစ် အပြင်းအထန် အားနည်းနေသူ ၅၀၀,၀၀ ခန့်ကို ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးဖို့ ဗြိတိသျှ အစိုးရက စီစဉ်နေပါတယ်။

ယခု စက်တင်ဘာလအတွင်း စတင်နိုင်ရန် ပြင်ဆင်နေပြီး ဆေးနှစ်ကြိမ် ထိုးပြီးတဲ့နောက်မှာ ကိုယ်ခံအား တုံ့ပြန်မှု လုံလုံလောက်လောက် မရရှိတဲ့သူတွေကို တတိယအကြိမ် ထိုးနှံပေးမှာ ဖြစ်ပါတယ်။
အသက် ၁၂ နှစ်နဲ့အထက်ကို ထိုးပေးမှာ ဖြစ်ပြီး သွေးကင်ဆာ ဖြစ်နေသူများ၊ ခွဲစိတ်ကုသမှု ခံယူထားသူများ၊ ကိုယ်ခံအားနည်း ရောဂါရှိသူများလည်း ထိုးနှံပေးမယ့် စာရင်းမှာ ပါဝင်တယ်။

တတိယအကြိမ် ထိုးနှံတာမှာ Oxford/AstraZeneca ကို ထိုးပေးမှာ မဟုတ်ဘဲ mRNA နည်းပညာ အခြေခံ ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ရေးထိုးဆေး အမျိုးအစား ဖြစ်တဲ့ BioNTech/Pfizer သို့မဟုတ် Moderna ကို ထိုးပေးမှာ ဖြစ်ပါတယ်။ အသက် ၁၂ မှ ၁၇ နှစ်အတွင်း ရှိသူတွေကို Pfizer ထိုးပေးဖို့ ရည်ရွယ်ထားတယ်။
တတိယအကြိမ် ဆေးထိုးနှံမှု ခံယူမယ့်သူဟာ ဒုတိယအကြိမ် ဆေးထိုးပြီးတာ အနည်းဆုံး သီတင်းပတ် ၈ ပတ် ကြာမြင့်ပြီးသူ ဖြစ်ရပါမယ်။
ကိုယ်ခံအားစနစ် အားလျော့ကျနေသူတွေမှာ အချို့က ဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့ ပဋိပစ္စည်းများ antibodies လုံးဝ မထုတ်လုပ်နိုင်တာကို တွေ့ရပါတယ်။

အစ္စရေးနိုင်ငံမှာတော့ အသက် ၄၀ အထက်ကို တတိယအကြိမ် ထိုးနှံခြင်း စတင်နေပြီ ဖြစ်ပါတယ်။

အစ္စရေးတွင် ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးမှ ဆေးအပြည့်ထိုးပြီးသူဟု သတ်မှတ်

အမေရိကန်နိုင်ငံမှာတော့ ဒုတိယအကြိမ် ထိုးနှံပြီးတဲ့နောက် ရှစ်လအကြာမှာ တတိယအကြိမ်ကို ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။

ဂျာမနီနဲ့ ဆွီဒင်တို့ကတော့ ယူကေမှာ ကျင့်သုံးတဲ့မူအတိုင်း ကိုယ်ခံအားစနစ် အားလျော့ကျနေသူတွေကို တတိယအကြိမ် ထိုးပေးသွားမယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံမှာ အသက် ၆၀ နှစ်နဲ့အထက်၊ သူနာပြုအစောင့်အရှောက်ဖြင့် တစ်သက်လုံး နေထိုင်ရသူများ၊ ကိုယ်ခံအားလျော့ကျနေသူများကို တတိယအကြိမ် ထိုးနှံပေးသွားမယ်လို့ အသိပေးကြေညာထားပါတယ်။

Read times
Rate this item
(0 votes)